VIDEO

စစ်အုပ်ချုပ်ရေးမှာဘာသမဂ္ဂမှမရှိဘူးလို့စစ်တပ်ကအလုပ်သမားတွေကို ခြိမ်းခြောက်

CoverLogo
1K Views

“ဆရာတို့ဘက်တော့ တစ်ရက်မလာဘူးဆိုရင် ရက်မှန်ကြေးတွေ၊ လစာတွေရော ဖြတ်လိမ့်မယ်။ ၃ ရက်မလာရင် အလုပ်ထွက်ရမှာနော်” ( စက်ရုံတာဝန်ရှိသူ) “လုပ်မယ်ဆို အထဲဝင်၊ ဒီနယ်မြေက စစ်အုပ်ချုပ်ရေး နယ်မြေ။ ပြောထားပြီးသား။ သမဂ္ဂတွေ ဘာတွေ လာမလုပ်နဲ့ ။ စစ်အုပ်ချုပ်ရေးမှာ ဘာ သမဂ္ဂမှ မရှိဘူး။” ( စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး) ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှူဇုန်ရှိ Hosheng (Myanmar) Garment Company Limited မှာ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၇ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်လိုက်လို့ စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြနေတယ်လို့ သိရပါတယ်။ စက်ရုံအတွင်း အလုပ်သမားတွေက ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်တွေနဲ့ စက်ရုံတာဝန်ရှိသူတွေက ခြိမ်းခြောက်ပြောဆို ခဲ့ပါတယ်။ ဆန္ဒ ပြနေစဥ် စက်ရုံဘက်ကရဲနဲ့စစ်တပ်ကိုခေါ်ယူကာ အလုပ်ဆက်လုပ်ရန် နှင့်အလုပ်မလုပ်ဘဲ ဆန္ဒပြပါက အလုပ်ထုတ်ခံရနိုင်တယ်လို့ ခြိမ်းခြောက်ဖိအားပေးတာတွေပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်မှ "ကိုယ့်ဘ၀ကိုယ်သိ ဆို ကိုယ့်မိသားစုအတွက်ကိုစဥ်းစား လုပ်မယ်ဆိုအထဲဝင် မလုပ်ချင်ပြန်သွား ရွှေပြည်သာက စစ်အုပ်ချုပ်ရေးနယ်မြေ တခြားနယ်မြေနဲ့မတူဘူး စစ်အုပ်ချုပ်ရေးမှာဘာသမဂ္ဂမှမရှိဘူး" ဆိုကာ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။ အဆိုပါ စက်ရုံမှာ ZARA , Inditexစတဲ့ အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။ #MyanmarLabourNews


Related posts

Cover
Suntime Jck အထည်ချုပ်စက်ရုံတွင် အလုပ်ရပ် တောင်းဆိုမှု ပြုလုပ်
May 10, 2025
Cover
Rainbow Tec Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်ကျော်သည်အထိ လစားအဖြစ် မခန့်
May 10, 2025
Cover
ငလျင်ဘေးသင့် လူမှုဖူလုံရေးအာမခံ လုပ်သားများ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် လျှောက်ထားနိုင်
May 09, 2025
Cover
Myanmar Jiale Fashion စက်ရုံ လစာပြန်ပေး၊ အလုပ်သမားများ လစာအတွက် စိုးရိမ်မှု ရှိနေ
May 09, 2025
Cover
Myanmar Handsome အထည်ချုပ်စက်ရုံ တပတ် နာရီ ၂၀ ကျော် အချိန်ပို လုပ်ခိုင်း
May 09, 2025
Cover
ကျောင်းသူအရွယ် မိန်းကလေးငယ်ကို တရုတ်မယား ပြုလုပ်ရန် စည်းရုံးတဲ့ တရုတ်နိုင်ငံသားအပါ ၃ ဦး ကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချ
May 09, 2025
Cover
ငလျင်ဒဏ်သင့် အလုပ်သမားအပေါ် ချိုးဖောက်မှုတွေ ရှိနေ
May 09, 2025
Cover
LITA MYANMAR အထည်ချုပ် သန့်စင်ခန်းသွားခွင့် အတင်းအကျပ် ပိတ်ပင်ပြီး သတိပေး လက်မှတ်ထိုးခိုင်း
May 08, 2025