အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို သက်ညှာထောက်ထားခြင်းမရှိဘဲ ကရင်နီပြည်နယ်အတွင်း စစ်ရေးအရှိန်များတိုးမြှင့်ဆောင်ရွက်လာကာ ၂၀၂၂ ဇန်နဝါရီ ၆ ရက်မှ စတင်ကာ တိုက်ဂျက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များဖြင့် အသုံးပြုတိုက်ခိုက်လာတယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ညတွင် ဒီမောဆိုအနောက်ဖက်ခြမ်း နန်းမယ်ခုံနှင့် ဖရူဆို မြို့အနောက်ဖက်ခြမ်း ဖြစ်သည့် ရခီးဘူး စစ်ရှောင်စခန်းတို့ကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်စခန်းမှ ကလေးငယ် အပါ ၃ ဦးနှင့် ဆေးဝန်ထမ်း ၃ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ထို့ကြောင့် ပြည်သူများအနေနှင့် မိမိတို့အသက်လုံခြုံရေးနှင့် လေကြောင်းရန်ကာကွယ်ရေး အတွက် ဗုံးခိုကျင်းများအပါအဝင် သတိပေးချက်များ ကို အလေးထားပြုလုပ်ရန်နှင့် လိုက်နာရမယ့် အရေးပေါ်အခြေအနေတွေကို ထုတ်ပြန်ထားပါတယ်။
