မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူအုပ်စု မှာ ဒီဇင်ဘာ ၂၉ ရက်က စကစ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ကင်းလှည့်နေတဲ့ စကစ တပ်ဖွဲ့ဝင် အင်အား၂၀ လောက်ဟာ လမ်းကြောင်း ၃ ခု ခွဲပြီး ကမ်းလှည့်နေစဉ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ချောင်းဦးပြည်သူ့ ကာကွယ်ရေးတပ် - CHU PDF က ထုတ်ပြန်ထားတာပါ။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ် - CHU PDF အပါအဝင် ရေစကြိုမြို့နယ်က N-YSO ပြောက်ကျားတပ်ဖွဲ့! Myaung Special People's Defense Force - MSPDF ၊ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ် - CHU PDF ၊မြင်းခြံ 27Revolution Forces တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
