NEWS

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ ကျော်ထိဈေးမြင့်တက်လာ

CoverLogo
676 Views

ပြင်ပငွေကြေးဈေးကွက်မှာ  နိုင်ငံခြားငွေ လဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ကျပ်  ၆၀၀၀ ကျော်အထိ ဈေးမြင့်တက်လာပြီးအရောင်းအဝယ်အေးနေတယ်လို့  ရန်ကုန်ပြင်ပငွေကြေး ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ 

"ပြင်ပဈေး ၆၀၀၀ ကျော်သွားပြီ ။ ဘဏ်တွေလည်းတက်လာပြီ။ UAB ဘဏ်မှာဒေါ်လာထည့် ၅၀၀၀ စွန်းနေပြီသူကအမြင့်ဆုံးဖြစ်နေတယ်။ ပြင်ပက ၆၀၀၀ ကျော်ကတော့ဈေးပေါက်နေတာပဲ အရောင်းဝယ်အေးတယ်။ ပေါက်ဈေးထိုင်ကြည့်နေတဲ့သဘောပါပဲ " လိူ့ ငွေကြေးဈေးကွက်လေ့လာသူက ဆိုပါတယ်။ 

ပြင်ပဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ဒေါ်လာဈေးနှုန်းများမှာ ဇူလိုင်(၃၁) ရက်တွင် တစ်ဒေါ်လာ (၅,၃၇၀)ကျပ် အထိ မြင့်တက်ခဲ့ပြီး ဩဂုတ် (၁)ရက်နဲ့ (၂)ရက်နေ့မှာ တစ်ဒေါ်လာ ကျပ် (၅,၄၅၀)၊ ဩဂုတ်လ (၃) ရက်တွင် တစ်ဒေါ်လာ (၅,၄၀၀) ကျပ်၊ ဩဂုတ်လ (၄)ရက်တွင် တစ်ဒေါ်လာ (၅,၃၈၀) ကျပ်၊ ဩဂုတ်လ (၅) ရက်တွင် တစ်ဒေါ်လာ (၅,၃၅၀) ကျပ်၊  (၆) ရက်တွင် (၅,၄၈၀)ကျပ်၊ (၇) ရက်တွင် တစ်ဒေါ်လာ (၅,၆၀၀) ကျပ်၊ ဩဂုတ်လ (၈) ရက်တွင်  (၅၇၅၀)ကျပ်အထိရှိခဲ့ပြီး ဒီကနေ့သြဂုတ်၉ရက်နေ့မှာတော့ တစ်ဒေါ်လာ ၅၈၀၀ ကနေစတင်မြင့်တက်လာခဲ့ပြီး ယခုမွန်းလွဲ၃နာရီအထိ တစ်ဒေါ်လာ ၆၀၀၀ ကျော်အထိ ငွေလဲနှုန်းအဆမတန် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။  

အဲဒီလိုမြင့်တက်နေတာကြောင့်  ဈေးကွက်အတွင်းမှာ မဖြစ်မနေဝယ်ယူသူတွေအနေနဲ့က ၅၄၀၀ အထိအရောင်းရှိနေခဲ့ပြီးမှ  ၆၀၀၀ ကျော်ဖြစ်လာချိန်မှာတော့ အရောင်းအဝယ်အေးနေကာ စောင့်ကြည့်နေကြတဲ့အနေအထားရှိနေတယ်လို့ သိရပါတယ်။ 

နိုင်ငံခြားငွေဈေးမြင့်တက်လာတာဟာ ပြင်ပငွေဈေးကွက်မှာသာမဟုတ်ဘဲ နာမည်ရဘဏ်တွေမှာကိုပင် ၄၀၀၀ ကျော်ကနေ  ၅၀၀၀ ဝန်းကျင် အမြင့်ဆုံး  ၅၀၀၀  စွန်းစွန်းအထိဖြစ်လာတယ်လို့လည်းသိရပါတယ်။
  
"ဒေါ်လာဈေးကတက်လာပြန်ပြီ။ စက်သုံးဆီက ပြင်ပကဒေါ်လာဈေးကြီးပေးဝယ်ရလို့ ဆိုပြီးထပ်ပြဿနာတက်ရင် ဆီကဒုက္ခရောက်မယ်။ ခုတောင်မလုံလောက်ဘူး ပိတ်တဲ့ဆိုင်ကပိတ်နဲ့။ ဆီနဲ့ဒေါ်လာဈေးတက်ရင် ကုန်ဈေးနှုန်းကတက်နဲ့ကျွန်တော်တို့လက်လုပ်လက်စားတွေက ဒေါ်လာတွေ စက်သုံးဆီတွေမှာ ဒုက္ခမရောက်ပေမဲ့ကုန်ဈေးနှုန်းတက်တော့  ဒုက္ခရောက်ရတယ်ဗျာ"လို့  အနှေးယာဉ်မောင်းနှင်သူကပြောပါတယ်။

နိုင်ငံခြားငွေဈေးမြင့်တက်လာမှုနဲ့အတူ  ကုန်ဈေးနှုန်းတွေကလည်းမြင့်တက်လာလေ့ရှိတာကြောင့် တနေ့ လုပ်အားခ ၄၈၀၀ ကျပ်နဲ့သာ ရရှိလုပ်ကိုင်နေကြတဲ့  စက်ရုံအလုပ်သမားတွေနဲ့ အခြေခံအလုပ်သမားတွေကတော့ စားသောက်ကုန်နဲ့အိမ်တွင်းအသုံးဆောင်ပစ္စည်းတွေပါ လိုက်ပါမြင့်တက်နေမှာကို စိတ်ပူနေကြရတာဖြစ်ပါတယ်။

 


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026