NEWS

CDM (သို့မဟုတ်)အသိုက်မရှိလဲပျံသန်းနေဆဲငှက်များအကြောင်း

CoverLogo
1.2K Views

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မတရားမှု့ကိုခေါင်းငုံမခံနိုင်တဲ့ပြည်သူတွေ၊ ပြည်သူ့ဝန်ထမ်းတွေက Civil Disobedience Movement လှုပ်ရှားမှု့တွေစတင်လာပါတယ်။

ဒီထဲမှာစစ်ကိုင်းတိုင်းထဲက ပညာရေးဝန်ထမ်းတဦးဖြစ်တဲ့အသက် ၅၇ နှစ်အရွယ်မူလတန်းပြဆရာမကြီးနဲ့သူမရဲ့မိသားစုဝင်တွေလဲပါဝင်ပါတယ်။

မူပြဆရာမကြီးဟာအသက် ၅၇ နှစ်နဲ့လုပ်သက် ၂၅ နှစ်ရှိပြီးသူ့ရဲ့သားဖြစ်သူကတော့လုပ်သက် ၅ နှစ်ရှိပြီဖြစ်တဲ့ပညာရေးဝန်ထမ်းတဦးပါ။

"ကျွန်တော်တို့ ပညာရေးအလံအောက်ကနေ ကိုယ့်ရဲ့ ရိုးသားမှုကို ထုတ်ဖော်ပြသခဲ့တယ်။ စစ်အာဏာရှင်ရဲ့ ဆိုးဝါးရက်စက်မှုတွေ မတရားမှုတွေကို နောင်လာနောက်သားတွေ မခံစားရအောင် အကြမ်းမဖက်သောနည်းနဲ့ တော်လှန်ခဲ့ကြတယ်"

ဒီလိုနဲ့စစ်အာဏာရှင်ကိုဆန့်ကျင်ရင်း ကိုဂျစ်တူးတို့မိသားစုဟာစစ်အာဏာရှင်နဲ့လက်ပါးစေတွေရဲ့ရန်ကြောင့်၂၀၂၁ ခုနှစ်မတ်လလောက်မှာပဲသူတို့နေထိုင်ရာအိမ်လေးကနေစွန့်ခွာခဲ့ကြရပါတယ်။

သူတို့မိသားစုနေထိုင်တဲ့ စစ်ကိုင်းတိုင်းထဲကရွာလေးက စစ်ကောင်စီလက်ပါးစေနဲ့ပျူစောထီးတွေအားကောင်းတဲ့ရွာတရွာဆိုတော့ ကိုဂျစ်တူးတို့မိသားစုအနေနဲ့ထွက်ခဲ့ရပေမယ့်မိခင်ဖြစ်သူရဲ့ချွေးနဲစာနဲ့ဖြစ်လာတဲ့အိမ်ကလေးအတွက်တော့ စိုးရိမ်ပူပန်နေကြရပြန်ပါတယ်။

ဒီလိုနဲ့မိုးတဖြောက်ဖြောက်ကျနေတဲ့ဇူလိုင်လရဲ့မနက်ခင်းမှာပဲ ကိုဂျစ်တူးဆီမိတ်ဆွေတယောက်ရဲ့ဖုန်းကဝင်လာပါတော့တယ်။

"ကျတော်တို့အိမ်ကိုစစ်ကောင်စီလက်ပါးစေတွေနဲ့ပျူစောထီးအမည်ခံရွာသားတွေကဝင်ဖျက်သွားပြီဆိုတာအသိတယောက်ကလှမ်းပြောတယ် အဲ့သတင်းကြားကြားချင်း ကိုယ်လဲမျက်ရည်မကျအောင်မနည်းတောင့်ခံထားရတယ်။ အမေတို့ကိုလဲမပြောရက်ဖူး"

ဒီအိမ်လေးဟာမိခင်ဖြစ်သူကြီးဝန်ထမ်းလုပ်သက်၂၅ နှစ်ကျမှဆောက်နိုင်ခဲ့တဲ့အိမ်လေးတလုံးဖြစ်လို့ ဒီအိမ်လေးမှာမိခင်ကြီးရဲ့ချွေးတွေ၊ မိသားစုတခုရဲ့ရုန်းကန်ခဲ့ရတဲ့ဘဝအစိတ်အပိုင်းတွေအများကြီးပါဝင်နေတာပါ။

ဒါပေမယ့်စစ်ကောင်စီလက်ဝေခံတွေကတော့ လူစိတ်ကင်းမဲ့စွာနဲ့ပဲ ရက်ရက်စက်စက်ဖြိုဖျက်လိုက်တယ်လို့ဆိုရမှာပါ။

