NEWS

မန္တလေးသပိတ်မှ ကိုသူရအောင်အပါအဝင်လေးဦး မိသားစုနှင့် အဆက်အသွယ်မရ

CoverLogo
1.1K Views

မန္တလေးသပိတ်က တက်ကြွလှုပ်ရှားသူ ကိုသူရအောင်၊ကိုရဲဇင်ထွန်း(ခ)ကိုဖိုးလုံး နဲ့ အလွတ်တန်း သတင်းထောက်  ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့ ဖမ်းဆီးခံထားတာ  (၁၀)ရက်ကျော် ရှိလာပြီ ဖြစ်ပေမယ့် မိသားစုနဲ့ အဆက်သွယ်မရရှိသေးဘူးလို့ သိရပါတယ်။ 


ကိုသူရအောင်အပါအဝင်၄ ဦးဟာ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်မှာ  ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါ တယ်။


ကိုသူရအောင်တို့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း  မသိရှိရသေးတဲ့အပြင်  သူတို့တွေရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက  စိုးရိမ်ပူပန်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ 


ကိုသူရအောင်တို့ ၄ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးခဲ့ချိန်က   ကိုယ်ရော စိတ်ပါ ကောင်းမွန်နေပြီး  ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုတွေကြောင့် အသက်အန္တရာယ် ထိခိုက်မှာကို  စိုးရိမ်နေကြတယ်လို့ မန္တလေးအခြေစိုက် သပိတ်တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။ 


အဖမ်းဆီးခံရပြီး နောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ယူ တာဝန်ခံရမှာဖြစ်ပြီး  မိသားစုဝင်များကလည်း အမြန်ဆုံး အဆက် အသွယ် ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025