NEWS

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းကရွာတွေကို စစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူ့နေအိမ်တွေကိုမီးတင်ရှို့ခဲ့၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူပေါင်းထောင်ဂဏန်းရှိနေ

CoverLogo
1K Views

ဒီကနေ့ညနေ၅နာရီကျော်လောက်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ဗုံးကျဲပြီးနောက်  ရွာလုံးကျွတ်မီးတင်ရှို့ခဲ့တယ်လို့သတင်းရရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသော ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ နတ်ချောင်းကျေးရွာသို့ စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် အသုံးပြုပြီး လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

 

ကလေးမြို့ နတ်ချောင်းရွာ မီးလောင်နေ

ယခုလက်ရှိအဆိုပါဒေသအတွင်းဆက်သွယ်ရေးလိုင်းများပြတ်တောက်နေတဲ့အပြင်
ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDF Kalay၊ CNDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေတယ်လို့လဲသိရပါတယ်။

လွန်ခဲ့တဲ့ဒီဇင်ဘာ၂၁ရက်နေ့က မကွေးတိုင်း ဂန့်ဂေါက  စန်းမြို့ရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူပိုင် နေအိမ် အလုံး ၃ဝကျော် မီးလောင်ပျက်စီးခဲ့ကာ အစားအသောက်နှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေ တယ်လို့သိရပါတယ်။

လက်ရှိချိန်တွင် ဆုံးရှုံးထိခိုက်ခဲ့သော ပြည်သူများကို ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးထားကြောင်း သိရပါတယ်။

ယမန်နေ့ ကလဲ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရဲဒွေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ် ၁၅၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးပြစ်ခဲ့တယ်လို့ဒေသခံတွေကသတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုပါတယ်။

 

အဆိုပါကျေးရွာကို ဒီဇင်ဘာ ၂၀  ရက်နေ့ မနက်ခင်းပိုင်းတွင် စတင်ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်လောက်တွင် နေအိမ်များကို မီးများ စတင်ရှို့ခဲ့ခြင်းဖြစ်ကာပြီး လက်ရှိအချိန်တွင်လည်း ရဲဒွေးကျေးရွာတွင် တပ်စွဲထားလျက်ရှိတယ်လို့ဆိုပါတယ်။

အဖမ်းခံထားသူများ ခန့်မှန်းခြေ ၁၅ ဦးဝန်းကျင်ရှိပြီး တောင်သူများ ရိတ်သိမ်းထားသည့် စပါးများကို ကားများနှင့် ခိုးယူနေကြောင်း၊ ကျေးရွာအတွင်းနေထိုင်သူများ လက်ရှိအချိန်တွင် ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။


Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025