NEWS

ဒေါ်လာနှင့်ရွှေဈေးအတက်အကျကြမ်းပြီးနောက် တစ်နေ့လုံးအရောင်းအဝယ်ရပ်ဆိုင်းနေခဲ့

CoverLogo
4.2K Views

ဈေးကွက်အတွင်း ဒေါ်လာနှင့်ရွှေဈေးအတက်အကျကြမ်းနေပြီး ဈေးကွက်ကစားသူတွေနဲ့ လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်တွေကို အရေးယူမှုတွေ ဖမ်းဆီးမှုတွေပြုလုပ်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့ အမိန့်စာတွေကြောင့် လတ်တလောမှာ အရောင်းအဝယ်များရပ်ဆိုင်းနေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

"ဒီနေ့တော့ အရောင်းအ၀ယ်မလုပ်နားထားတယ်။ တစ်ချို့က မနေ့ကတက်ဈေးနဲ့၀ယ်မိထားသူတွေရှိ တယ်။ သူတို့ကတော့ ဒီမနက်ပဲ  ၃၆၀၀နဲ့အရောင်းထုတ်နေကြပြီး နေ့လည်လောက်ကစပြီး အရောင်းအ၀ယ်  မလုပ်ကြဘူး။ စောင့်ကြည့်နေကြတယ်"လို့  ဒေါ်လာဈေးကစားသူတစ်ဦးက ဆိုပါတယ်။

ဒါဟာ ပြည်တွင်းမှာစက်သုံးဆီ၊ ဒေါ်လာနဲ့ ရွှေဈေးတွေဟာ အဆမတန်မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းနေတာကြောင့်  စစ်ကောင်စီ၏ဗဟိုဘဏ်က နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို  နိုင်ငံခြားငွေဈေးကွက်မှတစ်ဆင့် ထောက်ပံ့ပေးမယ်လို့ သြဂုတ်၃၁ ရက်ညပိုင်းက ထုတ်ပြန်ကြေညာခဲ့ပြီးနောက်  စက်သုံးဆီဈေး၊ ရွှေဈေးနဲ့ ဒေါ်လာဈေးကွက်ဟာ  ပြန်လည်ကျဆင်းလာခဲ့တာပဲဖြစ်ပါတယ်။

ယမန့်နေ့သြဂုတ် ၃၁ ရက်က အမေရိကန်ဒေါ်တစ်ဒေါ်လာလျှင် ကျပ်ငါးထောင်နီးပါးခန့်အထိ ဈေးမြင့်တက်ခဲ့ပြီး စက်တင်လာ၁ရက်နေ့မှာတော့  တစ်ဒေါ်လာကို ကျပ် ၃၆၀၀ အထိပြန်ကျဆင်းလာကာ ဈေးကွက်အတွင်းမှာလည်း  အရောင်းအဝယ်တွေလည်း ရပ်ဆိုင်းနေကြပြီး ရွှေကစားသူတွေကလည်း ယမန်နေ့သြဂုတ်၃၁ရက်နေ့ကနေ  စက်တင်ဘာ၁ရက်နေ့မှာ အခေါက်ရွှေခြောက်သိန်းအထိ ပြန်လည်ကျဆင်းခဲ့တာကြောင့်  ရောင်းမှား၀ယ်မှားမဖြစ်စေဖို့  ရပ်ဆိုင်းစောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

"သူတို့က အခုက ဈေးကွက်တဆင့်ထောက်ပံ့မယ်ဆိုတာ ဘယ်လိုလုပ်မယ်မသိဘူး။ စစ်ကောင်စီက ဒေါ်လာ သန်း ၂၀၀ ထုတ်ရောင်းပေးမယ်လို့ ထုတ်ပြန်ချက်ထုတ်လိုက်လို့  ဈေးကျတာကတော့ဟုတ်ပြီ။ ဘယ်လောက်ထိန်းထားနိုင်မလဲ  ရွှေဆိုရင်တက်ပြီးသားဈေးတန်းကို ပြန်ရောက်မှာပဲ။  ကျရင်လည်းခဏပဲလို့မြင်တယ်။ ဘာလို့လဲဆိုတော့  သူတို့လည်းကြေညာချက်မျိုးစုံထုတ်ပြီး  စမ်းကြည့်နေကြတဲ့သဘောဆိုတော့ ရေရှည်ထိန်းနိုင်ဖို့မလွယ်ဘူး"လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးမှာလည်း ယနေ့စက်တင်ဘာ၁ရက်နေ့မှာ  သြဂုတ်၃၁ရက်နေ့ကထက် တစ်လီတာလျှင် ကျပ် ၂၀၀ ခန့်ကျဆင်းသွားခဲ့ပြီး  အခေါက်ရွှေဈေးမှာလည်း ယမန့်နေ့က တစ်ကျပ်သားကို ကျပ် ၃၇သိန်းအထိဈေးတက်ခဲ့သော်လည်း ယနေ့တွင် ကျပ် ၆သိန်းကျော်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

အဲ့ဒီလိုကျဆင်းခဲ့ပေမဲ့  ရွှေဈေးကွက်မှာတော့  စက်တင်ဘာ၁ရက်နေ့မှာ အရောင်းအ၀ယ်မရှိဖြစ်နေကာ   စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ကျော်သာ ဈေးဖွင့်ထားတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026