NEWS

မြန်မာနိုင်ငံသားများနှင့်နယ်စပ်ရှိနေရပ်စွန့်ခွာ ဒုက္ခသည်များ အတွက် EU မှ ယူရို ၁၅ သန်း ထပ်မံ ထောက်ပံ့ပေးမည်

CoverLogo
337 Views

မြန်မာနိုင်ငံ မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ တွေ အရှိန်အဟုန်နဲ့  တိုးလာနေတဲ့ အတွက် မြန်မာနိုင်ငံသားတွေနဲ့ နယ်စပ်ရှိဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူညီပေးနိုင်ရန် ဥရောပ သမဂ္ဂ (EU) က ယူရို ၁၅ သန်း ထပ်မံပံ့ပိုးသွားမယ်လို့ ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဥရောပ သမဂ္ဂ (EU) က  နိုင်ငံအတွင်း ထိခိုက်ခံရတဲ့ ပြည်သူများနဲ့ အိမ်နီးချင်း နိုင်ငံ များ ဆီ ထွက်ပြေး တိမ်းရှောင် နေရတဲ့ ဒုက္ခသည် တွေ ကို ကူညီဖို့ ယူရို ၁၅သန်း ချထားပေးမှာ ဖြစ်ရာ အဆိုပါ ထောက်ပံ့ရေးအစီစဉ်တွင်  ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေ လည်း ပါတယ် လို့ ဆိုပါတယ်။

အသစ်ထပ်မံပံ့ပိုးမယ့် ယူရို ၁၅ သန်းဟာ နိုင်ငံထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ ပြည်တွင်းစစ်ရှောင်များအတွက် အရေးတကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ အရေးပေါ်ကျန်းမာရေးအထောက်အပံ့တွေ ထောက်ပံ့ပေးဖို့နဲ့ အန္တရာယ်ကြီးမားတဲ့ မြေမြှုပ်မိုင်းရှင်းလင်းဖို့ အသုံးပြုမယ်လို့ EU က ပြောပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်း မှု ဖြစ်ပွားစဉ်ကတည်းက ဥရောပသမဂ္ဂ မှ မြန်မာနိုင်ငံ အကျပ် အတည်း အတွက် နှစ်စဉ် တိုးမြှင့် ထောက်ပံ့ပေးလာရာမှာ ၂၀၂၄ ခုနှစ် တွင် ယူရို ၃၆ သန်းရှိ ပြီ ဖြစ်တယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ  လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေဟာ ၁ သန်းဝန်းကျင်သာ ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ၁၈ သန်းကျော်အထိ ရှိလာခဲ့သလို နေအိမ်စွန့်ခွာထွက်ပြေးနေရသူနဲ့ စစ်ရှောင်နေရသူတွေအရေအတွက်ဟာ ၃ သန်းကျော် ရှိလာကြောင်း EU က ထုတ်ပြန်ထားပါတယ်။

EU အနေနဲ့  မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အထောက်အပံ့တွေကို ၁၉၉၄ ခုနှစ်က စတင်ပေးပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်အစောပိုင်းကလည်း လူသားချင်းစာနာမှုအကူအညီများအတွက် ယူရို ၁၉ သန်းအပြင် ဒေသအလိုက် စစ်ဒဏ်သင့် ပြည်သူတွေအတွက် နောက်ထပ် ယူရို ၂ သန်း ထပ်မံထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓါတ်ပုံ- စစ်ဘေးရှောင်ကလေးငယ်များ။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026