NEWS

ထားဝယ်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ကိုမမိလို့ မိခင်ဖြစ်သူကိုစစ်ကောင်စီကဓါးစာခံဖမ်းဆီးပြီးထောင်၂နှစ်ချ

CoverLogo
3.9K Views

စစ်ကောင်စီကထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ မသီရိမိုးကို ဖမ်းမမိတဲ့အတွက် မိခင်ဖြစ်သူကို  ဓားစာခံအဖြစ် ဖမ်းသွားပြီး ယခုလ ၂၇ ရက်နေ့မှာပဲ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့သိရပါတယ်။

မသီရိမိုးရဲ့မိခင်နဲ့ညီမင​ယ်ဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၈ ရက်ကညပိုင်း၁၁နာရီလောက် နေအိမ်မှာဖမ်းသွားတာဖြစ်ပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့တရားစွဲကာ ဒီဇင်ဘာလ ၂၇ ရက်မှာတော့ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့ မသီရိမိုးက MLN ကိုပြောပါတယ်။

"၈.၁၁.၂၀၂၁ ည( ၈) နာရီလောက်မှာ အရပ်ဝတ်နဲ့စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ 
ထားဝယ်မြို့  ကနိုင်းဒါရွာက နေအိမ်ကို အကြမ်းဖက်ဝင်ရောက်ရှာဖွေပြီးနောက် ညီမကိုရှာမတွေ့လို့အိမ်မှာရှိတဲ့ အမေနဲ့ညီမလေးကို ညီမနဲ့ပတ်သက်ပြီးစစ်မေးစရာရှိလို့ဆိုပြီးမတရားဖမ်းဆီးခေါ်ဆောင်သွားတယ် ဖမ်းပြီးနောက် ထားဝယ်မြို့မရဲစခန်းမှတဆင့် စစ်ကြောရေးကိုရောက်ခဲ့တယ်လို့သိရပြီး ( ၁၁ ) ရက်နေ့ညနေပိုင်းမှာ ညီမလေးပြန်လွတ်လာခဲ့တယ် အမေ့ ကိုတော့ထားဝယ်အကျဥ်းမှာအချုပ်ချထားပြီး ၅၀၅(က)ပုဒ်မနဲ့ အမှုဖွင့်တရားစွဲဆိုပြီးနောက် မနေ့က ၂၇.၁၂.၂၀၂၁မှာ ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့တယ်လို့သိရတယ် စပြီးဖမ်းတဲ့အချိန်မှာရော အမိန့်မချခင်အချိန်ထိရော ညီမကိုလာအဖမ်းခံရင်အမေကိုပြန်လွတ်ပေးမယ်လို့ပြောခဲ့တယ်လို့သိရတယ်"လို့ MLN ကိုပြောပါတယ်။

မသီရိမိုးရဲ့မိခင်

မသီရိမိုးဟာ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

ဒီလိုမိခင်ဖြစ်သူဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးတော့" ဘာမဟုတ်တဲ့ မိန်းကလေးသေးသေးလေးတစ်ယောက်ကိုတောင်မိအောင်မဖမ်းနိုင်လို့ အမေကိုဖမ်းပြီး လာအဖမ်းခံရင်ပြန်လွှတ်ပေးမယ်ဆိုကတည်းက ဒီကောင်တွေရဲ့သတ္တိကိုစဉ်းစားသာကြည့်ပေတော့" လို့ မသီရိမိုးက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်သူတွေကို စစ်ကောင်စီဟာ ဖမ်းဆီးရာမှာ သူတို့အလိုရှိသူကိုမတွေ့တဲ့အခါ မိသားစုဝင်တွေ ၊ဆွေမျိုးသားချင်းတွေကိုပါ ဖမ်းတာတွေကိုပါလုပ်နေပြီးတော့မသီရိမိုးကိုစစ်ကောင်စီကသြဂုတ်လထဲက ၅၀၅-ကနဲ့တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားတာလို့သိရပါတယ်။


Related posts

Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025
Cover
ဒေါ်မျိုးအေး လွတ်မြောက်မှု လက်ခံရန် အလွန်ခက်ခဲနေ ဟု STUM ထုတ်ပြန်
Nov 07, 2025
Cover
ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်အလုပ်အကိုင်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှု ၄ ခုခွင့်ပြုထားဟု စစ်ကော်မရှင်ထုတ်ပြန်
Nov 06, 2025
Cover
စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နယူးဇီလန် အသိအမှတ်မပြု
Nov 05, 2025