NEWS

ယခုနှစ်လေးလအတွင်းပြည်ပနိုင်ငံအသီးသီးသို့ စေလွှတ်ရန် မြန်မာအလုပ်သမားလေးသောင်းခန့် စာချုပ်ချုပ်ဆိုထားဟုဆို

CoverLogo
953 Views

ယခုနှစ်လေးလအတွင်း  ပြည်ပနိုင်ငံအသီးသီးသို့  သွားရောက်လုပ်ကိုင်ကြမယ့် မြန်မာအလုပ်သမား လေးသောင်းခန့်ကို  အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုပေးထားနိုင်တယ်လို့  ပြည်ပသို့ အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတွေက သိရပါတယ်။

ယမန်နှစ်ဖေဖော်ဝါရီလမှ ယခုနှစ်(၁)ကာလအတွင်း မြန်မာအလုပ်သမား ၃၇၀၀၀ ခန့်ကို  ပြည်ပနိုင်ငံအသီးသီးသို့ တရား၀င်စေလွှတ်ထားကာ ပြီးခဲ့တဲ့ဇွန်လကုန်အထိတော့ ၃၆၀၀၀ ရှိတယ်လို့တော့စာရင်းအရသိရပါတယ်။  

"ခုလက်ရှိအချိန် ဇွန်လကုန်အထိ ပြည်ပကိုသွားရောက်လုပ်ကိုင်ဖို့ရာ အလုပ်သမားခန့်ထားမှုဆိုင်ရာစာချုပ်ချုပ်ထားတာက လေးသောင်းလောက်ရှိတယ်သိရတယ်။ခုချိန်ကပြည်တွင်းကအခြေအနေတွေကြောင့် ပြည်ပကိုသွားချင်တဲ့သူတွေကများတယ်ဆိုတော့ နောက်ဆိုရင် ပိုများလာဖို့ရှိတယ်။  မလေးရှားကိုဆိုရင်  နေပြည်တော်ကိုတင်ထားတာခွင့်ပြုချက်ရဖို့စောင့်နေတာ ခုလက်၇ှိတော့ထင်သလောက်မများသေးဘူး။  နောက်ပိုင်းတော့  ပိုများလာမယ်လို့ထင်တယ်" လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံအသီးသီးသို့ တရား၀င်သွားရောက်လုပ်ကိုင်နိုင်ရန်  သွားရောက်လုပ်ကိုင်မယ့်အလုပ်သမားတွေကို တာဝန်ယူစေလွှတ်ပေးမဲ့ အကျိုးဆောင် အေဂျင်စီ ၃၀၀ ကျော်ကို အကျိုးဆောင်လိုင်စင်ထုတ်ပေးထားပြီး ယခုနှစ် မတ်လ၂၅ကနေဇွန် ၃၀ရက် အထိ အလုပ်သမား ၃၉,၉၃၉ ဦးကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ပနိုင်ငံအသီးသီးသို့ စေလွှတ်ခဲ့တဲ့အလုပ်သမားတွေဟာ  ၂၀၂၁ဖေဖော်ဝါရီ ၁ရက်ကနေ  ၂၀၂၂ ဇွန်လ ၃၀ရက်အထိ ထုတ်ပြန်ချက်စာရင်းများအရ  ၃၇၀၀၀ ခန့်အထိရှိတယ်လို့ သိရပါတယ်။

စေလွှတ်ခဲ့တဲ့အလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို ၁၁,၁၂၃ဦး၊ စင်ကာပူနိုင်ငံကို ၁၀,၅၆၁ဦး၊ ကိုရီးယားနိုင်ငံကို ၂,၀၈၃ဦး၊ ဂျပန်နိုင်ငံကို ၇,၅၅၈ဦး၊ မလေးရှားနိုင်ငံကို ၃,၂၈၆ဦးအပါအဝင် ပြည်ပနိုင်ငံအသီးသီးကို စုစုပေါင်းလုပ်သား ၃၆,၃၆၅ ဦးကို ပြည်ပအလုပ်အကိုင်သတ်သေခံကတ်(OWIC)ပြုလုပ်ပြီး စေလွှတ်ခဲ့တာလို့လည်း သိရပါတယ်။

 


Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025