NEWS

ရွာသူကြီးက လုပ်ပိုင်ခွင့်အသုံးပြုကာ ပြည်သူတွေဆီက ငွေကြေးကောက်ခံသည့်အပြင် ကိုယ်ထိလက်ရောက် ကျူး လွန်မှုများပါ လုပ်ဆောင်နေ

CoverLogo
553 Views
 
ရန်ကုန်တိုင်ဒေသကြီး ထန်းတပင်မြို့နယ်၊ ကုန်းတလိကျေးရွာမှာ ရွာလူကြီးက လုပ်ပိုင်ခွင့်အာဏာ အသုံးပြု ကာ ပြည်သူတွေဆီက ငွေကြေးကောက်ခံတဲ့အပြင် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေပါ လုပ်ဆောင်နေတာ ကြောင့် နေထိုင်သူတွေ အခက်တွေ့နေပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်မှာ ကျေးရွာတွေ၊ ရပ်ကွက်တွေမှာ ရွာသူကြီးတွေ၊ အုပ်ချုပ်ရေးမှူးတွေက အာဏာအသုံး ပြုကာ ပြည်သူတွေကို ဖိနှိပ်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
 
“ဧည့်စာရင်းကောက်ရင် နာမည်၊ အသက်၊ မွေးရက်၊လ၊ခုနှစ်၊ အတန်းပညာ၊ အရင်နေတဲ့နေရာ၊ ကိုင်တဲ့ဖုန်း အမျိုး အစားကအစ ပေးရတယ်။ ပြီးခဲ့တဲ့ (၂၃) ရက်ကလည်း ဧည့်စာရင်း ဝင်စစ်တယ်။ နောက်ရက်တွေ စစ်ဦးမယ်လို့ လည်း သိရပါတယ်။ သူတို့က ဧည့်စာရင်းစစ်ရင် သူတို့အလိုမကျတဲ့သူဆိုရင်တစ်ခါတည်း ခေါ်သွားမယ်လည်း ကြားနေရတယ်။ ဧည့်စာရင်းက တစ်ပတ်တခါတိုင်ရတယ်။ တစ်ခါတိုင်ရင် (၅၀၀) ပေးရတယ်။ ထောက်ခံစာတစ် စောင်လုပ်ရင် နှစ်ထောင်ပေးရတယ်။ ရွာသူကြီးက စစ်သားတွေ၊ လူမိုက်တွေနဲ့ပေါင်းပြီး ရွာမှာလုပ်ချင်တိုင်း လုပ် နေတယ်။ နောက်ရွာသူကြီးက ပြည်သူတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ၊ နိုင်ထက်စီးနင်း လုပ်တာ တွေလည်း ရှိနေတယ်”လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာ ရွာသူကြီးက ဒေသခံတွေကို ဖိနှိပ်တာတွေ လုပ်ဆောင်နေတဲ့အပြင် အကြောင်းပြချက်မျိုးစုံပြကာ ငွေကြေးများ ကောက်ခံသလို ကောက်ခံရရှိတဲ့ငွေကြေးတွေကို ရပ်ရွာဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မှု မရှိတာဘဲ ဖြစ်ပါတယ်။
 
“ရပ်ရွာထဲက မီတာကိုလည်း ရွာသားတွေဆီကနေ မီတာပုံးအတွက်ဆိုပြီး တစ်အိမ်ထောင်ကို (၈)သိန်းကနေ (၉) သိန်းအထိ ကောက်ပါတယ်။ ကောက်ခံထားတဲ့ အပိုပိုက်ဆံတွေကို ရွာလမ်းက မြောင်းတွေတူးမယ်ပြောထားပြီး ဘာမြောင်းမှ မတူးပါဘူး။ အဲဒီပိုက်ဆံတွေ ဘယ်ရောက်သွားလဲဆိုတာလည်း မသိရပါဘူး။ နောက်ရွာထဲမှာ ပြဿနာနာတစ်ခုခုဖြစ်ရင်လည်း လူကြီးလုပ်ပေမယ့် အမှန်၊အမှားမခွဲခြားဘဲ ပိုက်ဆံရှိတဲ့ဘက်ကနေ ဘက်လိုက်ပြီး ဖြေရှင်းတော့ ငွေကြေးမတက်နိုင်တဲ့သူတွေ နစ်နာရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
ကုန်တလိကျေးရွာမှာ နေထိုင်သူတွေအနေနဲ့ ရွာသူကြီးက လုပ်ပိုင်ခွင့်အာဏာအသုံးပြုကာ ဖိနှိပ်တာတွေ လုပ် ဆောင်နေတာကို တာဝန်ရှိသူတွေက အမြန်ဆုံး အရေးယူဖြေရှင်းပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026