NEWS

ကျိုက်မရောမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချလို့ သေဆုံးသူတွေထဲ ကရင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောမောင်ကြီးပါဝင်

CoverLogo
299 Views

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် အာဇာနည် နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းကျောင်းသစ်ကျောင်း ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချတဲ့ အတွက် ပြည်သူ ၃၀ ခန့် သေဆုံးခဲ့ရာ ယင်းသေဆုံးသူတွေ ထဲ မှာ ကရင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဦးစောမောင်ကြီး လည်း သေဆုံးခဲ့တယ်လို့ ၎င်းရဲ့မိသားစုနဲ့မိတ်ဆွေတွေထံ က သိရပါတယ်။

ဇူလိုင် ၁၉ရက် မနက် ၁၀ နာရီ ၁၅မိနစ်အချိန်က ကျောင်းသစ်ဘုန်းကြီးကျောင်း ဝါဆိုသင်္ကန်းကပ်လှူပွဲအတွက် ချက်ပြုတ်နေစဉ် စစ်အုပ်လေယာဉ်က  ၂နေရာခွဲပြီး ပေါင် ၅၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက် ခိုက်ခဲ့တာလို့ သိရပါတယ်။

"ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်းကပ်ဖို့  ကိုစောမောင်ကြီး တို့ အဖွဲ့ ချက်ပြုတ် နေတဲ့ အချိန် ဗုံးကျဲချခံရတာ လို့ သိရပါတယ်။ကိုစောမောင်ကြီးက လွန်ခဲ့တဲ့ ၁၀ စုနှစ် တစ်ခုသာသာထဲက ပြည်သူတွေဘက်ကနေ ပြီး    မြန်မာပြည့်အနှံ့အပြား  စစ်တပ်က မတရားသိမ်းယူထားတဲ့မြေယာကိစ္စတွေ လူ့အခွင့်ရေးကိစ္စတွေ ကို  ကရင်ပြည်နယ်အခြေစိုက် ပြီးတော့ မြေယာတွေ ပြန်ရအောင် ကူညီဆောင်ရွက် ပေးခဲ့တဲ့သူဖြစ်တယ်။အခုနောက်ပိုင်း တော်လှန်ရေးကာလ တစ်လျှောက်မှာလဲ တော်လှန်ရေး အင်းအားစုတွေ အတွက် ထောက်ပို့ကူညီခဲ့တာတွေ တိမ်းရှောင် ထွက်ပြေးလာရသူတွေကို ကူညီကယ်ဆယ်ခဲ့တာတွေ စားနပ်ရိက္ခာထောက်ပံလှူဒါန်းပေးခဲ့တာတွေ များစွာ ဆောင်ရွက်ပေးခဲ့ပါတယ်။သူဟာလူသားတစ်ယောက် ပီသစွာနဲ့အကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့တယ် အခုလို ပြည်သူ့တာဝန်တွေ ထမ်းဆောင်ရင်းမထင်မှတ်ဘဲ ကျဆုံးခဲ့တဲ့ အတွက် အလွန်ဝမ်းနည်းကြေကွဲရပါတယ်"လို့ ဦးစောမောင်ကြီးရဲ့ မိတ်ဆွေတစ်ဦးကပြောပါတယ်။

ဦးစောမောင်ကြီး သေဆုံးချိန်မှာ  အသက် ၅၅ နှစ်ရှိ ပြီး၊ ကရင်ပြည်နယ်အတွင်း အရပ်သားဒေသခံ မြေ သိမ်း၊ ယာသိမ်းနစ်နာမှုပြဿနာများကို  လူထုဘက်မှအစဉ်တစ်စိုက် တက်ကြွလှုပ်ရှား ဦးဆောင် သူတစ်ဦး ဖြစ်ကာ  ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ ကရင်ပြည်နယ်အခြေစိုက် ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီထူထောင်ပြီး ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သေး တယ်လို့သိရပါတယ်။

လက်ရှိ မှာ သေဆုံးသူ စောမောင်ကြီး ကို ရည်စူးပြီး ဆွမ်းသွပ်အလှူအတန်း ပြုလုပ်ရန် လွတ်မြောက်နယ်မြေရောက် စစ်ရေး၊ နိုင်ငံရေး မိတ်ဆွေအစုအဖွဲ့ တွေ က ကျင်းပနိုင်ဖို့စီစဉ်လျှက်ရှိတယ်လို့သိရပါတယ်။

 


Related posts

Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025
Cover
လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025
Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025