NEWS

စစ်တပ်အာဏာသိမ်းပြီး (၇)လတာတိုက်ပွဲများအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂၄၉ ဦးသေဆုံးခဲ့

CoverLogo
942 Views

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး၊ မေလ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ ၇ လအတွင်း တိုက်ပွဲပေါင်း (၁၃၀) ကျော်ဖြစ်ပွားခဲ့ပြီး အနက် KNDF မှပါဝင်ဦးဆောင်တိုက်ခိုက်တဲ့တိုက်ပွဲ ၈၁ ကြိမ်ရှိခဲ့တဲ့အပြင်အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ (၂၄၉) ဦးရှိပြီး ဒဏ်ရာရသူ (၁၄၉) ဦးရှိခဲ့တယ်လို့KNDF ကဒီကနေ့မှာပဲသတင်းထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားများ ကွယ်ရေးတပ်  KNDF ဖက်မှ ဒဏ်ရာရသူ (၂၄) ဦးရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းကျဆုံးသူမှာ (၁၃) ဦးနှင့် အရပ်သားပြည်သူများ သေဆုံးမှုမှာ (၁၄၆) ဦးအထိရှိခဲ့တယ်လို့လဲထုတ်ပြန်ချက်အရသိရပါတယ်။

"အဘက်ဘက်မှကူညီအား​ပေး ထောက်ပံ့အားဖြည့် လှူဒါန်းပေးကြသော ပြည်သူလူထုများကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည် အထိ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြုပါသည်"လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကဆိုပါတယ်။

 

လက်ရှိမှာ KNDF တွင် တပ်ရင်း (၁၈)ရင်း ဖွဲ့စည်းနိုင်ခဲ့ပြီး (၁၆) ရင်းကို တင်းပြည့်ကျပ်ပြည့် စနစ်တကျဖွဲ့စည်းနိုင်ကာလက်နက်များတပ်ဆင်လျက်ရှိတဲ့အပြင်ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကို ခံယူပြီး အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

photo- ​ KNDF (ဒီဇင်ဘာ ၁၈ ရက်က နောင်လုံရွာနှင့် ကွန်နားအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်များမှ  ​နေအိမ်များကိုမီးရှို့ဖျက်စီးခဲ့စဉ်။)
 


Related posts

Cover
အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ
Sep 05, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
စစ်မှုထမ်းပြီးသူများ အလုပ်အကိုင်ရရှိရေး ဟုဆိုကာ စီမံခန့်ခွဲမှုကော်မတီ စစ်ကောင်စီ ဖွဲ့စည်း
Jul 22, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025
Cover
လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025
Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025