NEWS

ဟွန်ဆန်ကို အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် မြန်မာပြည်သူများက အလွန်ဒေါသထွက်လျက်ရှိတယ်လို့ CRPH သဘောထား ထုတ်ပြန်

CoverLogo
992 Views

စစ်အာဏာသိမ်းပြီးတဲ့​နောက် ၁၁ လ အကြာမှာ ပထမဆုံးအကြိမ်​ရောက်ရှိတဲ့ ရာထူးအဆင့်အမြင့်ဆုံးနိုင်ငံ​ခေါင်း​ဆောင်တစ်ဦး ဖြစ်သလို၊ မြန်မာနိုင်ငံသား​တွေ မလိုလားဆုံး ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ခေါင်းဆောင်တဲ့အဖွဲ့ကို အာဆီယံ ဘုံသဘော တူညီချက် (၅) ချက်အပေါ် လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့ အာဏာသိမ်းခေါင်းဆောင်နှင့်  တွေ့ဆုံဆွေးနွေးမှုအပေါ် မြန်မာပြည်သူများက အလွန်ဒေါသထွက်လျက်ရှိတယ်လို့  CRPH သဘောထား ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ လာရောက်လည်ပတ်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် အာဆီယံအဖွဲ့၏ တိုးတက်မှုများအပေါ် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပေမယ့် မြန်မာပြည်သူလူထုက ယင်းတို့အဖွဲ့ကို အလိုမရှိကြောင်း တခဲနက်ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စပြီး မြန်မာပြည်သူများအပေါ်၌ လူမဆန်သော အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ၎င်းတို့အာဏာ တည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ်အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအား ထုတ်မှုများကို လေးစားလိုက်နာရန် အထူးတိုက်တွန်းတယ်လို့ CRPH သဘောထားကြေညာချက်ထဲမှာ ဖော်ပြတိုက်တွန်းထားပါတယ်။

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026