NEWS

ပြည်သူများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု့များအတွက် စစ်ခေါင်းဆောင်တွေကို မဖြစ်မနေတရားစီရင်ရမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

CoverLogo
770 Views

ကယားပြည်နယ် ( ကရင်နီပြည်နယ်) ဖရူဆိုမြို့နယ်အပါအဝင်ပြည်သူများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု့များအတွက်မင်းအောင်လိှုင်အပါအဝင်စစ်ခေါင်းဆောင်တွေကိုမဖြစ်မနေတရားစီရင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။
 

၂၀၂၁ ခုနှစ်ဒီဇင်ဘာ ၂၄ ရက်နေ့ကရင်နီပြည်နယ်ဖရူဆိုးဒေသအတွင်းမိုဆိုကျေးရွာနားမှာပရဟိတဝန်ထမ်း၂ဦး၊ BGF(၄)ဦးနဲ့အမျိုးသမီးနဲ့ကလေးငယ်များအပါအဝင်၄၂ ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအရှင်လတ်လတ်ရိုက်နှက်နှိပ်စက်သတ်ဖြတ်မှု့သေဆုံးမှု့အပါအဝင်အခြားသောအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု့များအတွက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင်ထိပ်ပိုင်းခေါင်းဆောင်တွေကိုမဖြစ်မနေတရားစီရင်ရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနကဒီကနေ့မှာပဲထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဖရူဆိုဒေသ သတ်ဖြတ်မှု့အပါအဝင်၂၀၂၁ ခုနှစ်ဇူလိုင်လအတွင်းစစ်ကိုင်းတိုင်းကနီမြို့နယ်က ကလေးသူငယ်များအပါအဝင်အမျိုးသား ၄၀ဦး ကိုသတ်ဖြတ်မှု့ ရန်ကုန်တိုင်းကြည့်မြင်တိုင်မြို့နယ်အတွင်းပန်းပင်ကြီးလမ်းဆန္ဒပြနေတဲ့ပြည်သူတွေကိုအစုလိုက်အပြုံလိုက်ကားနဲ့တိုက်သတ်မှု့အပါအဝင်နိုင်ငံနဲ့အဝှမ်းပြည်သူတွေကိုလဲလူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်နိုင်ငံတကာလုံခြုံရေးကောင်စီအနေနဲ့ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူဖို့နဲ့မြန်မာ့အရေးဆွေးနွေးဖို့မျက်နှာစုံညီအစည်းအဝေးကိုအမြန်ဆုံးခေါ်ယူဖို့အပါအဝင်စစ်ကောင်စီရဲ့လက်နက်နဲ့ငွေ​ေ​ကြးစီးဆင်းမှု့ကိုအမြန်ဆုံးပိတ်ဆို့ရန်ရာဇဝတ်မှု့အတွက်တာဝန်ရှိသူတွေကိုနိုင်ငံတကာရာဇဝတ်ရုံးကိုအမြန်ဆုံးလွှဲပြောင်းပေးဖို့၊စစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့အဖြစ်အမြန်ဆုံးသတ်မှတ်ပေးဖို့ကိုလည်းအဲ့ဒီ့ထုတ်ပြန်ချက်ထဲမှာထည့်သွင်းတောင်းဆိုထားပါတယ်။
 


Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025