NEWS

တစ်နှစ်အတွင်း KNU ကော်သူးလေထိန်းချုပ်နယ်မြေမှာ တိုက်ပွဲစုစုပေါင်း ၃၁၅၂ ကြိမ်ဖြစ်၊ ဒေသခံပြည်သူ ၅ သောင်းကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရ

CoverLogo
829 Views

ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေထိန်းချုပ်နယ်မြေမှာ တိုက်ပွဲစုစုပေါင်း ၃၁၅၂ ကြိမ်ဖြစ်၊ ဒေသခံပြည်သူ ၅ သောင်းကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း  ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေထိန်းချုပ်နယ်မြေမှာ  အာဏာသိမ်းစစ်ကောင်စီ၏ တပ်များရဲ့  တပ်အင်အားတိုးချဲ့မှု နှင့် နယ်မြေစိုးမိုးမှုများကို အစဥ်တစိုက်ပြုလုပ်နေသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်သူလူထုများကို ခြောက်လှန့်ပြီး ပြည်သူတို့၏ ပစ္စည်းဥစ္စာများကို အတင်းအဓမ္မသိမ်းယူမှုများ နှင့် ပြည်သူလူထု၏ အိမ်မွေးတိရစ္ဆာန်များကို ခိုးယူစားသုံးဖျက်ဆီးမှုများကိုလည်း စဥ်ဆက်မပြတ် ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံတပ်များမှ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အတွက်ကြောင့် နယ်မြေကာကွယ်ရေး နှင့် ပြည်သူလူထု၏ လုံခြုံရေးကို တာဝန်ယူပေးနေရသော ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့နှင့် နေ့စဥ်ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်များ၊၎င်းတို့၏ လက်အောက်ခံတပ်များ နှင့်  ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့၏ ကေအဲန်ယူထိန်း ချုပ်နယ်မြေ တပ်မဟာအသီးသီးတွင် ထိတွေ့ပစ်ခတ်မှုစုစုပေါင်းအကြိမ်ရေများမှာ
ဒူးသထူခရိုင်/ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေအတွင်းတွင်  (၂၄၉) ကြိမ်
တောင်ငူခရိုင်/ တပ်မဟာ(၂)ထိန်းချုပ်နယ်မြေအတွင်းတွင် (၅၀) ကြိမ်
ညောင်လေးပင်ခရိုင်/တပ်မဟာ(၃)ထိန်းချုပ်နယ်မြေအတွင်းတွင် (၁၀၀) ကြိမ်
မြိတ်ထားဝယ်ခရိုင် / တပ်မဟာ(၄)ထိန်းချုပ်နယ်မြေအတွင်းတွင် (၉) ကြိမ်
မူတြော်ခရိုင် / တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းတွင် (၂၆၉၆) ကြိမ် နှင့် 
ဒူးပလာယာခရိုင် / တပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်းတွင် (၅၂) ကြိမ်  စသည့်တို့ ဖြစ်ပွားခဲ့ပါတယ်။

ထို့ကြောင့် ကေအဲန်ယူထိန်း ချုပ်နယ်မြေ တပ်မဟာများအားလုံးအတွင်း ထိတွေ့ပစ်ခတ်မှုစုစုပေါင်းအကြိမ်ရေများမှာ ( ၃၁၅၂ ) ကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ကေအဲန်ယူထိန်း ချုပ်နယ်မြေ တပ်မဟာများအားလုံးအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ( ၂၁၉၀ ) ဦး သေဆုံးကာ ( ၂၀၄၈ )ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ဘက်တွင် တိုင်းပြည် နှင့် လူမျိုးအတွက် ( ၄၂ ) ဦး အသက်စွန့်ခဲ့ရပြီး ( ၁၃၀ )ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုများ နေထိုင်ရာကျေးရွာအတွင်း နှင့် လုပ်ငန်းခွင်များအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ်များ နှင့် ၎င်းတို့၏ လက်အောက်ခံတပ်များမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုပေါင်း အလုံးရေ ( ၁၅၀၀ ) ကျော်ရှိခဲ့ပြီး လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူလူထုများ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ် နှင့် အိမ်မွေး တိရစ္ဆာန်များကို ထိခိုက်ပျက်စီး သေဆုံးမှုများ ရှိခဲ့ပါတယ်။

ညောင်လေးပင်ခရိုင် ၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင် များအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ကို အသုံးပြု၍ ပြည်သူလူထုများနေထိုင်ရာ နေရာဒေသများသို့ ဗုံးကြဲ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့်  လူထုပေါင်း (၃၁) ဦး သေဆုံးပြီး (၈၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူလူထုများသည် စိုးရိမ်ကြောက်လန့်မှုများနှင့်အသက်ရှင်နေထိုင်ခဲ့ကြရပြီး တိုက်ပွဲများကြောင့် ပြည်သူလူထုပေါင်း ( ၅၀၀၀၀ )ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အခက်အခဲအမျိုးမျိုးနှင့်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026