NEWS

ပဲခူး ဝင်းနိမ္မိတာရုံကျောင်းမှ  ဆရာတော်ဘုရားကြီးကိုပစ်သတ်ခဲ့သဖြင့်  စစ်တပ်ကို  မြို့နယ်အတော်များများ  မှ သံဃာတော်များ သပိတ်မှောက်ဆန္ဒပြ

CoverLogo
388 Views

စစ်တပ် မှ ပစ်ခတ်ခဲ့တာကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း နဲ့ပတ်သက်ပြီးမြို့နယ်အတော်များများက  ဆရာတော်သံဃာတော်တို့ ဟာ စစ်တပ်ကို သပိတ်မှောက်ကံဆောင်နေကြပါတယ်။

ဇွန်လ ၂၃ ရက် မှာ ချောင်းဦးမြို့နယ် မှ သံဃာတော်တွေလည်းကောင်း၊ ဇွန်လ ၂၄ ရက် မှာ ဒီပဲယင်း မြို့နယ်က သံဃာ တော်တွေ က လည်းကောင်း၊ ဇွန်လ ၂၅ရက် မှာ တန်ဆည်မြို့နယ် နဲ့ ဆားလင်းကြီး မြို့နယ်  ကသံဃာတော်တွေ လည်းကောင်း၊ ဇွန်လ ၂၆ရက် မှာ စစ်ကိုင်းမြို့နယ်က သံဃာတော်တွေ က လည်းကောင်း 
ဇွန်လ ၂၇ရက်နေ့မှာ မကွေးတိုင်း၊ မြိုင်မြို့နယ် အတွင်းက သံဃာတော်တွေဟာ စစ်ကောင်စီကို ‘ပတ္တနိက္ကုဇ္ဇန’ ကံဆောင်သပိတ်မှောက်ပြီး၊ ဆန္ဒပြခဲ့ကြပါတယ်။ 

အခုလို သံဃာတော်တွေဦးဆောင်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီးတဲ့နောက် ၁၇ နှစ်အကြာမှာ ပထမဆုံး ပြန်လည် ပေါ်လာတဲ့ သပိတ်မှောက်ကံဆောင်မှု လည်း ဖြစ်ပါတယ်။ 

ဇွန်လ ၁၉ရက်နေ့မနက်ပိုင်းက ရန်ကုန်ကနေ မန္တလေးကို လေကြောင်းနဲ့ရောက်လာတဲ့ ဆရာတော်ဟာ တံတားဦးလေဆိပ်ကတစ်ဆင့် ငါန်းဇွန်မြို့က ငါးဇွန်းမြို့နယ်အတွင်းမှာ  သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်တာကြောင့်ဆိုပြီး လိမ်လည် ထုတ်ပြန်ခဲ့ကာ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ယာဉ်မောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ ဆရာတော်ပျံတော်မူရတာဆိုပြီး ဖိအားပေးထွက်ဆိုခိုင်းခဲ့ပါတယ်။

ဆရာတော်နဲ့ အတူပါသွားတဲ့ရန်ကုန်  ကံသုံးဆင့် ဆရာတော် က ဖြစ်စဉ်နဲ့ ပက်သက်ပြီး ပြန်လည် မိန့်ကြားရာမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်လို့ ပဲခူးဆရာတော် ပျံလွန်တော်မူရတာလို့ ဆိုပါတယ်။

အခင်းဖြစ်ရာမှာ အတူရှိခဲ့တဲ့ ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော်ရဲ့ မိန့်ကြားချက်ကြောင့်သာ စစ်တပ်က သူတို့လက်ချက်ဆိုတာ ဝန်ခံထားပါတယ်။

ဇွန်လ ၂၇ ဟာ စစ်တပ်မှ ပစ်သတ်မှုကြောင့် ပျံလွန်တော်မူသွားသည့်  ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန ကျင်းပတဲ့ နေ့လည်းဖြစ်ပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026