NEWS

မန္တလေးသပိတ်အင်အားစုမှကိုသူရအောင် ခြေထောက်များကျိုးကြေနေသည်အထိရိုက်နှက်ခံထားရ၊ အတူဖမ်းဆီးခံထားရတဲ့လူငယ်သုံးဦးအိုးဘိုထောင်ရောက်ရှိနေ

CoverLogo
1.8K Views

စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံထားရတဲ့မန္တလေးသပိတ်အင်အားစုမှကိုသူရအောင်ဟာခြေထောက်များကျိုးကြေနေသည်အထိရိုက်နှက်နှိပ်စက်ခံထားရပြီးစစ်ကြောရေးကိုရောက်ရှိနေတယ်လို့ပြည်ကြီးတံခွန်သပိတ်ဦးဆောင်ဆရာတော်တပါးရဲ့ပြောကြားချက်အရသိရပါတယ်။

ဒါ့အပြင် သုံးလနီးပါး အ ဆက်အသွယ်ပြတ် ပျောက်ဆုံးနေသော မန္တလေးသပိတ် တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် အလွတ်တန်းသတင်း ထောက်နှစ်ဦး အိုးဘိုထောင်သို့ရောက်ရှိနေပြီဖြစ်တယ်လို့လဲအတည်ပြုချက်အရသိရပါတယ်။

"ကိုသူရအောင်အခြေအနေကဆိုးတယ်သူပထမအိုးဘိုထောင်ရောက်လာတယ် ကိုဗစ်ဖြစ်တယ်ဆိုပြီးစစ်ကြောရေးပြန်ပို့ခံရတယ်ခြေထောက်တွေကျေနေအောင်အရိုက်ခံထားရလို့ဆေးသောက်နေရတယ်မကျဆုံးသေးဘူး"လို့ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်၊ သပိတ်တက်ကြွလှုပ်ရှားသူ ကိုဖိုးလုံး(ခ)ကိုရဲဇင်ထွန်း၊ အလွတ်တန်းသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုစိုးလင်းအောင်နှင့် ကိုလှမျိုးအောင်တို့ကို ဖေ ဖော်ဝါရီ ၉ ရက်တွင် စစ်ကောင်စီက မဟာအောင်မြေမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်တွင် အကြမ်းဖက်ရိုက်နှက် နှိပ်စက်ဖမ်းဆီးခဲ့တာပါ။

"ခုကလဲမိသားစုကဆက်သွယ်မရဘာမရနဲ့ဆိုတော့အသက်အန္တရာယ်အတွက်အများကြီးစိတ်ပူနေကြရတယ်"လို့ဆရာတော်ကဆက်လက်မိန့်ကြားပါတယ်။

လက်ရှိအချိန်အထိဖမ်းဆီးခံထားရတဲ့ ကိုသူရအောင်၏အသက်ဘေးအခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အမြန်ဆုံး အဆက် အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ (ICRC)၊ လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများအပါအဝင် တတ်စွမ်းနိုင်သူများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးကြရန် မန္တလေး သပိတ်အင်အားစုကတောင်းဆိုထားပါတယ်။

 


Related posts

Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026