NEWS

ရန်ကုန်မြို့ ဗိုလ်တထောင်တွင် ပန်းပန်သူမိန်းကလေးနှစ်ဦးပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံရ

CoverLogo
391 Views

ယနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့  ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့အဖြစ် ပန်းသပိတ်ကို ပြည်သူအားလုံးဆင်နွှဲလျှက်ရှိပါတယ်။ 

ရန်ကုန်မြို့ဗိုလ်တထောင်ဘုရားအနီးမှာတော့  ပန်းပန်သူမိန်းကလေးနှစ်ဦးကို ပုဒ်မ၅၀၅ ဖြင့် ဒီကနေ့နေ့လည်၁၂နာရီဝန်းကျင်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

"ဖြစ်သွားတာဟုတ်တယ်။ နေ့လည်ကပါ။ ဗိုလ်တထောင်ဘုရားအနီးမှာပဲ။ ပန်းပန်လို့။ သူတို့ကိုနိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ပဲဖမ်းတာ။ လက်ရှိတိုင်းလွှတ်တော်ထဲရောက်နေပြီ" လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ 

အဆိုပါမိန်းကလေးနှစ်ဦး ပန်းပန်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်ပြည့်မွေးနေ့ ပန်းသပိတ်ပါဝင်ဆင်နွှဲသည်ဟုဆိုကာ စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်အကြည်ငြိုပျက်စေမှု ၅၀၅ ကနဲ့ ဖမ်းဆီးကာ ယနေ့ညနေအထိ ရန်ကုန်တိုင်းလွှတ်တော်အတွင်းဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင်ရန်ကုန်တစ်မြို့လုံးအတိုင်းအတာအရ ယနေညနေ၅နာရီအထိအဆိုပါမိန်းကလေးနှစ်ဦးတည်းကိုသာ ဖမ်းဆီးထားတာလို့သိရပြီး မန္တလေးမြို့မှာတော့ ၁၀ ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။ 

မန္တလေးမြို့မှာတော့ ယနေ့နံနက် ၈နာရီဝန်းကျင်ခန့်က   ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်းနှင့် ၈၁ လမ်းအနီးတွင် ဖွင့်လှစ်ထားတဲ့  လက်ဖက်ရည်ဆိုင်ထဲမှာ စစ်ကောင်စီတပ်သားများဝင်ရောက်ကာ   ပန်းပန်ထားသူတစ်ဦး၊ မန္တလေး ရွှေယမင်းဦး လက်ဖက်ရည်ဆိုင်မှ အမျိုးသမီး ၃ ဦး၊ နှင်းဆီပန်းကိုင်ထားသူ ၁ ဦးကိုလည်း ကောင်း၊ လူမှုကွန်ရက်တွင် နှင်းဆီပန်းကိုင်ကာ ဓာတ်ပုံရိုက်သူ အမျိုးသမီး ၂ ဦး၊ ဆိုင်ကယ်ဖြင့် ပန်းဝယ်လာသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ၊  မဟာအောင်မြေမြို့နယ်တွင် ပန်းဝယ်လာသူ အမျိုး သမီးကြီး ၂ ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင် စီက ဖမ်းဆီးသွားတယ်လို့ ပြည်တွင်းသတင်းတွေအရ သိရပါတယ်။ 

Photo-Amnesty International 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026