NEWS

မန္တလေးသပိတ်အင်အားစုမှကိုသူရအောင် ခြေထောက်များကျိုးကြေနေသည်အထိရိုက်နှက်ခံထားရ၊ အတူဖမ်းဆီးခံထားရတဲ့လူငယ်သုံးဦးအိုးဘိုထောင်ရောက်ရှိနေ

CoverLogo
1.5K Views

စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံထားရတဲ့မန္တလေးသပိတ်အင်အားစုမှကိုသူရအောင်ဟာခြေထောက်များကျိုးကြေနေသည်အထိရိုက်နှက်နှိပ်စက်ခံထားရပြီးစစ်ကြောရေးကိုရောက်ရှိနေတယ်လို့ပြည်ကြီးတံခွန်သပိတ်ဦးဆောင်ဆရာတော်တပါးရဲ့ပြောကြားချက်အရသိရပါတယ်။

ဒါ့အပြင် သုံးလနီးပါး အ ဆက်အသွယ်ပြတ် ပျောက်ဆုံးနေသော မန္တလေးသပိတ် တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် အလွတ်တန်းသတင်း ထောက်နှစ်ဦး အိုးဘိုထောင်သို့ရောက်ရှိနေပြီဖြစ်တယ်လို့လဲအတည်ပြုချက်အရသိရပါတယ်။

"ကိုသူရအောင်အခြေအနေကဆိုးတယ်သူပထမအိုးဘိုထောင်ရောက်လာတယ် ကိုဗစ်ဖြစ်တယ်ဆိုပြီးစစ်ကြောရေးပြန်ပို့ခံရတယ်ခြေထောက်တွေကျေနေအောင်အရိုက်ခံထားရလို့ဆေးသောက်နေရတယ်မကျဆုံးသေးဘူး"လို့ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်၊ သပိတ်တက်ကြွလှုပ်ရှားသူ ကိုဖိုးလုံး(ခ)ကိုရဲဇင်ထွန်း၊ အလွတ်တန်းသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုစိုးလင်းအောင်နှင့် ကိုလှမျိုးအောင်တို့ကို ဖေ ဖော်ဝါရီ ၉ ရက်တွင် စစ်ကောင်စီက မဟာအောင်မြေမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်တွင် အကြမ်းဖက်ရိုက်နှက် နှိပ်စက်ဖမ်းဆီးခဲ့တာပါ။

"ခုကလဲမိသားစုကဆက်သွယ်မရဘာမရနဲ့ဆိုတော့အသက်အန္တရာယ်အတွက်အများကြီးစိတ်ပူနေကြရတယ်"လို့ဆရာတော်ကဆက်လက်မိန့်ကြားပါတယ်။

လက်ရှိအချိန်အထိဖမ်းဆီးခံထားရတဲ့ ကိုသူရအောင်၏အသက်ဘေးအခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အမြန်ဆုံး အဆက် အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ (ICRC)၊ လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများအပါအဝင် တတ်စွမ်းနိုင်သူများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးကြရန် မန္တလေး သပိတ်အင်အားစုကတောင်းဆိုထားပါတယ်။

 


Related posts

Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို ရဲတပ်ဖွဲ့ စစ်ဆေး စက်ရုံမှူးရှေ့မှာ  စစ်မေးခဲ့
Mar 27, 2025
Cover
မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Mar 26, 2025
Cover
အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ  မလာစစ်ဆေးခံခဲ့ရတဲ့အပေါ် အရေးယူပေးစေလို
Mar 26, 2025
Cover
စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြခွင့် အေဂျင်စီ တစ်ခုလျင်  တစ်လကို  လုပ်သား ၅ဦးတိတိ ခွင့်ပြု
Mar 25, 2025