NEWS

စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားတွေကို အကြောင်းမဲ့အလုပ်ထုတ်ခြင်းများရှိနေပြီး စီစစ်ရွေးချယ်ပြီးမှထုတ်ခံနေရ

CoverLogo
1.5K Views

English Below

ပြည်တွင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေမှာ နိုင်ငံသားစီစစ်ရေးကတ်တွေစစ်ဆေးချက်အရ  ရွေးချယ်ပြီး  အကြောင်းမဲ့အလုပ်ထုတ်တာတွေ ဆက်တိုက်ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေထံက သိရပါတယ်။

''၁.၈.၂၀၂၂ နေ့ကစပြီး H&M အမှတ်တံဆိပ်ချုပ်နေသော ကျင့်ကျန်ထုန်လီ အထည်ချုပ်စက်ရုံ တွင် ၅/ ၈/ အလုပ်သမား ၈၀ ကျော် အားနစ်နာကြေးမပေးပဲ အလုပ်ဖြုတ်နေတာပါ''လို့ အလုပ်သမားဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

ခုလိုအလုပ်ထုတ်ရာမှာ အော်ဒါအမှာမရမှုကြောင့် အလုပ်သမား လျော့ချရတာပါလို့ ပြောဆိုနေပေမဲ့ တကယ့်အလုပ်ထုတ်ရာမှာတော့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက လာရောက်အလုပ်လုပ်နေသူတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ အလုပ်ထုတ်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အခုလိုရွေးချယ်ထုတ်ခံနေရတဲ့နေရာမှာ လှိုင်သာယာမြို့နယ် အဆောင်နေ ၅/ ကိုင်ဆောင်ထားသော အလုပ်သမားများထံမှ  ဧည့်စရင်းစာရွတ်တွေတောင်းယူစစ်ဆေးခြင်းတွေအပြင် လှိုင်သာယာမြို့နယ် ၁၆ ရက်ကွက်တစ်ခုမှာလည်း  အိမ်တိုင်း ၏ ဧည့်စာရင်းစာရွက်များအား ရပ်ကွက်ထဲ ဆန်ဝေမည်ဆိုကာ တောင်းယူမှုတွေ  ပြုလုပ်ခဲ့ပီး  ၇.၈.၂၀၂၂ ရက်နေ့ဧည့်စာရင်းစာရွက်များပြန်ပေးခဲ့ပေမဲ့ ၅/ ၈/ ဧည့်စာရင်းစာရွက်တွေကိုတော့ သီးခြားတွေ့ဆုံကာ ဆက်လက်နေထိုင်မရကြောင်းကိုပါ ပြောဆိုမှုတွေရှိနေတယ်လို့  သိရှိရပါတယ်။

'' ကျွန်မက လှိုင်သာယာကိုသွားလုပ်ရတာပါ။ ၅ရက်နေ့ကလစာထုတ်ပြီး နောက်ရက်အလုပ်ထုတ်ခံရတယ်။ လစာတော့ရလိုက်တယ်။ ကျွန်မကမကွေးတိုင်းထဲက။ ပြောနေကြတာတော့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းကိုရွေးထုတ်တယ်လို့ပြောနေကြတာပဲ။ ကျွန်မတို့စက်ရုံမှာတော့ ရခိုင်လည်းပါတယ်။ ဧရာဝတီတိုင်းထဲကလည်းပါတယ်။ ထုတ်လိုက်တဲ့အထဲမှာ သူတို့ကတော့လူနည်းစုပါတာ''လို့အလုပ် ထုတ်ခံရတဲ့ အလုပ်သမားတစ်ဦးက Myanmar Labour News ကိုပြောပါတယ်။

လက်ရှိအထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားတွေဟာ အကြောင်းမဲ့အလုပ်ထုတ်ခံရတဲ့အပြင်  အလုပ်သမားတွေအနေနဲ့  ၊ နေ့စားလုပ်ပေးနေ ရတာအပြင် အလုပ်ချိန် ပုံမှန်မဆင်းရတာ၊ လုပ်အားခအပြည့်မ ရတာမျိုးတွေ နဲ့ အလုပ်သမားအခွင့်အ​ရေးမရရှိတာတွေကိုလည်း အလုပ်သမားတွေ ကြုံတွေ့နေရတယ်လို့ ILO အစီရင်ခံစာအရ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်နှင့်  မန္တလေးမှ မြို့နယ်အချို့ရှိ စက်ရုံအလုပ်ရုံ များတွင် မှတ်ပုံတင် ၅/ကိုင်ဆောင်ထားသည့်  အလုပ်သမားများကို ရွေးချယ်ပြီး  အကြောင်းမဲ့အလုပ်ထုတ်နေတယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ် မှာ - သတင်းများထွက်ပေါ်နေပါတယ်။

