NEWS

Chi Mei အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း

CoverLogo
502 Views
ညီမတို စက်ချုပ် အလုပ်သမားတွေကို စက်ရုံက အချိန်ပို လုပ်ခိုင်းပြီး လုပ်ခ မပေးပါဘူး ။ ပယ်ထည် ကျတာနဲ့ အချိန်ပို Otကို အလကားဆင်းပေးရပါတယ်ရှင့်။ ပယ်ထည်ကျတယ်ဆိုတာ ဖိအားတွေပေးပြီး ခိုင်းလို့ အမှားများတာပါ။ ဒါကို ထပ်ပြီး အချိန်ပို လုပ်ခမရဘဲ လုပ်ပေးရတာပါ။
 
အောလင်း (မနက် ၄ နာရီ) အောက်နိုက် (ညနက် ၁၂ နာရီ)တွေ လုပ်ပေးရပါတယ်။ ဒီလို လုပ်ပေးရတာ ရက်ကြာလာပါပြီ။ စနေနေ့တိုင်း အောင်လင်းဆင်းရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကလည်း အောလင်း ဆင်းခဲ့ရပါတယ်။
စက်ရုံမှူးက အမျိုးသားပါ။ အလုပ်သမားတွေကို အလွန်အကျွံခိုင်းနေတာပါ။
 
စက်ရုံအလုပ်သမားတွေကို အပေါ် ရင့်သီးမောက်မာစွာ ပြောပါတယ်။ နေ့စား အလုပ်သမားတွေလည်း အလုပ်ထုတ်ခံရပါတယ်။ အဲလို အလုပ်ထုတ်ပြီးတော့ရှိတဲ့ အလုပ်သမားတွေနဲ့ အထည်တွေ ပြီးအောင် အတင်းအကျပ် လုပ်ခိုင်းတာပါ။
စိတ်တိုင်းမကျသူတွေဆို လိုင်းပြောင်းပါတယ်။ ခိုင်းတာမလုပ်နိုင်ရင် အလုပ်ထွက်ဆိုပြီး အတင်းအကျပ် ပြောပါတယ်။ အဲလို ပြောလို့ အလုပ်ထွက်ခဲ့ရတာ သူတွေလည်း မနည်းပါဘူး။
 
စက်လိုင်းစူပါတွေလီတာတွေကိုလည်း ဖိအားပေးပါတယ်။ အလုပ်သမား မချုပ်နိုင်တဲ့ အရေအတွက် (အာဝါလီ)တွေ စက်ရုံမှူးက တောင်းခိုင်းပါတယ်။ စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင် ရှိပါတယ်။ အလုပ်သမားတွေ လိုအပ်တဲ့ အခက်အခဲတွေကို ပြောဆိုဖို့ ဘယ်အဖွဲ့မှ မရှိပါဘူး။
 
စက်ရုံမှာလည်း WCC လည်း မရှိပါဘူး။
လုပ်ငန်းခွင်ထဲ အဆင်မပြေတဲ့ အကြောင်း အလုပ်သမားရုံးတွေ တိုင်ကြားပါတယ်။ ဘာမှ အရေးတယူ မရှိလို့ပါ။
ညီမတို့လည်း စက်ရုံကို ထိခိုက်စေလိုခြင်းမရှိပါ။ ပြီးခဲ့တဲ့ လမှာဆို စက်ရုံက လစာတိုးပေးပါတယ်။
ညီမတို့လည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ကြေးကို ၁၀၀၀၀ လျှော့ပါတယ်။
 
အထည်ကြေးတွေဆို အဆင့်လိုက် ၁၀၀၀၀ စီလျှော့ရှင်းပါတယ်။ ပေးနေကျတိုင်း မဟုတ်ဘဲ လျှော့ပေးပါတယ်။
အချိန်ပိုတွေ ဆင်းရရင်တော့ ထမင်ဖိုး ၂၀၀၀ ပေးတယ်။ ဒါပေမဲ့ ထမင်းတခါစားရင် ၃၀၀၀ ပေးရပါတယ်။ ညီမတို့ အဖြစ်က စား စာရိတ်စိုက်ပြီး အိပ်ရေးပျက်ခံ အလုပ်လုပ်ပေးနေရသလို ဖြစ်နေပါတယ်။
 
ညီမတို့ စက်ရုံမှာ ဖြစ်နေတာတွေကို သက်ဆိုင်သူတွေ သိစေချင်တာပါ။ Myanmar Labour News ကို အထူး ကျေးဇူးတင်ပါတယ်။
 
(CHI MEI Garment စက်ရုံ က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၊၁၄ လမ်းဆုံအနီးမှာ လုပ်ငန်း လုပ်ကိုင်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး လုပ်သား၉၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။)
 

Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026