NEWS

စစ်တပ်ရဲ့ ဗုံးကြဲခံရ၊ လက်နက်ကြီး ပစ်ခံရတာတွေကြောင့် အောက်တိုဘာလအတွင်း  အမျိုးသမီး ၇၀ ကျော် သေဆုံး

CoverLogo
437 Views

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂၀၂၄ အောက်တိုဘာလအ တွင်း မြန်မာနိုင်ငံအနှံ့အပြားမှာ အမျိုးသမီး ၇၀ကျော် သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့(BWU) က နိုဝင်ဘာ ၅ရက်က ထုတ်ပြန်ထားပါတယ်။ 

အသက်ဆုံးရှုံးခဲ့ရသော အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲခံရလို့ သေဆုံးသူ ၄၅ဦး၊  စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ခဲ့ရသူ ၁၀ဦး၊ ရပ်ကွက်နေအိမ်တွေပေါ်သို့ လက်နက်ကြီးနဲ့ ပစ်ခတ် ခံရလို့ သေဆုံးခဲ့သူ ကိုးဦး၊ ပဋိပက္ခနဲ့ ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းခံရတာကြောင့် သေဆုံးသူ လေးဦး အကြောင်းမဲ့ သေနတ်နဲ့ ပစ်သတ်ခံရသူ နှစ်ဦးနှင့် ဒရုန်းတိုက်ခိုက်ခံရလို့ တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အောက်တိုဘာလအတွင်း အမျိုးသမီးတွေ အများဆုံး သေဆုံးခဲ့သော ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၂၅ဦး သေဆုံးခဲ့ပါတယ်။  

ရခိုင်ပြည်နယ်ဟာ ဒုတိယအများဆုံးဖြစ်ပြီး ၂၂ဦး သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် အောက်တိုဘာလအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသမီး ၄၄ဦးအထိ ရှိတယ်လို့ BWU က ထုတ်ပြန်ထားပါတယ်။ 

လေကြောင်းဗုံးကြခံရမှု ၁၇ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှု ၁၂ဦး၊ ပဋိပက္ခနဲ့ ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းခံရသူ လေးဦး၊ တိုက်ပွဲအတွင်း ကျည်ထိမှန်သူ ၃ဦး၊ ဒရုန်းတိုက်ခိုက်ခံရမှုနှင့် သေနတ်ပစ်ခတ်ခံရတာ ကြောင့် ၂ဦးစီ၊  ‌မြေမြှုပ်မိုင်းကြောင့် ၁ဦး၊ မီးရှို့ခံရသူ ၁ဦးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခံရသူ ၁ဦးစုစုပေါင်း ၄၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ဟာ နိုင်ငံအနှံ့အပြားရှိ ဖြစ်ပွားနေသော တိုက်ပွဲများတွင် အမျိုးသမီးတွေ သေဆုံး၊ ဒဏ်ရာရှိသော စာရင်းများကို သတင်းမီဒီယာတွေက ဖော်ပြသော သတင်းတွေကို စောင့်ကြည့် စာရင်းကောက် ယူထားတာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်မြေပြင်တွင် သတင်းအချက်အလက်စီးဆင်းမှုများမှာ စိန်ခေါ်မှုတွေ ရှိနေသဖြင့် လက်လှမ်းမှီသလောက် ကောက်ယူထားတာ ဖြစ်ပြီး မြေပြင်အခြေအနေမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026