NEWS

MoU နဲ့ ထိုင်းကို သွားရောက်နေတဲ့ အလုပ်သမားတွေ သတ်မှတ်ဝန်ဆောင်ခထက် သုံးဆကုန်ကျ

CoverLogo
1.6K Views

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ (MoU) နဲ့ ထိုင်းနိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်ချင်သူများအတွက် ထုတ်ပြန်ထားသော ဝန်ဆောင်ခများထက် သုံးဆခန့် ပိုမိုကုန်ကျနေကြောင်း သတင်းရရှိပါတယ်။

MoU စနစ်နဲ့ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုကို ၂နှစ်ကြာ ရပ်ဆိုင်းထားရာမှ ယခုလတွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် MoU စနစ်နဲ့ ထိုင်းနိုင်ငံကို အလုပ်သမား (၆၀၀) ခန့် စေလွှတ်ခဲ့ပါတယ်။ ထိုသို့ စေလွှတ်ရာတွင် ဝန်ဆောင်ခအဖြစ် မြန်မာနိုင်ငံဘက်တွင် (၃)သိန်းနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းအတွက် အလုပ်သမားခွင့်ပြုကြေး ဘတ် ၂၀၀၀၊ ဆေးစစ်ခ ဘတ် ၅၀၀၊ (၄)လစာ အာမခံကြေးနဲ့ ကိုဗက်ကျန်းမာရေးအာမခံကြေး ဘတ် ၉၉၀ နဲ့ နောက်ထပ်ခွင့်ပြုကြေးတစ်ခုအဖြစ် ဘတ် ၁၉၀၀ နဲ့ စုစုပေါင်း ဘတ် (၅၀၀၀) ကျော် သတ်မှတ်ထားတာဖြစ်ပါတယ်။


သို့သော် လက်ရှိတွင် မြန်မာနိုင်ငံမှ အလုပ်သမားများ ထိုင်းနိုင်ငံသို့ MoU စနစ်နဲ့ သွားရောက်ချင်ပါက သိန်း (၂၀) ခန့် ကုန်ကျနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အရင်တုန်းက ဆိုရင် မြန်မာငွေက တစ်သိန်းခွဲ၊ ဘတ်က (၃၆၀၀) က သတ်မှတ်ထားတဲ့ နှုန်းထားပေါ့။ ဒါပေမယ့် သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းသွားရတာက ရှားပါးတယ်။ အခုဆိုရင်တော့ အခြေအနေက ပိုဆိုးပါတယ်။ အခုဆိုရင် မြန်မာဘက်က သတ်မှတ်တာက (၃)သိန်းအထိ တိုးသွားတယ်။ ဘတ်နဲ့က ၅၄၀၀ ကနေ ၇၆၀၀ အထိ ကုန်ကျနေတယ်။ ဒါက သတ်မှတ်နှုန်းထားပါ။ အခုသွားတဲ့ သူက အဲထက် ပိုပေးပြီး သွားနေရတာပါ။ အခုဆိုရင် သိန်း(၂၀) လောက် ကုန်ကျပြီးတော့ သွားနေရတယ်။ ဘတ် နှစ်သောင်းလောက်က ပွဲစားခ ပေးရတယ်” လို့ ပြည်ပရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံကို MoU စနစ်နဲ့ အလုပ်သမားပို့ဆောင်ခွင့် ရရှိသော အေဂျင်စီ (၁၀၀) ကျော်ရှိပါတယ်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများ သန်းချီ ဆုံးရှုံးခြင်းနဲ့ ကိုဗက်-၁၉ ကမ္ဘာ့ကပ်ရောဂါတို့ကြောင့် ဖြစ်ပေါ်လာတဲ့ အထွေထွေအကြပ်အတည်းနဲ့အတူ မြန်မာနိုင်ငံမှ အလုပ် လုပ်ကိုင်လိုသော လူထုဟာ ထိုင်းနိုင်ငံကို အထောက်အထားမဲ့ တရားမဝင် သွားရောက်လုပ်ကိုင်မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် နေ့စဉ်နီးပါး မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရပါတယ်။

MoU နဲ့ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်လိုသော မြန်မာအလုပ်သမားတွေဟာ သိန်းချီ ရှိနေပြီး သွားရောက်လုပ်ကိုင်ခွင့် ရရန် တချို့က ပြင်ဆင်နေပြီး တချို့မှာ သွားရောက်ခွင့် ရရန် စောင့်နေကြပါတယ်။

 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026