"ကျတော်မေ့မေ့ကိုဘယ်လိုအင်အားမျိုးနဲ့နှစ်သိမ့်ရမလဲတောင်တွေးမရတော့ဘူး နာကျည်းချက်တွေကတော့ပိုများသွားတာပေါ့ ဒါပေမယ့်ကျတော်တို့ထက်စာရင်မိသားစုအတူမဆုံနိုင်တော့တဲ့ထမင်းဝိုင်းလေးတွေအကြောင်းပြောရင်းပဲမေမေ့ကိုနှစ်သိမ့်ရတာပေါ့"

မိခင်ကြီးကိုအားပေးရင်းလုပ်သက်၅ နှစ်ရှိခဲ့ပြီဖြစ်တဲ့ပညာရေးဝန်ထမ်းလောကကနေ CDM လုပ်ပြီးစစ်အာဏာရှင်ကို ရရာနည်းလမ်းနဲ့ကိုဂျစ်တူးတယောက်ဆက်လက်တော်လှန်နေတယ်လို့ပြောရမှာပါ။

ဘာကြောင့်CDMလုပ်ခဲ့သလဲဆိုတဲ့မေးခွန်းကိုတော့

"ကျွန်တော်ကစစ်အာဏာရှင်လက်ထက်မှာ ကျောင်းတက်ခဲ့ရတော့ နောင်လာနောက်သားတွေကို ကျွန်တော်တို့လို့ ဘွဲ့ရ ပညာမပြည့်စုံတဲ့သူ ဒါကျက်ဒါဖြေ ကလေးတွေမဖြစ်စေချင်ဘူး"လို့ကိုဂျစ်တူးကခပ်ပြတ်ပြတ်ပဲဖြေပါတယ်။

ဒါပေမယ့်ဒီကိစ္စတခုထဲတော့မဟုတ်ပါဘူး။ စစ်တပ်ကအာဏာရပါတီကိုမဲလိမ်တယ်လို့စွပ်စွဲတဲ့အပြင်မဲရုံစောင့်တဲ့ဆရာဆရာမတွေပညာရေးဝန်ထမ်းတွေကိုပါအပြစ်ဖို့လာတာတွေကြောင့်လဲပါဝင်တယ်လို့ပြောရမှာပါ။

မဲရုံမှာတာဝန်ထမ်းဆောင်ခဲ့ရတဲ့ကိုဂျစ်တူးကိုစစ်တပ်ရဲ့မဲလိမ်တယ်ဆိုတဲ့စွပ်စွဲချက်ကိုရောဘယ်လိုယူဆသလဲလို့ဆက်မေးကြည့်တော့

"ကျတော်တို့သူခိုးမဟုတ်ဖူးဗျ။ ဒါကြောင့်လဲအကြမ်းမဖက်အာဏာဖီဆန်ရေးမှာအခုလိုပါဝင်ခဲ့တာ"လို့ကိုဂျစ်တူးကခပ်ပြတ်ပြတ်ပဲဖြေပါတယ်။

CDM ဝင်တယ်ဆိုပြီး စစ်ကောင်စီလက်ပါးစေတွက ကိုဂျစ်တူးတို့မိသားစုအသိုက်အမြုံလေးကိုဖျက်ဆီးခဲ့ပေမယ့်သူတို့မိသားစုကတော့နောင်တမရဘဲ ဒီလမ်းကိုအဆုံးအထိဆက် လျှောက်ဖို့ရဲရဲကြီးဆုံးဖြတ်ထားတာ်လို့လဲ အားနဲ့မာန်နဲ့ဆိုပါတယ်။

"လူရယ်လို့ဖြစ်လာရင် ချမ်းသာဖို့ ပညာတတ်ဖို့ ဘာဖြစ်ဖို့ ညာဖြစ်ဖို့ဆိုတာမသေချာပေမယ့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ တစ်နေ့ သေကိုယ်သေရမယ် ဆိုတာတော့ အသေအချာ ပြောနိုင်တယ်ဒါကြောင့်ကျွန်တော်သေမယ်ဆိုရင်တောင် နောင်တမရပဲ အမှန်တရားတွက်မို့ပျော်ပျော်ကြီးသေပျော်ပါတယ်ဗျာ"

