ARTICLE

“အနိမ့်ဆုံးလုပ်ခ မတရားမတိုးအောင် ဖျက်မြင်းလုပ်တာလို့ မြင်တယ်။”

CoverLogo
1.1K Views

“အနိမ့်ဆုံးလုပ်ခ မတရားမတိုးအောင် ဖျက်မြင်းလုပ်တာလို့ မြင်တယ်။” 
(သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် -STUM က တာဝန်ရှိသူ)

လက်ရှိမှာ တစ်ရက် အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ် သတ်မှတ်ထားပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် တစ်ရက်လုပ်ခကို ကျပ် ၅၆၀၀ အထိ တိုးမြှင့်ပြီး စက်ရုံအလုပ်ရုံတွေ (အထည်ချုပ် အများစု) အလုပ်ခေါ်ယူမှုတွေ ရှိလာပါတယ်။

ဒီနောက်မှာ လည်ပတ်နေဆဲ စက်ရုံတွေကလည်း မူရင်း လုပ်ခ လစာထက် တိုးမြှင့်ပေးတဲ့ စက်ရုံတွေ ရှိသလို တချို့သော စက်ရုံတွေက အလုပ်သမားတွေကတော့ လုပ်ငန်းခွင်အတွင်း သပိတ်မှောက် တောင်းဆိုခဲ့ကြတာပါ။

ဒီလိုတောင်းဆိုမှုတွေကြောင့် အလုပ်သမားတချို့ အလုပ်ထုတ်ခံရတဲ့အထိ ဖြစ်ပေါ်ခဲ့ရပါတယ်။

အများစုတောင်းဆိုကြတဲ့ တစ်ရပ်လုပ်ခ ပမာဏကတော့ ကျပ် ၅၆၀၀ ဖြစ်ပါတယ်။

ဒါပေမဲ့ တောင်းဆိုတဲ့ ပမာဏက ဘယ်လိုဖြစ်ပေါ်လာလဲ။ ဘယ်လို အခြေအနေတွေကြောင့်လဲ။ နောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေရှိလဲ ။ အဖွဲ့အစည်းတွေ၊ ကုန်အမှတ်တံဆိပ်တွေနဲ့ စက်ရုံအလုပ်ရုံတွေရဲ့ အကျိုးအမြတ်က ဘာတွေ ဖြစ်မလဲ ဆိုတာကို Myanmar Labour News က သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က တာဝန်ရှိသူကို မေးမြန်းထားပါတယ်။

မေး .... လက်ရှိ အလုပ်သမားတွေ အလုပ်ထုတ်ခံပြီး တောင်းဆိုနေတဲ့ တစ်ရက်လုပ်အားခ ၅၆၀၀ ကျပ် ဆိုတာ ဖြစ်သင့်တဲ့ ပမာဏထက် နည်းတယ်လို့ မြင်ကြပါတယ်။ STUM ရဲ့ ထင်မြင်ချက်ကို ပြောပြပေးပါ။

ဖြေ... ဟုတ်ပါတယ်။ STUM က ကျပ် ၁၀၀၀၀ မှာပဲ ရပ်ပြီးတောင်းနေမှာ ။ ဘာလို့လဲဆိုတော့ တစ်ရက်လုပ်အားခက  ၃ ဒေါ်လာနဲ့ ညီမျှတဲ့ငွေ ဖြစ်ဖို့လိုပါတယ်။
မေး... ဒီလိုတောင်းဆိုတာကြောင့် စက်ရုံအလုပ်ရုံပိုင်ရှင်တွေဘက်က အားလုံး လိုက်လျောမယ်လို့ ထင်ပါ သလား။

ဖြေ... ဒီပမာဏက လက်ဝါးချင်း ရိုက်ထားတာ ဖြစ်နိုင်ပါတယ်။

မေး... ဒီ ၅၆၀၀ ကျပ်က Brand ကုန်အမှတ်တံဆိပ်အတွက် အကျိုးရှိနေတုန်းလား ။

ဖြေ... သိပ်ရှိတာပေါ့။ ခဲတစ်လုံးတည်းနဲ့ ငှက် ၂ ကောင် ထိအောင် ပစ်ထားတာ။

မေး... အခုတောင်းဆိုထားတဲ့ ၅၆၀၀ ကျပ် ပေးတယ်ဆိုရင်ပဲ စက်ရုံအလုပ်ရုံပိုင်ရှင်တွေရဲ့ အကျိုးအမြတ်က ဘယ်လောက် တောင် ကြီးမားနေလဲ။

ဖြေ... ကျပ် ၄၈၀၀  ကို မတိုးဘဲ ၃ နှစ် အသာစီးယူထားတာရယ်၊ ဒီငွေလောက်လေးနဲ့ နောက်ထပ် နှစ်တွေ အကြာကြီး မှိန်းနေလို့ရသေးတာတွေက အကျိုးအမြတ်တွေပါပဲ။ 
မေး... အနည်းဆုံးလုပ်အားခကို မပြုပြင်ဘဲ အခုလိုတိုးပေးတာ ဥပဒေကို ချိုးဖောက်ပါသလား။
အလုပ်ရှင်တွေက   ဥပဒေနဲ့ အညီ အနည်းဆုံးလုပ်အားခတိုးနိုင်တဲ့  အခွင်အရေးတွေ ရှိပါသလား။

ဖြေ.... ဥပဒေ ကို မချိုးဖောက်ပါဘူး။ ဒါက အနည်းဆုံးလုပ်အားခကို တိုးတာ မဟုတ်ဘူး။ သူ့စက်ရုံရဲ့ ဝယ်လိုအား အရ လုပ်အားခကို တိုးမြှင့်ပေးတာ ဖြစ်တယ်။

