NEWS

ငလျင်ဒဏ်သင့် အလုပ်သမားအပေါ် ချိုးဖောက်မှုတွေ ရှိနေ

CoverLogo
364 Views
 
ငလျင်ဒဏ်ကြောင့် လုပ်ငန်းခွင်မှာ အလုပ်သမားတွေ ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး ချိုးဖောက်ခံရမှု တွေလည်း ရှိတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးက ပြောပါတယ်။
 
“ချိုးဖောက်မှုတွေ ရှိပါတယ်။ ပြင်းထန်ဒဏ်ရာရတဲ့ အလုပ်သမားတွေကို ဆေးဝါးကုမှု စရိတ်မပေး ပါဘူး။ မိသားစုက ကုပေးနေရတာပါ။ စက်ရုံ ယာယီပိတ်ထားကြတော့ အလုပ်သမားတွေ နေရပ်မှာ ပြန်နေကြတယ်။ စက်ရုံပြန်ဖွင့်နိုင်ရင် ဆတ်သွယ်မယ်ဆိုလို့ အလုပ်ပြန်ရဖိုသေချာပါ့မလား စိုးရိမ် ကြတာပေါ့။ မန္တလေးမြိုက စက်ရုံတရုံဆိုရင် အလုပ်သမားတွေနေတဲ့ အဆောင် မြေကြီးထဲ ကျွံဝင် သွားတာ၊ ညဆိုင်းဆင်းရတဲ့ အလုပ်သမားတွေနဲ့ မြေအောက်ခန်းမှာရှိတဲ့ အလုပ်သမားတွေ ပါကုန် တယ်။ ဒါကိုအလုပ်ရှင်က ကယ်ဆယ်ရေးတွေဝင်ခွင့်မပေးပဲ။ သူတိုအစီအစဥ်နဲ့ပဲ ပြိုကြတာတွေ ရှင်းပြီး၊ ကွန်ကရစ်လောင်း လိုက်တယ်။ အလောင်းတွေလည်း မထုတ်ဘူး။ မိသားစုက မေးမြန်းတဲ့အခါ သူတို့ စက်ရုံမှာ ဒီလူတွေ အလုပ်မလုပ်ပါဘူးလို့ ငြင်းတယ်။” လို့ ပြောပါတယ်။
 
မန္တလေးဒေသမှာ အလုပ်သမားသေဆုံးမှု များပြားခဲ့ပြီး လက်ရှိ ပြိုကျ ပျက်စီးတဲ့ စက်ရုံတွေရှိနေဆဲမို့ အဖွဲ့ချုပ်နဲ့ ထိစပ်မှုရှိတဲ့ အလုပ်သမားတွေဆီက အချက်အလက်တွေ ဆက်လက် ပြုစုနေဆဲ ဖြစ်လို့ သေဆုံးစာရင်းတွေ ထပ်တိုးလာဖို့ ရှိနေတယ်လို့ ပြောပါတယ်။ အလုပ်သမားသေဆုံးမှုတွေကို စက်ရုံဘက်က ကရုဏာကြေး ပေးဖို့လောက်ပဲ စီစဉ်တာမျိုး ရှိတယ်လို့ ဆက်ပြောပါတယ်။
 
“သေဆုံးတဲ့ အလုပ်သမားတွေအတွက် ကရုဏာကြေးပေးဖို စီစဥ်နေတယ်ဆိုတာလောက်ပဲ သိရ တယ်။ ခုချိန်ထိတော့ ဘာမှ လုပ်မပေးသေးပါဘူး။ သေဆုံးမှုနည်းတဲ့စက်ရုံတွေကတော့ ကရုဏာကြေး သဘောမျိုး ပဲပေးကြတာပါ။ သေဆုံးမှုများတဲ့ စက်ရုံတွေမှာက အရေးပေါ် အခြေအနေ ကြုံလာရင် ကြိုတင်စီမံထားမှု မရှိပါဘူး။” လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်က ပြောပါတယ်။
 
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြုစုထားတဲ့ လတ်တလော စာရင်းတွေအရ သေဆုံးသူ အလုပ်သမား ၃၀ ကျော်ရှိပြိး ထိခိုက်ဒဏ်ရာရသူ ၁၅၀ ဝန်းကျင် ရှိပါတယ်။
 
စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းကျေးရွာက J.L.P.C အထပ်သားစက်ရုံ မှာ လုပ်သား၂၀ သေဆုံးပြီး ၇၀ ဒဏ်ရာရတယ်လို့ သိရပါတယ်။ ပုလိပ်မြို့နယ်၊ သဘတ်ဆွဲရွာက မားမားခေါက်ဆွဲ စက်ရုံမှာ လုပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကာ ပုလိပ်မြို့ E.A.P.C အချိုရည်စက်ရုံမှာ လုပ်သား ၁၂ ဦး ဒဏ်ရာရ ခဲ့ပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်က ရသာကောင်းချိုချဥ်စက်ရုံမှာ လုပ်သား ၄ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရကာ ဆွီတီးဟုမ်းမွေ့ယာစက်ရုံမှာတော့ လုပ်သား ၄ ဦး သေဆုံးပြီး ၃၆ ဦး ထိခိုက် ဒဏ်ရခဲ့ တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်က ပြောဆိုထားပါတယ်။
Photo -ဧရာဝတီဖောင်ဒေးရှင်း
 

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026