NEWS

Sunlong (Myanmar) Sports စက်ရုံ အချိန်ပို ဆက်လက် ခိုင်းစေနေ

CoverLogo
314 Views
 
စန်းလုံ Sunlong (Myanmar) Sports Co.,Ltd အိပ်ချုပ်စက်ရုံက အချိန်ပို ဆက်လက်ခေါ်ယူ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့စဉ် ည ၈ နာရီခွဲ အထိ လုပ်ကိုင်နေရပြီး ပိတ်ရက်တွေမှာ နားရက်မရဘူးလို့ ပြောပါတယ်။
 
"အခုထိ ၈ ခွဲထိဆင်းနေရလို့ပါ။ စက်ရုံအကြာင်းသတင်းမှာ ပါတော့၊ အဲ့နေ့ ၆ ခွဲ ပြန်လွှတ်တယ်။ နောက်ရက်ကြ ၈ ခွဲပဲ ပြန်ခေါ်တာ။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စနေနေ့တွေမှာ ညနေ ၆ ခွဲက အထိ လုပ်ကိုင်ရတာဖြစ်လို့ သတ်မှတ်အချိန် တပတ် နာရီ ၂၀ ထက် ကျော်လွန် လုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။
 
"စနေတစ်ရက်ပဲ ညနေ ၆ခွဲဆင်းရပါတယ်။တခြားရက်တွေက ၈နာရီခွဲအထိဆင်းရပါတယ်။၄လပိုင်းထဲက ၈ခွဲအထိဆင်းရပါတယ်။ အခု ၇လပိုင်းရောက်နေပြီ အခုထိ ဆင်းနေရပါတယ်။ အလုပ်ချိန်နောက်ကျတော့အိမ်ပြန်ရတာလည်းအဆင်မပြေလို့ပါ။ ကြာလာတော့ကျန်းမာရေးလည်း ထိခိုက်ပါတယ်။မဆင်းလို့လည်းမရဘူး၊ ဆင်းနေရပါတယ်။ မဆင်းရင်လည်းဆူပူပါတယ်။" လို့ အလုပ်သမား တဦးက ပြောပါတယ်။
 
အချိန်ပိုကို တနင်္ဂနွေ နားရက်တွေမှာပါ တစ်ပတ်ခြားလုပ် ကိုင်ရတယ်လို့ ပြောပါတယ်။ လုပ်ငန်းခွင် လုက်ရတာ အဆင်ပြေပေမဲ့ အချိန်‌ပို လုပ်ကိုင်ရတာ အဆင်မပြေ ဖြစ်တာလို့ ပြောပါတယ်။
 
"အလုပ်ပြောင်းရွှေ့ဖို့ကလည်းအဆင်မပြေပါဘူး။ လူအများစုက အချိန်ပိုတွေ မဆင်းနိုင်ကြပါဘူး။ တချို့လည်း နေတဲ့နေရာနဲ့ အလုပ်နဲ့က ဝေးတော့ အိမ်ရောက်တာနဲ့ညဉ့်နက် တော့ အဆင်မပြေကြဘူး။ OT မဆင်းချင်လို့ ပြန်ရင်လည်း ဂိတ်ပက်စ် ယူရတာမလွယ်ဘူး။လက်မှတ်တွေ အဆင့်ဆင့်ထိုးခိုင်းရတော့ တခါတလေပဲ ပြန်ဖို့အခွင့်ရေးရတာ။ OT ချိန် ပြန်Otကြေးပဲမရတာပါရှင့် ၊ အခြားထဲကတော့ မဖြတ်ပါဘူးရှင့်"လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Sunlong (Myanmar) Sports Co.,Ltd စက်ရုံက ရန်ကုန်မြို့ရွှေပြည်သာ မြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ နွားခြံမှတ်တိုင်အနီး ၊ Maxဆီဆိုင်အရှေ့ မှာ ရှိတယ်လို့ သိရပါတယ်။

Related posts

Cover
Wan Xin Myanmar အထည်ချုပ် စက်ရုံပိတ်သိမ်း၊ အလုပ်ရှင်ဘက်မှ ပေးချေစရာရှိသည်များပေးစေလိုဟု အလုပ်သမားတွေပြော
Oct 28, 2025
Cover
Golden Five Myanmar Co.,Ltd စက်ရုံတွင် အချိန်ပိုလုပ်ခမပေးဘဲ ချုပ်ခိုင်း
Oct 27, 2025
Cover
လှိုင်သာယာ YUAN HONG စက်ရုံ၌ အလုပ်သမားများအား ဆဲဆိုခိုင်းစေခြင်းနှင့် မတရားငွေဖြတ်တောက်မှုများ ရှိနေဟုဆို
Oct 27, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ခံဝန်ဖြင့် ၆ လနေထိုင်ရန် တရားရုံး အမိန့်ချ
Oct 27, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025
Cover
Asian Just စက်ရုံ လုပ်ခလစာ နှစ်ကြိမ် ခွဲထုတ်ပေးမှု အလုပ်သမားများ အခက်ကြုံ
Oct 24, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး ကို အမှုများပြန်လည်ရုတ်သိမ်းကာ လွှတ်ပေးသော်လည်း ဆက်လက် တရားရင်ဆိုင်နေရ
Oct 24, 2025