အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို Black Lists စာရင်းကနေ ပယ်ဖျက် ဖြေ လျှော့ပေးမယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၂ရက်မှာသတင်းထုတ်ပြန် လိုက်ပါတယ်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများကနိုင်ငံ့ဝန်ထမ်းအချို့ဟာ အကြောင်းအမျိုးမျိုး နဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကို စွန်ခွာသွားတဲ့ အတွက် သက်ဆိုင်ရာဌာနများ မှာ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျှက်ရှိနေတာကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျှက်ရှိတယ်လို့ စကစရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အဆိုပါနစ်နာမှု တွေ ကို ကုစားပေးနိုင် ဖို့ ယင်းဝန်ထမ်း တွေ ကို လုပ်ငန်းခွင်စွန့်ခွာရ တဲ့ အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists) ကနေ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမယ်လို့ဆိုပါတယ်။
ဒါကြောင့် အမည်မည်းစာရင်းကနေပယ်ဖျက်လိုတဲ့ ဝန်ထမ်းတွေ အနေနဲ့ ဇူလိုင် ၁၅ရက်က စပြီး သက်ဆိုင်ရာဌာန တွေ ကို ပြန်လည်သတင်းပို့ကြဖို့ ထုတ်ပြန်ကြေငြာထားပါတယ်။
NEWS
လုပ်ငန်းခွင်ကိုစွန့်ခွာသွားတဲ့အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ပယ်ဖျက် ပေးမယ်လို့ စစ်ကောင်စီမှ သတင်းထုတ်ပြန်


329 Views
Related posts

စစ်မှုထမ်းပြီးသူများ အလုပ်အကိုင်ရရှိရေး ဟုဆိုကာ စီမံခန့်ခွဲမှုကော်မတီ စစ်ကောင်စီ ဖွဲ့စည်း
Jul 22, 2025

မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025

မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025

Myanmar Jiale Fashion စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025

လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025

ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025

ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025

မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025