NEWS

လုပ်ငန်းခွင်ကိုစွန့်ခွာသွားတဲ့အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ပယ်ဖျက်‌ ပေးမယ်လို့ စစ်ကောင်စီမှ သတင်းထုတ်ပြန်

CoverLogo
438 Views

အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို Black Lists စာရင်းကနေ ပယ်ဖျက်‌ ​ဖြေ​ ​လျှော့ပေးမယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၂ရက်မှာသတင်းထုတ်ပြန် လိုက်ပါတယ်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများကနိုင်ငံ့ဝန်ထမ်းအချို့ဟာ အကြောင်းအမျိုးမျိုး နဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကို စွန်ခွာသွားတဲ့ အတွက် သက်ဆိုင်ရာဌာနများ မှာ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျှက်ရှိနေတာကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျှက်ရှိတယ်လို့ စကစရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အဆိုပါနစ်နာမှု တွေ ကို ကုစားပေးနိုင် ဖို့ ယင်းဝန်ထမ်း တွေ ကို လုပ်ငန်းခွင်စွန့်ခွာရ တဲ့ အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists) ကနေ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမယ်လို့ဆိုပါတယ်။

ဒါကြောင့် အမည်မည်းစာရင်းကနေပယ်ဖျက်လိုတဲ့ ဝန်ထမ်းတွေ အနေနဲ့ ဇူလိုင် ၁၅ရက်က စပြီး သက်ဆိုင်ရာဌာန တွေ ကို ပြန်လည်သတင်းပို့ကြဖို့ ထုတ်ပြန်ကြေငြာထားပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026