NEWS

Dongxin စက်ရုံတွင် သုံးပတ်ကျော်ကြာ အချိန်ပိုများ ဆက်တိုက် ခေါ်ခိုင်းနေ

CoverLogo
359 Views
 
Dongxin စက်ရုံမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ဖြစ်ပွားနေတဲ့ သတင်းတွေ ပေါ်ထွက်လာပြီးနောက် အချိန်ပိုတွေ ဆက်တိုက် လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ပြီးခဲ့တဲ့ လ ၂၅ ရက်(ဇွန် ၂၅) ရက်ကတည်းက မနေ့က အထိ နေ့တိုင်း ည ၈ နာရီအထိ ဆင်းခိုင်းနေရတယ်။ စနေနေ့ဆို အော်လင်း။ ဒီနေ့လည်း အော်လင်း လုပ်ခိုင်းနေတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက ၂၀၂၂ ခုနှစ်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာအရ အလုပ်သမားတွေကို အချိန်ပို တပတ် ၂၀ နာရီ ထက် ပိုမို ခိုင်းစေခွင့်၊ ခွင့်ပြုလုပ်ကိုင် ခွင့် မရှိပါဘူး။
 
“စက်ရုံမှာ ပုံမှန် ညနေ ၄ နာရီဆို အလုပ်ချိန် ၈ နာရီ ပြည့်တယ်။ ည ၈ နာရီအထိ ဆင်းရတယ်။ တနေ့ အချိန်ပို ၄ နာရီ တနင်္လာကနေ သောကြာအထိ လုပ်ရတယ်။ စနေနေ့မှာ အောလင်း ဆင်းရတယ်။ ဒါဆို နာရီ ၃၀ ကျော်နေပြီ။ အလုပ်သမားတွေလည်း မတတ်နိုင်အောင် ဖြစ်နေပြီ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အချိန်ပိုတွေကို စက်ရုံအလုပ်သမားတွေကို ရွေးချယ်လုပ်ကိုင် ခိုင်းတာ ဖြစ်ပြီး ၊ တနင်္ဂနွေနေ့တွေမှာပါ လုပ်ကိုင်ပေးနေရတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။
 
“နေ့တိုင်း ည ၈ နာရီအထိက တရုံလုံးက အလုပ်သမားတွေ လုပ်ပေးရတယ်။ အောလင်း အောနိုက်တွေဖို့ကြတော့ ရွေးခေါ်တယ်။ တနင်္ဂနွေလည်း အဲ့လိုပဲ ရွေးခေါ်တယ်။ အလုပ်တွေမှာ နားချိန်ကို မရှိတော့ဘူး။ စက်ရုံမှာ မိန်းကလေးတချို့ကို တရုတ်ဆရာတဦးက ထိကပါး လုပ်တာ သတင်းတက်ပြီးကတည်းက ဒီလို အချိန်ပိုတွေ လုပ်ခိုင်းခဲ့တာ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပိုဆင်းဖို့ အဆင်မပြေတာ၊ နေမကောင်းဖြစ်တဲ့ အလုပ်သမားတွေကို ဌာန ကြီးကြပ်ရေး ခေါင်ဆောင်းတွေက အတင်းအကျပ် လုပ်ကိုင်ခိုင်းမလို့ မဖြစ်မနေ ဆင်းပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Dongxin Garment Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၃၊ နဝဒေးမင်းကြီးလမ်းမှာရှိ ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
 

Related posts

Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026
Cover
Tha Shu (Myanmar) Glory Fashion စက်ရုံတွင် တပတ် အချိန်ပို အော်လင်းအောနိုက် ၄ ရက် ဆင်းနေရ
Feb 13, 2026