NEWS

New Plus အထည်ချုပ်စက်ရုံအတွင်း ခွဲခြားမှုတွေ

CoverLogo
728 Views
ကျွန်မက New Plus အထည်ချုပ်ကပါ။
အချိန်ပို အိုတီတွေ ဆက်တိုက်ဆင်းနေရတာကို အဆင်မပြေလို့ ပြောပြချင်တာပါ။ ညီမတို့ စက်ရုံ သတင်း ကို ဒီ Page က တင်နေတာတွေ့လို့ပါ ရှင့်။
 
ကျွန်မတို့ ၅လပိုင်းလောက်ကစပြီး တနဂ်နွေနေ့ ပိတ်ရက်တိုင်း အလုပ်ဆင်းရတာ တပတ်မှ မနားရသေးပါဘူး။
လပြည့်နေ့လို့ အခါကြီးရက်ကြီးတောင် မနားရဘူး။ နေ့တိုင်း ည ၈နာရီထိဆင်းပေးရတယ်။
 
ပြီးခဲ့လက အလုပ်သမားရုံးက တစ်ခါ လာစစ်တယ်။ အဲ့ရက်ပိုင်းလေးပဲ မဆင်းရတာ၊ နောက်တော့ အမြဲ အချိန်ပိုတွေ ဆင်းနေရတယ်။
 
ခုလည်း ည ၈နာရီကို နေ့တိုင်းရော၊ ပိတ်ရက်တွေတိုင်းပါဆင်းပေးနေရတာ ပါ။ အလုပ်သမားတွေ တကယ်ကို ပင်ပန်းနေပါပြီ။
 
ကျွန်မတို့က အိုတီဆင်းမှ လစာကောင်းတာမှန်ပေမယ့်၊ အမြဲဆင်းနေရတာကတော့အဆင်မပြေဘူး။ စက်လိုင်းသားတွေလို ကျွန်မတို့ လစာထုတ်ရင် ဆုကြေးဘာကြေး ဂရိတ်ဆိုပြီးလည်း ရတာမဟုတ်ဘူး ရှင့်။
 
အချိန်ပို အိုတီကိုပဲ အားတင်း ဆင်းရပါတယ်။ ဒါပေမယ့် အခုလို အိုတီတွေအရမ်းဆင်းရလည်း လစာက လိုင်းသားတွေလို မရတော့ စိတ်ဓာတ်ကျလာပါတယ်။ ကျန်းမာရေးပါ မကောင်းဖြစ်ရတယ်။
 
ညရေးညတာ ပြန်ရတာအဆင်မပြေတော့၊ နေ့စဥ်ရက်ဆက် ဆင်းရတာမျိုးလည်း မလုပ်နိုင်ပါဘူး။ အရမ်းအရေးကြီးလို့၊ လိုအပ်ရင် ကျွန်မတို့ဆင်းပေးနိုင်ပါတယ်။
 
ခုက နေ့တိုင်း စက်လိုင်း အလုပ်သမားတွေ ဆင်းလည်း ဆင်းရ ၊ သူတို့ မဆင်းလည်း ညီမတို့ ဆင်း‌ ပေးရတာ။
ကြာတော့ ပိတ်ရက်၊ သာရေးနာရေး မသိတော့ဘူး၊ အပျော်ဆိုတာလည်း ဘာမှန်းမသိ ဖြစ်လာပါတယ်။
အချိန်ပို မဆင်းချင် မဆင်းနဲ့လို့ ရုံးခန်းက မိုက်နဲ့အော်ထားပေမယ့်၊ မဆင်း တော့ ခေါင်းဆောင်တွေက ငြိုငြင်ကြတယ်၊ စောင်းမြောင်းတယ်၊ အပြောအဆိုခံရတယ်။
 
ခုလာမယ့် တနင်္ဂနွေနေ့ကို တရုံလုံး အချိန်ပိုခေါ်ဦးမယ်တဲ့၊ ကျွန်မတို့လည်း ဆင်းရဦးမယ်။
ဖြစ်စေချင်တာက လိုအပ်မှ အိုတီတွေ ဆက်တိုက်ခေါ်ပေးစေချင်တာပါပဲ။
 
နောက်တခုက စက်ချုပ်လိုင်း တွေနဲ့ အခြားဌာနတွေကို တန်းတူ ဆက်ဆံစေချင်တာပါ။ အထည်ချုပ်ဆိုတာ စက်ချုပ်၊ အကူ၊ တခြားဌာနကဝန်ထမ်းတွေရော ညီမှ အထည်ကောင်း ထွက်တာပါ ။
 
စက်ချုပ်လိုင်းတွေပဲရှိလို့ အထည်ချုပ်လုပ်ငန်းက အဆင်မပြေသလို၊ တခြားဌာနတွေ other section ပဲရှိနေလို့လည်း အဆင်မပြေပါဘူး။ .အလုပ်သမားတွေ တက်ညီလက်ညီ လုပ်ကြမှ အဆင်ပြေတာပါ ။
 
တခြားအလုပ်သမားတွေအတွက်လည်း ဆုကြေးပေးပို့၊ တခြားခံစားခွင့်တွေ အတူတူပေးဖို့ စဥ်းစားပေးစေချင်ပါတယ်။
ခုကစက်ချုပ်လိုင်းတွေက အလုပ်သမားတွေကိုတော့ ဆုကြေးတွေအမျိုးမျိုးပေးပြီး ကျွန်မတို့လို တခြားဌာနက အလုပ်သမားတွေမှာတော့ ပင်ပန်းပြီး ရပိုင်ခွင့် ခံစားခွင့်တွေ မတူညီတာတော့ အဆင်မပြေပါဘူး ရှင့်။
 
သက်ဆိုင်သူတွေကို ကျမတို့ နစ်နာနေတာတွေ၊ လိုအပ်တာတွေကို ဒီစာနဲ့ အသိပေးပါတယ်။ ကျေးဇူးတင်ပါတယ်။
New Plus အထည်ချုပ်စက်ရုံက သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း (နွားခြံမှတ်တိုင်အနီး)က တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ လက်ရှိ အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပါတယ်။
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026