ဇူလိုင် ၂၃ ၊ ၂၀၂၆
Best-A Garment Co.,Ltd ရဲ့ လုပ်ငန်းခွင်မှာ လုံခြုံရေးတွေက အရက်သောက်ပါတယ်၊ အဲ့အချိန်ဆို ပြောဆိုမကောင်းဘဲ ဆဲဆိုပါတယ်။ ညဘက် အချိန်ပိုဆင်းတဲ့ အလုပ်သမားတွေဆို သူတိုကို သိပ်ကြောက်ရတာပါ။ လုပ်ငန်းခွင်ထဲ ပတ်ကြည့်ပါတယ်။ ဒါက သူတိုတာဝန်မို့ ပြသနာ မရှိပါဘူး။
ဒါပေမဲ့ တာဝန်ချိန် အရက်သောက်ပြီး ဆဲဆိုတာပါ။ နံပါတ်တုတ်နဲ့ ရိုက်မယ်နှက်မယ် ရွယ်ပါတယ်။ လုပ်ငန်းခွင်ထဲက စက်ပြင်ကတော့ ပါးစပ်အရသာခံပြီး အလုပ်သမား အမျိုးသမီးငယ်တွေကို ထိကပါး ရိကပါး ပြောဆိုပါတယ်။ ဆက်ဆံပါတယ်။ ဒါကို အလုပ်ရှင်ဘက်ကို တိုင်း ကြားပါတယ်။ ဘာမှ ဖြေရှင်းမပေးပါဘူး။ ဒီလို လုပ်နေတာ တစ်ကြိမ်မကတော့ဘူး။
စက်ရုံက မြတောင်ဝန်ကြီးဦးမှိုလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိင်သာယာမြိုနယ်မှာပါ။ အလုပ်သမား ၄၀၀ လောက်ရှိပါတယ်။စက်ရုံက တရုတ်နိုင်ငံသားပိုင်ပါတယ်။ သိုးမွှေး၊ စွယ်တာ၊ ဝယ်လွန်တွေ ချုပ်ပါတယ်။ ထူးခြားတာက တံဆိပ်ကိုတော့ အခြားရုံမှာ သွားတပ်ပြီး သူများစက်ရုံက အထည်ကိုတော့ ဒီစက်ရုံမှာ တံဆိပ်လာ တပ်ပါတယ်။
စက်ရုံမှာ နေ့ဆိုင်း ညဆိုင်းခွဲထားပါတယ်။ ၁၄,၁၅,၁၆နှစ် အရွယ် အလုပ်သမားများ ၈၀ ကျော် ရှိပါတယ်။ သူတိုလည်း လူကြီးအလုပ်သမားတွေနဲ့ တန်းတူ လုပ်ရတာပါ။
ရှောင်တခင်ခွင့်၊ ဆေးခွင့် ဘာမှ မပေးပါဘူး။ ဆေးပေးခန်းဆိုတာ မရှိပါဘူး။ ပါရာ စီတမော့ဆေး တောင်းတာတောင် မရှိပါဘူး။ အရေးပေါ်ကိစ္စဖြစ်ဖြစ် ၊ မိသားစုကိစ္စ ရှိရှိ ဂိတ်ပတ်စ် လုံးဝ မပေးပါဘူး။
အလုပ်သမားတွေ သုံးတဲ့ အိမ်သာမြင်ရင် စက်ရုံထဲ ဝင်ချင်စိတ် ဖြစ်မှာ မဟုတ်ပါဘူး။မိုးတွင်းဘက်ဆို အိမ်သာတွေ ပြည့်လျှံနေပါပြီ။ ဖယ်ရီကား မရတဲ့ အလုပ်သမားတွေ လမ်းလျှောက် ပြန်ရပါတယ်။ သောက်ရေလည်း မကောင်းပါ။ ထမင်းစားခုံ လုနေရင်း ထမင်းစားနားချိန် ကုန်မှန်းမသိ ကုန်ရပါတယ်။
လုပ်ငန်းခွင်ခေါင်းဆောင်တွေက ဂရိတ်ကြေး သတ်မှတ်ရာပါတယ်။ ဒါက ထုံးစံပါ။ ဒါပေမဲ့ အောစူပါနဲ့ အဆင် ပြေရင်တော့ ဂရိတ်အဆင့်ကောင်းရပါတယ် ရှင့် ။
လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်ညှိနှိင်းရေး wcc မရှိတော့ အလုပ်သမားတွေအတွက် ပို ခက်ခဲနေရတာပါ ရှင့်။ အိုတီဆင်းလည်း မလုံခြုံတာမို ပါးစပ်၊လက် သရမ်းနေသူတွေကို အရေးယူပေးဖိုပါ ရှင့်။








