NEWS

ကလေးတက္ကသိုလ်ကိုတပ်စွဲထားတဲ့ စစ်ကောင်စီက ချင်းတောင်ဘက်ကို လက်နက်ကြီးများနဲ့ပစ်ခတ်နေ

CoverLogo
1.3K Views

ကလေးတက္ကသိုလ်ကိုတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ က ချင်းတောင်ဘက်ကို လက်နက်ကြီးများနဲ့ပတ်ခတ်နေသလို ကလေးမြို့တွင်းကိုလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

"စစ်ကောင်စီတပ်သားများက အကြမ်းဖက် စစ်ပွဲများ ဆင်နွဲရာတွင် လက်နက်ကြီး ပစ်ကူ ပေးနိုင်ရန် ကလေးတက္ကသိုလ် အတွင်းသို့ အဝေးပစ် ၁၂၀ မမ၊ ၁၂၂မမ(Howitzer) အမြောက်များယူဆောင်ကာ ကလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့၌အထိုင်ချပြီး၊ ချင်းပြည်နယ်ဒေသ၊ ဌာနေတိုင်းရင်းသားကျေးရွာများသို့ ပစ်ခတ် တိုက်ခိုက်ခြင်းများစတင်ပြုလုပ်နေပါတယ်"လို့ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေတပ်စွဲကာ တိုက်ခိုက်မှုများပြုလုပ်နေချိန်မှာ ကလေးမြို့က သပိတ်အင်အားစုတွေကလည်း အာဏာသိမ်းစစ်ကောင်စီအလိုမရှိကြောင်း နေ့စဉ်ချီတက်ဆန္ဒဖော်ထုတ်လျှက်ရှိပြီး ရက်ပေါင်း ၃၄၄ ရက်တိုင်ခဲ့ပြီဖြစ်ပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်လမ်းကြောင်းမှာတည်ရှိတဲ့ ကလေးမြို့ရဲ့ တက္ကသိုလ်ကို ခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်တွေက ကလေးမြို့တောင်ပိုင်းက နတ်ချောင်း၊ နတ်မြောင်း၊ ဝေဘူလဒေသ တွေကိုလည်း ထိုးစစ်ဆင်တာတွေ ပြုလုပ်လို့ ဒေသခံ ရွာလုံးကျွတ်စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

photo-Google

မနေ့က ဇန်နဝါရီ ၁၆ ရက် မှာ ကလေးမြို့တွင်းကို စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်လို့ လူနေအိမ်တစ်လုံးကိုထိမှန်ခဲ့ပါတယ်။

လူနေအိမ်ပျက်စီးနေ

"ဖက်ဆစ် စစ်တပ်သည်  ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များကို စစ်ရေးအရ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့သဖြင့်  ချင်းတောင်ဒေသရှိ၊ ဌာနေတိုင်းရင်းသားကျေးရွာပြည်သူများကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း နှင့် လူနေအိမ်ခြေများကို မီးရှို့ခြင်း စသည့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေသည့် အပြင် စစ်ရဟတ်ယာဥ်များ အသုံးပြုကာ လေကြောင်းမှ တိုက်ခိုက်မှုများနှင့် မြေပြင်မှ လက်နက်ကြီး ပစ်ကူများကိုလည်း အဆက်မပြတ် အသုံးပြုနေပါတယ်"လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက ZFU /PDF-Zoland, CNO/CNDF, CDM-Siyin, PDF-Kalay ,CNA တို့ပါဝင်တဲ့ ချင်းကာကွယ်ရေးတပ်များနှင့် ချင်းပြည်နယ် ကနေဒီတောင်ကြောတစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားနေတာ လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်သားများကိုတွေ့ရစဉ်။

စစ်ကောင်စီတပ်သားတွေဟာ ယင်းတို့ဘက်မှ အထိနာလာပါက လေကြောင်းပစ်ကူများကိုအသုံးပြုလေ့ရှိပြီး လက်ရှိအနေအထားမှာလည်း လေကြောင်းပစ်ကူမပါဘဲ ရှေ့ဆက်မတိုးရဲတဲ့အနေအထားရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကလေးမြို့တောင်ပိုင်းနှင့်ချင်းပြည်(ဟိန်ဇိန်၊သိုင်းငင်း)မှဒေသခံစစ်ရှောင် (၅၀၀၀)ကျော်ရှိနိုင်တယ်လို့ အကြမ်းမျဉ်းသိရပါတယ်။

ယခုအခါတွင် ချင်းတောင်ဒေသနှင့် ကလေးနယ် တောင်ပိုင်းဒေသတို့ကို ဖက်စစ် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် စစ်ဘေးရှောင် ပြည်သူလူထု ထောင်ချီ ရှိနေပြီ ဖြစ်ပြီး  အ၀တ်တစ်ထည် ကိုယ်တစ်ခု ဖြင့် မိမိတို့ အသက်မသေရုံ တစ်မယ် ထွက်ပြေးရသဖြင့် စစ်ဘေးရှောင် ပြည်သူလူထုမှာ လူသားချင်းစာနာမှု အကူအညီများစွာ လိုအပ်လျှက် ရှိတယ်လို့ ဆိုပါတယ်။

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026