NEWS

အိုမန်မှပေးစာ - ၄

CoverLogo
684 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်၊ ထားမလုံကျေးရွာတွင် နေထိုင်သူ မှတ်ပုံတင်အမှတ် ၇/ပမန (နိုင်)၂၆၀၃၄၄ ကိုင်ဆောင်သော မယုယုနိုင်သည် အနော်မာ ၁၆လမ်း၊ သာကေတမြို့နယ်တွင်ရှိသော ကိုလင်း ထွန်းအေဂျင့်စီဖြင့် ချိတ်ဆက်ပြီးအိုမန်နိုင်ငံသို့ အလုပ်လာလုပ်ရန်ဆောင်ရွက်ခဲ့ပြီး အိုမန်နိုင်ငံတွင် ၃လဖြတ် ဖြင့် အလုပ်လာရောက်လုပ်ကိုင်ခြင်းဖြစ်ပါသည်။
 
၁၈ ရက်၊ ၃လ၊၂၀၂၅ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ပြီး အိုမန်နိုင်ငံကို ၂၁ရက်နေ့ည၁နာရီမှာစရောက်ပါသည်၊
အိုမန်ရောက်ပြီး ၂၃ ရက်၃လ၂၀၂၅ရက်နေ့တွင် အိမ်ရှင်အိမ်မှာ အလုပ်စတင်ဝင်ပါသည်။
 
၎င်းနိုင်ငံ တွင်နေထိုင်ရန်အတွက်နှင့် အလုပ်လုပ်ရန် သွေးစစ်တော့ ကျွန်မဆေးကျလို့အိမ်ရှင်က ၂၈ ရက်၊ ၄လ၊ ၂၀၂၅မှာ အိုမန်နိုင်ငံအေးဂျင်းရုံးကို ပြန်ပိုပေးခြင်း၊ အေးဂျင်းဆီရောက် တော့ဆေးစစ်ပေးမယ်ဆိုပြီး ၂၁အကြာမှာ ကျွန်မက မြန်မာနိုင်ငံအေးဂျင်းကိုပြောတော့ သူပြောပေးမယ်ပြောပါသည်။
 
ညနေကျတော့ အိုမန်နိုင်ငံက စကားပြန်အမက ကျွန်မတို့ဆေးမစစ်ပေးဘဲ ဆေးကအဆင်ပြေတယ် ထို့အတွက်ကြောင့် ပြန်ပြီးတော့ အလုပ်လုပ်ကိုင်ရန် အင်တာဗျူးဝင်လို့ရတယ်လို့ပြောခြင်း၊ ကျွန်မကိုအေးဂျင်းက ဆေးလဲသေချာမစစ်ပေး ဘဲအခုလဲ အင်တာဗျူးဝင်ရန်ပြောသော်လည်း လက်ရှိတွင် ကျွန်မမှာ နေထိုင်မကောင်းခြင်းကြောင့် အိုမန် အေးဂျင်းရုံးတွင် အလုပ်လဲမလုပ်နိုင်ဘဲ ဒီအတိုင်းနေနေရခြင်းဖြစ်ပါသည်။
 
အိုမန်အေးဂျင်းရုံးတွင်နေနေရပြီ သူတို့ ကျွေးတာစားနေရခြင်း၊ ၎င်းကျွေးသောအစာအသောက် များမှာမစားနိုင်ခြင်း၊ ကျွန်မလည်းပန်းနာရင်ကြပ်၊ ဓာတ်မှန်ရိုက်တာ အဆုပ်မှာစပေါ့ဖြစ်လို့ ကျန်းမာရေးမ ကောင်း သော ကြောင့်သူတို့ ကျွေးတာမစားနိုင်သောကြောင့် ကျွန်မကျန်ရှိနေသော ပိုက်ဆံဖြင့်ဝယ်စားရခြင်း၊ အိုမန်အေးဂျင်းကလည်းဆေးစစ်တာကို သေချာမလုပ်ပေးခြင်းကြောင့် လက်ရှိတွင်ကျွန်မမှာ အိုမန်ရောက် ပြီးအလုပ်မ လုပ်ကဘဲဒီအတိုင်း နေနေရသလိုဖြစ်နေရပါသည်။
 
ကျွန်မလည်းမြန်မာအေးဂျင်းကို လှမ်းပြောတော့ လဲဘာမှထူးခြားမှုမရှိခြင်းကြောင့် ကျွန်မလည်း ကျန်းမာရေးမကောင်းသည့်အတွက် မြန်မာပြည်ပြန်ရန် အိုမန်အေးဂျင်းပြောသည့်အခါ မြန်မာပြည်ပြန်လျင် မြန်မာငွေသိန်းတစ်ရာပေးပြီးမှ ပြန်ရမည်ပြောသော ကြောင့်ကျွန်မမှာ သူတို့ကိုပြန်ပေးစရာလည်း ပိုက်ဆံမရှိခြင်း၊ အလုပ်ကလဲ လုံးဝမလုပ်ရခြင်းကြောင့် သူတို့ တောင်းတဲ့သိန်း တစ်ရာမပေးနိုင်ခြင်းကြောင့် အခက်အခဲ များကြုံတွေ့နေရပြီး အကူအညီပေးပါရန် တင်ပြအပ်ပါသည်။
 
အလုပ်သမားတောင်းဆိုချက်
၁။ ကျွန်မ မယုယုနိုင်သည် ကျန်းမာရေးမကောင်းသည့်အတွက် မြန်မာပြည်ပြန်ချင်ခြင်း။
၂။ အေးဂျင့်တောင်းသည့် မြန်မာငွေ သိန်း၁၀၀ကျပ်ကိုတောင်းခံနေခြင်းကို မပေးနိုင်ခြင်း။
အကူအညီတောင်းခံသူ
မယုယုနိုင်
 

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026