NEWS

တနင်္ဂနွေနဲ့ နေ့စဉ် အချိန်ပိုတွေကို လုပ်ခမရဘဲ လုပ်ကိုင်ပေးရ

CoverLogo
397 Views
Myanmar Dongxin Garment စက်ရုံမှာ စိတ်ကြိုက် အချိန်ပို ခေါ်ယူနေပြီး OT ကြေးမရပဲ ဆင်းပေးနေရပါတယ်။
ဒါက လုပ်သားအင်အား အလွဲသုံးစားလုပ်မှု ဒါမှမဟုတ် လုပ်သားအင်အားခိုးယူမှ ပါရှင့်။
 
အချိန်ပို OT ကြေးမပေးဘဲ လုပ်ငန်းခွင်ရှိ လုပ်သားများကို ည ၈ နာရီ အထိ ခေါ်ပြီး မတရား ခိုင်းစေပါတယ်။
ဆုကြေးရတယ်လို့သာ အမည်ခံတာပါ၊ အမှန်တကယ် ဆုကြေးအများဆုံးရတာက ကြီးကြပ်သူခေါင်းဆောင် ( Super) စူပါတွေပါ။ စက်ချုပ်တဲ့ အလုပ်သမားတွေက super တွေရဲ့ အစွန်းထွက်ပဲ ရကြပါတယ်။
 
အထည်အရေအတွက် အထွက်များမှ အလုပ်သမားတွေ လစာ ကောင်းမှာ မှန်ပေမဲ့၊ အချိန်ပို ကြေး မရပဲ OT များ ဆင်းနေရတာက အလုပ်သမားတွေအတွက် အလွန် နစ်နာပါတယ်။
 
Super တွေ တနေ့တာ အထည်ပြည့်တာနဲ့ ဆုကြေးပြကျပ် ၂၀၀၀၀ ရတယ်ဆိုရင်‌ စက်ချုပ် အလုပ်သမားတွေက ၂၀၀၀ လောက်ပဲ ရတာမျိုးပါ။
 
ဒါကြောင့် Super တွေက အထည်အရေအတွက် ပြည့်ဖို့၊ စံချိန်ပြည့်ဖို့ အတွက် အလုပ်သမားတွေကို အချိန်ပို OT တွေ အများအပြား ခေါ် ခိုင်းပါတော့တယ်။
 
OT မဆင်းနိုင်တဲ့ အလုပ်သမားတွေကိုလည်း ဆဲရေးတိုင်းထွာတယ်၊ မကြားဝံ့မနာသာ‌ တွေ ပြောပြီး ‌ဆဲဆိုပါတယ်။
ဘယ်လောက် ဆိုးဝါးလဲ ဆိုရင်၊ ဖယ်ရီ ရှိရှိ မရှိရှိ အရေးမကြီးဘူး၊ OT ဆင်းပေးရမယ်ဆိုပြီး မိုးလင်းကတည်းက အော်ဟစ်ကာ ပြောနေတာပါ။
 
အဲ့ဒါအပြင် တနင်္လာနေ့နဲ့ စနေ နေ့တွေမှာ Gate pass မပေးပါဘူး။ လိုင်း ၁ ၊ လိုင်း ၂၊ လိုင်း ၃ တွေက Super တွေက ဆုကြေးပြည့်ဖို့ အထည်ပြည့်ဖို့ အလုပ်သမား တွေကို အတင်းအကျတ် OT ဆင်းခိုင်းနေတာပါ။
 
လုပ်အား ခိုးတယ်ဆိုတာ သူဌေးအတွက် super တွေက ခိုး‌ ပေးတာပါ။
စက်ရုံ သန့်စင်ခန်း အိမ်သာ တွေက သန့်ရှင်းမှု မရှိပါဘူး။ ညစ်ပတ် နံစော်ပြီး စက်ချုပ်လိုင်း တွေထဲအထိ အနံ့ဆိုးတွေ ၀င်ရောက်ပါတယ်။

Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026