NEWS

ဆန်ဈေးတင်ရောင်းလို့ဆိုကာ အဖမ်းခံရတဲ့ဂျပန်နိုင်ငံသား ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်

CoverLogo
445 Views

ဆန်စျေးနှုန်းမြှင့်တင်ရောင်းချသည်ဟုဆိုကာ ဖမ်းဆီးခံရတဲ့  ဂျပန်နိုင်ငံသား ကာဆာမာဆုဟီရိုရှီကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဂျပန်သတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 


၎င်းဂျပန်နိုင်ငံသား ကို ဩဂုတ်လ ၁၂ရက်က ၂၀၁၂ခုနှစ် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅အရ  ထောင်ဒဏ်တစ်နှစ်နဲ့ငွေဒဏ် ကျပ်ငါးသိန်း ချမှတ်ခံရပြီး နောက် နာရီပိုင်း အတွင်း ပြန်လည်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြည်တွင်းမီဒီယာတွေကိုဖြေကြားထားပါတယ်။ 


အသက်(၅၃) နှစ်ရှိပြီဖြစ်တဲ့  မစ္စတာကာဆာမာဆုဟီရိုရှီဟာ  Aeon Orange စျေးဝယ်စင်တာရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်ပြီး  ဆန်ကိုသတ်မှတ်စျေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိဈေးတင် ရောင်းချခဲ့သည်ဟုဆိုကာ အရေးယူခံခဲ့ရတာဖြစ်ပါတယ်။ 


၎င်းနှင့်အတူ One Stop Mart ၊ Sein Gay Har Trading ၊ City Mart Holding က တာဝန်ရှိသူတွေနဲ့ ဆန်ကုန်သည်တွေအပါအဝင် စုစုပေါင်း ၁၁ဦး ကို ဆန်စျေးတင်ရောင်းသည်ဆိုကာ ဇွန်လ ၃၀ရက် က  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 


လက်တလောမှာ အရေးယူခံရသူတွေထဲ မှ ဂျပန်နိုင်ငံသား ကာဆာမာဆုဟီရိုရှီ ပြန်လည်လွတ်မြောက်လာသောပေမယ့်  အခြားသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်မှ  တစ်စုံတရာထုတ်ပြန်‌ပြောဆိုတာမျိုး မရှိသေးကြောင်း သိရပါတယ်။ 


Related posts

Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025
Cover
ဒေါ်မျိုးအေး လွတ်မြောက်မှု လက်ခံရန် အလွန်ခက်ခဲနေ ဟု STUM ထုတ်ပြန်
Nov 07, 2025
Cover
ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်အလုပ်အကိုင်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှု ၄ ခုခွင့်ပြုထားဟု စစ်ကော်မရှင်ထုတ်ပြန်
Nov 06, 2025
Cover
စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နယူးဇီလန် အသိအမှတ်မပြု
Nov 05, 2025