NEWS

ဧည့်စာရင်းမိတ္တူတွေ ရပ်/ကျေးသို့ပေးပို့ရန်လိုက်လံဆော်သြနေလို့ အလုပ်သမားတွေ စိုးရိမ်နေရ

CoverLogo
456 Views
 
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ရန်ကုန်မြို့ရှိ အလုပ်သမားအများစုနေထိုင်နေတဲ့ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည် သာမြို့နယ်က အဆောင်တွေမှာနေထိုင်သူတွေရဲ့ ဧည့်စာရင်းတိုင်ကြားထားတဲ့စာရွက်မိတ္တူတွေကို မဖြစ်မနေ ပေးဆောင်ဖို့ လိုက်လံဆော်သြနေတယ်လို့ ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။
 
"ရွှေပြည်သာက ၅ရပ်ကွက်ရယ် ၆ရပ်ကွက်ရယ် ၅/၆ရပ်ကွက်တွေဘက်တော့ အဆက်သွယ်ရလာတယ်။ ရာအိမ်မှူးတွေကနေလိုက်ပြောနေတာ နောက်ဆုံးတိုင်ကြားထားတဲ့ ဧည့်စာရင်းစာရွက်တွေကို မိတ္တူကူးပြီး ရာအိမ်မှူးတွေဆီမဖြစ်မနေပေးဖို့ ရာအိမ်မှူးတွေကလိုက်ဆော်သြနေတယ်။ အဆောင်တွေမှာက အများစုနေထိုင်ကြ တာက စက်ရုံအလုပ်သမားကများပါတယ်။ အလုပ်သမားတွေအတွက်က ပေါ်တာဆွဲမယ်လူငယ်တွေဖမ်းနေ တယ်ဆိုတာတွေနဲ့တင် စိတ်သောကတွေရောက်နေကြရတာ။ ခုလည်းနောက်ထပ်လာပြန်ပြီ။ အားလုံးကဒီလို တွေဖြစ်ရင် အချိန်ပိုပြဿနာကအရင်တက်လာတယ်"လို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
အလားတူလှိုင်သာယာမြို့နယ်နဲ့ မှော်ဘီမှာလည်း အိမ်ငှားနေထိုင်သူနဲ့အဆောင်နေထိုင်သူတွေကို နောက်ဆုံး တိုင်ကြားထားတဲ့ဧည့်စာရင်းမိတ္တူပေးဖို့ ပြောဆိုတာရှိသလို တစ်အိမ်တစ်ယောက် မဖြစ်မနေစစ်မှု့ထမ်းဖို့နဲ့ ထွက်ပြေးပါကမိသားစုဝင်တွေကိုပါ အရေးယူမယ်လို့ ခြိမ်းခြောက်မှုတွေပါရှိနေတယ်လို့ သိရပါတယ်။
 
"တစ်နေ့က မှော်ဘီကုလားကြီးကုန်းကျေးရွာမှာ တစ်အိမ်တစ်ယောက်စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းလိုက်ကောက်သွားတယ်တဲ့။ ထွက်ပြေးလို့မရဘူး။ ထွက်ပြေးရင်မိသာစုတွေကို နှိပ်စက်မယ်လို့ကို အုပ်ချုပ်ရေးမှူးကပြောသွားတာတဲ့။ ကျွန်မတို့ဆီကို ရွာခံညီမလေးတစ်ယောက်က ဆက်သွယ်ပြောလာတာလို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။
 
စစ်ကောင်စီက ရန်ကုန်က မြို့နယ်အချို့ရဲ့ ရပ်ကွက်တွေမှာ ညပိုင်းအချိန် လူငယ်ဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့၂၀၂၄ နှစ်ကုန် ဒီဇင်ဘာလဆန်းပိုင်းကစလို့ လူငယ်ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတာ မြင်တွေ့ခဲ့ရတာဖြစ်သလို ညပိုင်းတွေမှာအလုပ်သမားတွေရဲ့ အလုပ်ဆင်းချိန်တွေမှာလည်း အခက်အခဲဖြစ်လာတာ ယနေ့အထိတိုင်ဖြစ်နေတယ်လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၁၂ရက်နေ့ကစလို့ သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာ ရွှေပြည်သာ စတဲ့မြို့နယ်တွေက ရပ်ကွက်အချို့မှာ လူငယ်တွေအလုပ်ပြန်ချိန် ညပိုင်းအချိန်တွေမှာ ပေါ်တင်ဖမ်းဆီးခံနေရတာဖြစ်သလို ယခုရက်ပိုင်းတွေမှာ ည၉နာရီဝန်းကျင်အချိန်လောက်ကစပြီး စစ်ဆေးမှုတွေဆက်တိုက်ပြုလုပ်တာကြောင့် အလုပ်သမားတွေနဲ့ စက်ရုံအလုပ်ရုံကအလုပ်သမားတွေအတွက် စိုးရိမ်စရာတွေပါဖြစ်လာကာ ညဘက်အချိန်ပို မဆင်းရဲလို့စက်ရုံတွင်းအခက်အခဲတွေပါကြုံလာရတယ်လို့ သိရပါတယ်။
 
ကျွန်တော်တို့လှိုင်သာယာမှာတော့ အဲလိုခြိမ်းခြောက်တာတွေတော့မရှိသေးဘူး။ ဒါပေမဲ့ ဧည့်စာရင်းစစ်တာ တွေနဲ့ လမ်းသွားလမ်းလာတွေကိုစစ်ဆေးတာကတော့ အသေလုပ်တယ်။ ည၈နာရီဆိုပိုဆိုးတယ်။ တော်ကြာဘာမှ မဟုတ်ဘဲ စစ်ဆေးခံရပြီးစစ်မှုထမ်းရမယ်ဆိုပြီးခေါ်ရင် သေအုံးမယ်။ ကံကပြောလို့ရတာမဟုတ်ဘူး"လို့ အလုပ်သမားတစ်ဦးက မှတ်ချက်ပြုပါတယ်။
 
ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ် တွေကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ဒါဟာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင်စည်းကမ်းနဲ့အညီ ခေါ်ယူခြင်းဖြစ်တယ်လို့ ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောဆိုချက်တွေကြောင့် စက်ရုံအလုပ်သမားတွေအတွက်စိုးရိမ်နေရသလို ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မဲ့အလုပ်သမားတွေမှာလည်း MoU စာချုပ်သက်တမ်းပြည့်ချိန်မှာ စစ်မှုထမ်းဖို့ဆင့်ခေါ်ခြင်းခံရပါက မဖြေမနေစစ်မှုထမ်း ပြန်လာဖို့ကိုလည်း စာချုပ်တွေမှာချုပ်ဆိုနေရမှုတွေကြောင့် စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025