NEWS

ဆန်ဈေးတင်ရောင်းလို့ဆိုကာ အဖမ်းခံရတဲ့ဂျပန်နိုင်ငံသား ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်

CoverLogo
562 Views

ဆန်စျေးနှုန်းမြှင့်တင်ရောင်းချသည်ဟုဆိုကာ ဖမ်းဆီးခံရတဲ့  ဂျပန်နိုင်ငံသား ကာဆာမာဆုဟီရိုရှီကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဂျပန်သတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 


၎င်းဂျပန်နိုင်ငံသား ကို ဩဂုတ်လ ၁၂ရက်က ၂၀၁၂ခုနှစ် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅အရ  ထောင်ဒဏ်တစ်နှစ်နဲ့ငွေဒဏ် ကျပ်ငါးသိန်း ချမှတ်ခံရပြီး နောက် နာရီပိုင်း အတွင်း ပြန်လည်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြည်တွင်းမီဒီယာတွေကိုဖြေကြားထားပါတယ်။ 


အသက်(၅၃) နှစ်ရှိပြီဖြစ်တဲ့  မစ္စတာကာဆာမာဆုဟီရိုရှီဟာ  Aeon Orange စျေးဝယ်စင်တာရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်ပြီး  ဆန်ကိုသတ်မှတ်စျေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိဈေးတင် ရောင်းချခဲ့သည်ဟုဆိုကာ အရေးယူခံခဲ့ရတာဖြစ်ပါတယ်။ 


၎င်းနှင့်အတူ One Stop Mart ၊ Sein Gay Har Trading ၊ City Mart Holding က တာဝန်ရှိသူတွေနဲ့ ဆန်ကုန်သည်တွေအပါအဝင် စုစုပေါင်း ၁၁ဦး ကို ဆန်စျေးတင်ရောင်းသည်ဆိုကာ ဇွန်လ ၃၀ရက် က  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 


လက်တလောမှာ အရေးယူခံရသူတွေထဲ မှ ဂျပန်နိုင်ငံသား ကာဆာမာဆုဟီရိုရှီ ပြန်လည်လွတ်မြောက်လာသောပေမယ့်  အခြားသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်မှ  တစ်စုံတရာထုတ်ပြန်‌ပြောဆိုတာမျိုး မရှိသေးကြောင်း သိရပါတယ်။ 


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026