မေး... အနည်းဆုံးလုပ်အားခလို့ ကို ဘာအကြောင်းကြောင့် ပြုပြင်မှုတွေ မလုပ်တာလဲ ။ ထင်မြင်ချက်ပေးပါလား။

ဖြေ... အမျိုးသားအဆင့်ကော်မတီ အသက်မဝင်လို့ပါ။

မေး... လက်ရှိ အနည်းလုပ်အားခကို ၅၆၀၀ ထပ်များတဲ့ ပမာဏာကို ပြုပြင်လိုက်ရင်ရော အလုပ်သမားတွေနဲ့ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေ ကြားမှာ ပြေလည်သွားနိုင်သလား။ ရှင်းပြပေးပါ။
ဖြေ... တိုးပေးလို့ ရပါတယ်။ ခု အလုပ်သမားထုကြား ပျံ့နှံ့နေတဲ့ ၅၆၀၀ ဆိုတာ အနိမ့်ဆုံးအခ ကြေးငွေ မဟုတ်ပါဘူး။ စက်ရုံရဲ့ လိုအပ်ချက်အရ ထွက်လာတဲ့ အခကြေးငွေ။ ဒါကို တချို့သောအဖွဲ့တွေက စက်ရုံကသမဂ္ဂတွေကို ဆန္ဒပြတောင်းခိုင်း လိုက်တော့ တာပဲ။ အနိမ့်ဆုံးလုပ်အားခလို ဖြစ်နေတာပါ။

မေး... တကယ်လို့ ၅၆၀၀ ကနေ  နောက်ထပ် ၂ နှစ်လောက်အထိ ထပ်တိုးမပေးဘူးဆိုရင် အလုပ်သမားတွေ အခက်အခဲက ဘယ်လို အတိုင်းအတာအထိ ဖြစ်လာနိုင်သလဲ ။  ပြောပြပေးပါ။

ဖြေ... အိမ်နီးချင်းနိုင်ငံတွေထွက်သွားမှာပေါ့။ ဘာမှ မလုပ်တတ်တဲ့လူပဲ ကျန်ခဲ့လိမ့်မယ်။ ဒါပေမဲ့ အရည်သွေးမြင့်လုပ်သား( skill Labour) ရဲ့ ဈေးက မြင့်ပါတယ်။ ဆယ်သိန်းနဲ့ ဆယ်သိန်းအထက်မှာ စူပါ နဲ့ အောစူပါ (ကြီးကြပ်ရေး)တွေ က ရ နေတယ်လေ။

မေး... MayDay statement မှာ တစ်ရက်လုပ်အားခက ၁၀၀၀၀ ကျပ်အထိ တောင်းဆိုတာ ရှိတယ် ။ ဒီပမာဏက စက်ရုံ အလုပ်ရှင်တွေဘက်က ထိခိုက်မှုရှိနိုင်သလား ။

ဖြေ... မရှိနိုင်ပါဘူး။ သူတို့ရတာ ဒေါ်လာနဲ့လေ။ buyer (အမှာတွေ) က မြန်မာငွေ ပေးတာမှ မဟုတ်ဘဲ။

မေး... အခုတောင်းဆိုမှုတွေရဲ့ နောက်ကွယ်မှာ အလုပ်သမားအဖွဲ့အစည်းချို့၊ ကုန်အမှတ်တံဆိပ်နဲ့ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေ ပါဝင်နိုင်ပါသလား။ သူတို့ရဲ့ အကျိုးအမြတ်တွေက ဘာတွေဖြစ်နိုင်သလဲ။

ဖြေ... အနိမ့်ဆုံးလုပ်ခ မတရားမတိုးအောင် ဖျက်မြင်းလုပ်တာလို့ မြင်တယ်။ ဇာတ်တူသား စားတာပဲ။ အောက်တန်းကျတယ်။ Yellow Union (ယောင်ဆောင်သမဂ္ဂ) တွေ ကျဆုံးပါစေ။

မေး... ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပြပေးပါခင်ဗျား။
ဖြေ.. အလုပ်ပြုတ်ခံပြီး ဆန္ဒတွေပြမယ်ဆိုရင် ၅,၆၀၀ နဲ့တော့ သိက္ခာကျခံ မပြကြပါနဲ့။ ပြမဲ့ပြတော့ ၁၀,၀၀၀ ကျပ်ပဲ တောင်းကြ ပါလို့ ဆန္ဒပြနေတဲ့အလုပ်သမားတွေကို ပြောချင်ပါတယ်။

#MyanmarLabourNews


Related posts

Cover
လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ် (အတွေးအမြင်)
Mar 15, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
"မေတ္တာနဲ့ အသိအမှတ်ပြုမှု တောင်းဆိုခြင်း - လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဝန်းကျင်တစ်ခု"
Mar 08, 2026
Cover
Pad သည် စစ်လက်နက်မဟုတ်သလို၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါ
Mar 06, 2026
Cover
၁၂,၀၀၀ ကျပ်က ဇိမ်ခံဖို့ မဟုတ်၊ အသက်ဆက်ဖို့
Feb 26, 2026
Cover
တစ် နဲ့ တစ် ပေါင်းပြီး သုည ဖြစ်နေတဲ့ လူသားတန်ဘိုး ဆုံးရှုံးမှု၊ ဆင်းရဲမှု သံသရာ နဲ့ လူမှု တရားမျှတမှု
Feb 20, 2026
Cover
ပျောက်ဆုံးနေသည့် အနာဂတ်များ
Feb 12, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026