NEWS

ပြည်ပသွားရောက်လုပ်ကိုင်လိုသူများကို အသိပညာပေးနိုင်မှု အားနည်းလာ

CoverLogo
630 Views

ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်မယ့်သူတွေကို အသိပညာပေးတာတွေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ လုပ်ဆောင်နိုင်မှု အားနည်းလာတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ (ပဲခူး) အတိုင်ပင်ခံ ဒေါ်သက်သက်အောင်က ပြောပါတယ်။

“အာဏာမသိမ်းခင်က အရပ်ဖက်အဖွဲ့အစည်းတော်တော်များများက ရွာတွေအထိကွင်းဆင်းပြီး အသိပညာ ပေးတာတွေ လုပ်ဆောင်ခဲ့တယ်။ အခုချိန်မှာတော့ ကျွန်မတို့အသိပညာပေးတာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လို့ မရတော့ဘူး၊ အဲလိုအခြေအနေမျိုးမှာ ဘာဖြစ်လာလဲဆိုတော့ ရွာဘက်တွေမှာ ရွာလုံးကျွတ် အလိမ်ခံရတဲ့ ပြဿာနာတွေ တွေ့လာတယ်။ ဘာလို့အလိမ်ခံရလဲကြည့်တဲ့အခါ သူတို့မှာ သွားချင်တာပဲရှိတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ချင်တယ်။ စိတ်ဆန္ဒပြင်းပြတယ်။ ဒါပေမယ့် တကယ့်တကယ် နိုင်ငံခြားမှာ အလုပ်သွား လုပ်ရင် ဘယ်လိုမျိုး လုပ်ရမလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို ကောင်းကောင်းနားမလည်ဘူး”လို့ သူက ပြောပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းတာနဲ့ ကုန်ဈေးနှုန်း မြင့်တက် လာတာတွေကြောင့် ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုသူ မြင့်တက်လာတာဖြစ်ပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ လူလိမ်ပွဲစားတွေက ငွေကြေး လိမ်လည်တာတွေနဲ့ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုတောင်းယူနေတဲ့ အခြေအနေတွေ ရှိနေပါတယ်။

“အသိပညာပေးတာတွေ တက်နိုင်သလောက်ပေါ့ ဆက်လက်လုပ်ဆောင်နေတာတွေက ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကြီးတော့ မဟုတ်ဘူးပေါ့။ သို့သော် လုပ်လို့ရသလောက်ပေါ့၊ အရင်တုန်းက ရွာတွေဆင်းပြီး တကယ့်ကို လွတ်လွတ်လပ်လပ်နဲ့ သင်တန်းတွေပေးလို့ရပေမယ့် ဒီကာလကြီးမှာတော့ သွားပြီးတော့ သင်တန်းပေးဖို့ အရမ်းခက်ခဲတယ်။ အဲဒီအတွက် ရွာခံတွေက ကျွန်မတို့ကို ဖိတ်ကြားတယ်ဆိုတဲ့အခါ ရွာထဲထိဆင်းပြီး အသိပညာပေးတယ်။ နောက်တစ်ခုက သတင်းမီဒီယာတွေက တစ်ဆင့်ဖြစ်လေ့ဖြစ်ထ ရှိတာတွေကို အသိပညာပေးတာတွေ လုပ်နေပါတယ်”လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

ငွေကြေးလိမ်လည် ခံရတာတွေ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုကောက်ခံတာကြောင့် တိုင်ကြားမှုတွေ မြင့်တက်နေပေမယ့် စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့စာရင်းဇယားတွေအရလည်း (၂၀၂၁)ခုနှစ်ကနေ (၂၀၂၃)ခုနှစ် ဇူလိုင်လလယ်အထိ ကာလတွင်း ပြည်ပလုပ်သား စေလွှတ်ခွင့် ရာသက်ပန်ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ (၄)ခုသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

(၂၀၂၁) ခုနှစ်နဲ့ (၂၀၂၂)ခုနှစ်ထဲမှာ (၁)ခုစီနဲ့ (၂၀၂၃)ခုနှစ်ထဲမှာ (၂)ခုပဲ ရှိခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ၂၀၂၂နှစ်ကုန်ပိုင်းကနေ ၂၀၂၃ မတ်လထိ ယာယီလိုင်စင်ပိတ်သိမ်းခံထားရတဲ့ အေဂျင်စီအရေအတွက်လည်း (၈)ခုသာ ရှိနေတာဖြစ်ပါတယ်။

#MyanmarLabourNews 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026