NEWS

လူငယ်တွေကိုအဓမ္မစစ်မှုထမ်းခေါ်တဲ့ဖြစ်စဉ်တွေ ကနေ ပြန်လည်လွတ်မြောက်နိုင်ရေး ပြည်သူ့ရင်ခွင်သို့ဆက်သွယ်တိုင်ပင်နိုင်

CoverLogo
427 Views

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာစစ်ကောင်စီက လူငယ်တွေကို ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်း ဖမ်းဆီးပြီး စစ်မှုထမ်းစေတဲ့ဖြစ်စဉ်တွေ ပြန်လည်မြင့်တက်လာတာကြောင့် စစ်တပ်က ပြန်လည်လွတ်မြောက် လိုသူတွေအနေနဲ့ ဆက်သွယ်တိုင်ပင်ပြီး အကူအညီ တောင်းခံနိုင်တယ်လို့ ပြည်သူ့ရင်ခွင်-People’s Embrace က ဒီဇင်ဘာလ (၁၂) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

လက်ရှိမှာ စစ်မှုထမ်းဖို့ လူခေါ်ယူရာမှာ လူစားထိုးတာ၊ ငွေကြေးပေးပြီး တိမ်းရှောင်တာတွေ လုပ်ဆောင်မရတော့ ဘူးဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပြီး နေရပ်ကမတိမ်းရှောင်နိုင်တဲ့ အခြေခံလက်လုပ်လက်စား လူတန်းစားတွေ ဟာ စိတ်သောကတွေ မြင့်တက်နေပါတယ်။ 

“သတင်းတွေ့တာပါ။ ကျန်းမာရေးကောင်းတဲ့လူငယ်မှန်သမျှ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာက ပြည်သူ့စစ်မှုထမ်း ဥပဒနဲ့ညီညွတ်တယ်တဲ့၊ အဲဒီတော့ ကျွန်မတို့က အလုပ်သွားလုပ်တဲ့ကလေးတွေကိုကော ဘယ်လိုလွှတ်ရမလဲ။ အလုပ်မလုပ်တော့လည်း စားဝတ်နေရေးက ပိုခက်လာမယ်။ ကိုယ်နေတာက မြို့စွန်ဖြစ်နေတော့ ကလေးတွေ အိမ်ပြန်မရောက်မချင်းလည်း စိတ်ပူရတယ်။ နောက်ကလေးတွေကို ကိုယ်လွတ်ရုန်းပြေးတော့လို့ ပြောနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ သူတို့ရှာတာ စားနေရတော့ တကယ်ကို သောကတွေဝေနေရတာပါ”ရွှေပြည်သာ မြို့နယ်မှာနေထိုင်တဲ့ မိခင်တစ်ဦးက ပြောပါတယ်။ 

ပြည်သူ့ရင်ခွင်-People’s Embrace က သတင်းထုတ်ပြန်ရာမှာ မတရားစစ်မှုထမ်းစုဆောင်းခံရသူတွေထဲက ပြည်သူ့ရင်ခွင်ကို လာရောက်ဆက်သွယ် အကူအညီ တောင်းခံတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ EROs တွေနဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ခေါ်ထုတ်ကယ်ဆယ်ခဲ့တဲ မတရားစစ်မှုထမ်း စုဆောင်းခံရသူတွေထဲမှာတွင် အသက်မပြည့်တဲ့ ကလေးသူငယ် တွေထိ ပါဝင်နေတာကို စိတ်ထိခိုက်ဖွယ် တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ 

“ပြည်သူ့ရင်ခွင်အနေနဲ့ စစ်ရေးတင်းမာမှုနဲ့ နယ်မြေအခြေအနေအရ လာရောက်ဆက်သွယ်တဲ့ လူငယ်တိုင်းကို ရာနှုန်းပြည့် ကယ်တင်ပေးနိုင်မှုမရှိတာကို ကောင်းစွာသိရှိပါသည်။ သို့ပေမယ့် ကယ်တင်နိုင်မယ့် အခွင့်အရေး ရှိပါက ၎င်းတို့ထဲက (၁) ဦးကိုပင်ဖြစ်စေ အကောင်းဆုံးကြိုးစားကယ်တင် ပေးသွားမယ်လို့ ထပ်မံအသိပေး ကြေညာအပ်ပါတယ်” လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

မတရားစစ်မှုထမ်းစုဆောင်းခံရသူတွေအနေနဲ့ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေကတစ်ဆင့် ဖြစ်စေ၊ ရင်းနှီးသူ မိတ်ဆွေတွေက တစ်ဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်ကို လာရောက်ဆက်သွယ် တိုင်ပင်နိုင်ပြီး စစ်ကောင်စီတပ်ကို လက်နက်ဖြင့်/ လက်နက်မဲ့ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီက ခေါ်ယူတဲ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၇) အထိ ဖွင့်လှစ်ပြီးဖြစ်ပြီး အပတ်စဉ် (၈) အတွက် လူစုဆောင်းရာမှာ သတ်မှတ်အရေအတွက် ပြည့်မီနိုင်ရေးအတွက် ဖိအားပေးတာတွေ ထပ်မံလုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026