ဒါ့အပြင်ဘဝတူ CDM တွေကိုလည်း အားတင်းထားကြဖို့ ဘာဖြစ်ဖြစ် အသက်ရှင်အောင်ကြိုးစားနေဖို့နဲ့ ကျွန်တော်တို့ ညီအကိုမောင်နှမတွေလျောက်ခဲ့တဲ့လမ်းမှာ လုံးဝအမှန်တရားဖြစ်တဲ့အတွက် တနေ့နေ့ အောင်ကိုအောင်မြင်မှာ အသေအချာ ပဲ ဆိုတာပြောချင်တယ် အခက်အခဲဆိုတာရှိမှာပါပဲပေါ့ ဒါပေမယ့် စိတ်ဓာတ်မကျနဲ့ ကြုံလာတဲ့လောကဓံရဲရိုက်ခတ်မှုတွေကို ကြိတ်မှိတ်ခံရင်းရောင်နီသန်းနေပြီဖြစ်တဲ့ တော်လှန်ရေးကြီးတွက် တတ်နိုင်တဲ့နေရာကနေ ကြိုးစားပေးကြပါလို့လည်း သူကအားပေးစကားပါးလိုက်ပါသေးတယ်။

တော်လှန်ရေးကာလပြီးတဲ့အခါသူတို့မိသားစုအတွက်ပြန်စရာအိမ်လေးမရှိတော့ပေမယ့် သူနဲ့သူ့မိခင်ဖြစ်သူအရောက်ချင်ဆုံးနေရာလေးတခုရှိနေပါသေးတယ်။

ဒါကတော့"ပြန်စရာအိမ်မရှိတော့ပေမယ့်ကျွန်တော်သိပ်ချစ်တဲ့စာသင်ခန်းနဲ့ကျွန်တော့်ကလေးတွေဆီတော့ အရောက်ပြန်ချင်သေးတယ်ဗျာ"လို့ကိုဂျစ်တူးကသက်ပြင်းမောကိုမှုတ်ထုတ်ရင်းတလုံးချင်းပြောချလိုက်ပါတော့တယ်။

လက်ရှိမှာကိုဂျစ်တူးတို့မိသားစုလိုပညာရေးဝန်ထမ်း CDM မိသားစုတွေ၊ အနယ်နယ်အရပ်ရပ်ကဝန်ထမ်းပေါင်းစုံကCDM သမားတွေကိုစစ်ကောင်စီကနည်းအမျိုးအထွေထွေနဲ့ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေရှိနေတဲ့အပြင်ပိုင်ဆိုင်မှု့တွေကိုပါသိမ်းဆည်းဖျက်ဆီးနေတာပါ။

ဒါကြောင့် CDM မိသားစုတွေဟာစစ်ကောင်စီနဲ့လွတ်ရာကိုတိမ်းကြရှောင်ကြရင်းဖြစ်သလိုနေထိုင်စားသောက်နေရတယ်လို့ဆိုရမှာပါ။

ယခု Myanmar Labour News ကတွေ့ဆုံမေးမြန်းခဲ့တဲ့ကိုဂျစ်တူးဆိုသူမှာပညာရေးဝန်ထမ်း ကျောင်းဆရာတဦးဖြစ်တဲ့အပြင်မိခင်ဖြစ်သူမှာလဲမူလတန်းပြဆရာမကြီးဖြစ်ပြီးသူတို့CDMစလုပ်တဲ့အချိန်ကနေယခုအချိန်အထိစစ်ကောင်စီလက်ပါးစေတွေကအိမ်ကိုဖျက်ဆီးပစ်ခဲ့တဲ့အပြင်လိုက်လံရှာဖွေနေတာတွေရှိနေတဲ့အတွက်နေရပ်လိပ်စာအပြည့်အစုံနဲ့အမည်နာမတွေကိုကာယကံရှင်မိသားစုရဲ့လုံခြုံရေးအခြေအနေကြောင့်ချန်လှပ်ဖော်ပြပေးခဲ့ရပါတယ်။

 


Related posts

Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
ပေါ်တာဆွဲသည့် သတင်းတွေထွက်ပေါ်နေပြီး အခြေခံပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေ
Feb 17, 2024
Cover
ပြည်ပနိုင်ငံများမှ အလုပ်ခေါ်စာလက်ခံမှု ယာယီရပ်ဆိုင်း
Feb 14, 2024
Cover
စက်ရုံလုပ်သားတွေထံက အချက်အလက်များစတင်ကောက်ယူနေ၊ ပြည်သူများစစ်မှုထမ်းရမဲ့ဥပဒေထုတ်ပြန်ချက်ကြောင့် စက်ရုံအလုပ်သမားတွေကြားစိုးရိမ်မှုမြင့်တက်လျှက်ရှိ
Feb 14, 2024
Cover
စစ်မှုထမ်းဥပဒေ‌ကြောင့် ပြည်ပထွက်ရန်ပြင်ဆင်နေသည့် လူငယ်များ စိတ်ပူပန်နေ
Feb 11, 2024