မင်္ဂလာဒုံ မြို့နယ် အမှတ်၃လမ်းမကြီး အလယ်ပေါက်စက်ရုံဝန်းကြီးအတွင်းရှိ စက်ရုံနှစ်ရုံ(TI စက်ရုံနှင့် EMC) စက်ရုံတို့ တွင် ၅/နှင့် ၈/ အလုပ်သမားများကို သြဂုတ်၁ရက်မှစ၍ ထုတ်ပယ်ခံနေရတယ်လို့သတင်းများထွက်ပေါ်နေခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်တွင်လည်း အလားတူဖြစ်စဉ်မျိုးဖြစ်ပေါ်နေတယ်လို့ သတင်းများထွက်ပေါ်နေတာပါ။  ဒါ့ အပြင် မန္တလေးရှိစက်ရုံအလုပ်ရုံနေရာနှစ်ခုမှာလည်း  ၅/မှတ်ပုံတင်ကိုင်ဆောင်သူများ အလုပ်လာလျှောက်ပါက လက်မခံဘူးဆိုပြီး ငြင်းဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။

“တစ်ချို့စက်ရုံတွေက လူလျှော့ချင်ကြတယ်။ ဘယ်လိုလျှော့ ရမယ်ဆိုတာမသိဘူး။ ဖြစ်နိုင်ချေရှိတာက စစ်တပ်က ဒီလိုလူကိုမခန့်နဲ့တို့  နောက်တစ်ချက်က ဒါကလည်းလုပ်ငန်းရှင်က မန်နေဂျာက စူပါက အဲလိုလူမျိုးကသူတို့နဲ့မတည့်လို့ စစ်တပ်ကိုထောက်ခံနေလို့တစ်ခုခုပေါ့ ဖြစ်နိုင်တာတွေပအများကြီးပေါ့။ အဲ့တော့လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဒီလိုအန္တရာယ်ရှိတဲ့ လုပ်ရပ်ကို လုပ်မယ်တော့မထင်ဘူး အဲလိုတော့တွေးမိတယ်.။ ၅/လက်မခံဘူးတို့ ၈/လက်မခံဘူးတို့ပေါ့ အလိုတော့လုပ်လို့မရဘူး။ နောက်ကွယ်မှာ တစ်ခုခုရှိမယ်တော့တွေးမိတယ်။ ဒါမှမဟုတ် ခုလတ်တလောမှ ၅/တွေအလုပ်လာလျှောက်ထားတာမျိုးတွေရှိ လားဆိုပြီး စစ်ဆေးလာတာမျိုးတွေလည်းဖြစ်နိုင်တာပဲ”လို့ ၅/ထုတ်ပယ်ခြင်းခံရမှုပေါ် အလုပ်သမားရေးဆောင် ရွက်သူက ၎င်းရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

