NEWS

စစ်မှုထမ်းဥပဒေအကြောင်းပြ လစဉ်ငွေကြေးကောက်ခံနေလို့ ဒေသခံတွေအခက်ကြုံနေ

CoverLogo
496 Views
 
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စောင်းအုပ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြကာ လစဉ်ငွေကြေး ကောက်ခံတာတွေ လုပ်ဆောင်နေတာ ကြောင့် အခက်အခဲ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကစတင်ပြီး ရွာတွေမှာ အစည်းအဝေးလုပ်ကာ တစ်ရွာတစ်ယောက် စစ်မှုထမ်းရမှာ ဖြစ်ပြီး စစ်မှုမထမ်းချင်ပါက ငွေကြေးပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
ငွေကြေးပေးဆောင်ရာမှာ အိမ်တစ် အိမ်ကို ယောင်္ကျားလေးတစ်ယောက်ရှိပါက တစ်သိန်း၊ နှစ်ယောက်ရှိပါက နှစ်သိန်းနှုန်း သတ်မှတ်ပြီး ပေးရမယ်လို့ ကစောင်းကျွေးရွာနေသူ ရဲဝန်ထမ်းဟောင်းနဲ့ မင်းမင်းဇော်၊ ဦးလှငွေတို့က အစည်းဝေးလိုက်လုပ်ပြီး ပြောဆိုခဲ့ တယ်လို့ သိရပါတယ်။
“ရွာကလူတွေက မပေးနိုင်လို့ တစ်ဆင့်စကားတစ်ဆင့်နဲ့ မြို့နယ်စကစရုံးကို သတင်းရောက်သွားတယ်။ နောက်တော့ ဦးလှငွေကို မြို့နယ်ရုံးက ခေါ်တယ်ကြားတယ်။ နောက်ပိုင်းကျတော့ တစ်အိမ်ထောင် တစ်သိန်းမဟုတ် တော့ဘဲနဲ့ တစ်အိမ်ထောင်ကို တစ်လတစ်သောင်းပေးရမယ်လို့ ပြောင်းသွားတယ်။ နောက်ပြီး သူကဒီစကားကို အထက်ကကြားအောင် ပြောတဲ့ကောင်တွေလည်း ငါဘာကောင်လဲသိအောင် လုပ်ပြမယ်။ ငါ့ကို အာခံတဲ့ကောင်တွေကို စကစကိုခေါ်ပြီး ဆွဲခိုင်းမယ်လို့ အစည်းအဝေးလုပ်ပြီး ထပ်ပြောတယ်။ ပြောမယ်ဆို ဩဂုတ်လကစပြီး စစ်မှုမထမ်းရအောင် တစ်သောင်းပေးရတယ်။ နောက်ပြီး စကစဟောင်းတွေကို ထောက်ပံ့ရမယ်ဆိုပြီး တစ်သောင်းကောက်တယ်။ ပြီးတော့်သူ့အိမ်ကို ကင်းစောင့်ဖို့ တစ်အိမ်နှစ်ယောက် လာပေးရမယ်။ လာမစောင့်ပေးနိုင်ရင် တစ်သောင်းပေးရမယ်ဆိုပြီး ကောက်တယ်။ ပြောမယ်ဆို ရွာကလူတွေက ထမင်းစားဖို့တောင် အဆင်မပြေတာကို တစ်လသုံးသောင်းပေးရတော့ တော်တော်အခက်အခဲ ဖြစ်နေပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဦးလှငွေက လုပ်ပိုင်ခွင့်အကြောင်းပြကာ ချွေးမဖြစ်သူကျောင်းအုပ်ဆရာမနဲ့အတူ စာသင်ကျောင်းအတွက် အကြောင်းအမျိးမျိုးပြကာ ငွေကြေးကောက်ခံတဲ့အပြင် မြို့နယ်က စာသင်ကျောင်းအတွက် ရေသန့်စက်ချပေး တယ်ဆိုပြီး အိမ်တစ်အိမ်ကို ကျပ်နှစ်သောင်း ကောက်ခံတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် စီသာကံဦးရွာကို ရောက်ရှိလာတဲ့ ဆေးခန်းဆရာကလည်း သမက်ဖြစ်တာကြောင့် လုပ်ပိုင်ခွင့် အသုံးပြုကာ ရွာဆေးခန်းကနေ စကစကို ငွေပေးပြီး နေရာပြောင်းလဲတာတွေလည်း လုပ်ဆောင်နေပါတယ်။
ဆေးခန်းပြုပြင်ရေးအတွက်ဆိုပြီး လယ်သမားတွေကို ဧကအလိုက်ပိုက်ဆံခွဲပေးရမယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။
“ဦးလှငွေက တောင်ယာချောက်ရွာနဲ့ စီသာကံဦးရွာသားတွေကို အရင်ကပြောသလို တစ်အိမ်ထောင်ကို ယောင်္ကျား လေး တစ်ယောက်ရှိရင် တစ်သိန်း၊ နှစ်ယောက်ဆို နှစ်သိန်း၊ လယ်သမားတွေဆို တစ်သိန်းနှစ်သောင်း ပေးရမယ်။ မပေးတဲ့အိမ်တွေကို စကစကိုခေါ်ပြီး စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်ပြောဆိုပါတယ်။ တကယ်ဆို ဦးလှငွေက ရွာသားတွေက တင်ထားတာ မဟုတ်ပါဘူး။ စကစလက်ထက်မှာ လူကြီးပြန်လုပ်ပြီး ငွေကြေးကောက်ခံတာတွေ၊ ရပ်ရွာပြည်သူတွေကို မတရားအနိုင်ကျင့်ငွေကောက်ခံတာတွေ လုပ်ဆောင်နေပါတယ်”လို့ သူက ပြောပါတယ်။
ပြည်တွင်းမှာ စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးနောက်မှာ စစ်မှုထမ်းရမယ့်အခြေအနေကို အကြောင်းပြကာ အုပ်ချုပ်ရေးမှုးတွေက အဓမ္မငွေကြေးကောက်ခံတာကို လုပ်ဆောင်နေကြပြီး ပြည်သူတွေစားဝတ်နေရေး ပိုမိုခက်ခဲလာပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026