ယခုကဲ့သို့သတင်းများထွက်ပေါ်နေခြင်းကြောင့်  လေ့လာစုံစမ်းထားသူအလုပ်သမားရေဆောင်ရွက်သူတစ်ဦးကလည်း ဒီဖြစ်စဉ်ဟာ ၅/မှတ်ပုံတင်ကိုင်ဆောင်သူ ကိုသီးသန့်ရွေးထုတ်လိုက်တာမဟုတ်ဘဲ မူလကတည်းကအလုပ်သမားလျှော့ချဖို့  ခွင့်ပြုချက်တင်ထားရာမှာ ယခုအချိန်တွင် အမှာတွေမရှိတော့ဘဲတဖြေးဖြေးကျဆင်းလာတာကြောင့်  လုပ်သားလျှော့ချဖို့လိုအပ်လာတာ ကြောင့်  လုပ်သားတစ်ရာကျော်ကိုလျှော့လိုက်ခြင်းမှ ယခုကဲ့သို့သတင်းထွက်ပေါ်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ယခုကဲ့သို့စက်ရုံအလုပ်ရုံများတွင်  လုပ်ကိုင်ဆဲဖြစ်သောအလုပ်သမားများအပေါ် ၅/နှင့် ၈/ မှတ်ပုံတင်ကိုင်ဆောင်သူများအပေါ် စီစစ်ခြင်းနှင့်  အလုပ်မှထုတ်ပယ်ခြင်းကဲ့သို့ လုပ်ရပ်များဆောင်ရွက်ရန် တစ်စူံတစ်ရာထုတ်ပြန်ပြောဆိုထားခြင်းမရှိဘဲ  ယခုလတ်တလောအချိန်မှသာ နိုင်ငံရေးမတည်ငြိမ်ခြင်းကြောင့်  ဝင်ရောက်လာမည့်စစ်ရှောင်မည့်သူများကိုသာ  သေချာစီစစ်ဖို့လုပ်ဆောင်ဖို့တော့ရှိနေတယ်လို့ စစ်ကောင်စီ နှင့်နီးစပ်သူက ဆိုပါတယ်။

MyanmarLabourNews

Workers are being dismissed from factories with discriminatory reasons

August 8

It has been reported by labour rights activists that there has been a continuous occurrence of selective dismissal of industrial workers from their jobs, based on their nationality registration cards (NRC),  without a proper reason in local factories.

Another labour rights activist reported that “ A Chinese garment factory called “ZHEJIANG TONGLI CLOTHING(Myanmar)” which is a secondary manufacturer for the H & M brand has been firing over 80 workers holding NRC from Sagaing and Magway regions without any fair compensation fee since the 1st August of 2022.” 

According to an official from Federation of General Workers Myanmar(FGWM), the factories have reasoned that they have to dismiss these workers due to the declining rates of product order but ,in fact, these ridiculous dismissals have been intentionally targeted to migrant workers from Sagaing and Magaway regions.

Before these events, there has been residential checking on accommodations of workers from Sagaing region by Junta officials. In ward 16 of Hlaing Thar Yar township, the officials asked for residential verification documents of every household to 'give away rice'. The documents of residents from ward 16 were given back by the officials on 5th of August except for the ones from Sagaing and Magawy regions, who underwent a different process. It has been rumoured that they were not even allowed to stay in their current residence anymore.

“My workplace is at Hlaing Thar Yar. I’m from Magway region. I was fired one day after getting my monthly wage on 5th of August. They say the factories are targeting people from Sagaing and Magway regions. But in the case of our factory, workers from the Rakhine(Arkan) and Irrawaddy regions were also fired although they were only  a small portion,“ says a recently fired worker to Myanmar Labour News.

As per the report by the ILO, there has been not only a great number of unreasonable dismissals but also violations of labour rights such as not being contracted,thus working on daily wages which have no guarantee on employment, and not getting their full wage.

There has been a lot of gossip going on social media that factories located in certain townships  of Yangon and Mandalay are firing workers with Sagaing region NRC without any viable reason.

Apparently, two factories(TI & EMC) located on No.3 Main Road, Mingalardon township, Alaepout ward have been dismissing workers from those two regions since the 1st of August. Similar cases have been reportedly also occurring in Hlaing Thar Yar township. Furthermore, there are some rumours that two factories in Mandalay are refusing to employ any applicant with Sagaing region NRC.

“Some factories want to reduce their number of employees but don’t know how to. Possible scenarios are intervention by the Junta or factory authorities being pro-junta or much more, if you really think about it. But still, I don’t think a businessman will do something this dangerous. Something or someone is behind this. There is also a possibility that the Junta is checking whether people from Sagaing and Magway regions are applying for work or not at this moment.,” a labour rights activist shared his opinions.

However, a labour affair researcher states that these circumstances are not targeted on workers holding NRC from those regions as public thinks but it is the result of factories' plan of reducing employees becoming real due to declining rates of product orders and these alleged rumours rise up as some factories suddenly dismiss their workers numbering over a hundred..

A source from Junta says that there is no specific plan or order to verify NRC holders from Sagaing and Magway and to dismiss them from work but they have a proposition to carry out check ups and verification on the fleeing refugees from nationwide armed conflicts and political instabilities.

(Thanks to Notes of Workers for translation)

MyanmarLabourNews


 


Related posts

Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024
Cover
ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်
Apr 15, 2024