NEWS

ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ

CoverLogo
12 Views
 
ဇူလိုင် ၁၆၊ ၂၀၂၆
ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၉၀ နီးပါးကို ဇူလိုင်လဆန်း နှစ်ပတ်အတွင်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရပါတယ်။
 
​ဇူလိုင် ၂ ရက်မှ ၁၄ ရက်အတွင်း နယ်စပ်ဒေသအသီးသီး၌ ဖမ်းဆီးခံရခြင်းဖြစ်ကာ ဇူလိုင် ၂ ရက် က ကမ်ဖန်ဖတ်ခရိုင် (Kamphaeng Phet) တွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ မြန်မာလုပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
 
ဇူလိုင် ၄ ရက် မှာတော့ ကန်ချနဘူရီခရိုင်၊ စံခလာဘူရီမြို့နယ်ရှိ တောစပ်တစ်ခုအနီးတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၅ ဦးကို စစ်ဆေးတွေ့ရှိကာ ဖမ်းဆီးခဲ့သရသလို ​ဇူလိုင် ၆ ရက် တွင် စံခလာဘူရီမြို့နယ်၊ နောင်လူးကျေးရွာအနီး မှာ မြန်မာလုပ်သား ၁၁ ဦး ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
​ဇူလိုင် ၈ ရက် မှာတော့ တာ့ခ်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် အခြားသူ၏ နိုင်ငံကူးလက်မှတ် (Passport) အထောက်အထားများကို အသုံးပြု၍ ဝင်ရောက်ရန် ကြိုးပမ်းတဲ့ မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခဲ့ကြောင်း ​ဇူလိုင် ၁၁ ရက် တွင် နခွန်စီတမ္မရက်ခရိုင်အတွင်း မော်တော်ယာဉ် ၃ စီးဖြင့် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၉ ဦးကို ထိုင်းအာဏာပိုင်များက စောင့်ကြိုဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
​ဇူလိုင် ၁၂ ရက်မှာတော့ ကန်ချနဘူရီခရိုင်၊ စံခလာဘူရီမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၆ ဦးနှင့် လမ်းပြဖြစ်သူ ထိုင်းနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့ကာ ​ဇူလိုင် ၁၄ ရက်မှာလည်း အယုဒ္ဓယခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် မြန်မာလုပ်သား ၂၂ ဦး တင်ဆောင်လာသည့် ယာဉ် ၃ စီးကို သတင်းကြိုတင်ရရှိမှုအရ ထိုင်းအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးခဲ့ကာ ၎င်းတို့မှာ ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း သိရပါတယ်။
 
​"ပြည်တွင်းမှာ နေရေးစားရေး အခက်အခဲတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းဘက်ကို နည်းလမ်းမျိုးစုံနဲ့ ဝင်နေကြတာပါ။ ဒီလပိုင်းတွေမှာ ထိုင်းဘက်ကလည်း စီမံချက်နဲ့ ဖမ်းဆီးနေတာမို့ နေ့တိုင်းနီးပါး အဖမ်းခံနေရတယ်။ တချို့ပွဲစားတွေက လမ်းကြောင်းသေချာမလေ့လာဘဲ ငွေရရင်ပြီးရော ပို့ကြတာ။ တကယ်ဖြစ်လာတော့ အလုပ်သမားပဲ နှစ်ခါနာရတယ်။ ပိုက်ဆံလည်း ဆုံး၊ အဖမ်းလည်း ခံရတဲ့အပြင် နေရပ်ပြန်ပို့ခံရရင်လည်း စစ်မှုထမ်းဖို့ပါ အတင်းအကျပ် အခေါ်ခံရနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ထိုင်းဘက်ကို လာမယ်ဆိုရင် သေချာစုံစမ်းပြီးမှ လာကြစေချင်ပါတယ်" ​လို့ မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။
 
​မြန်မာပြည်တွင်းရှိ စစ်ရေးမတည်ငြိမ်မှုများနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စားဝတ်နေရေး ခက်ခဲမှုများကြောင့် ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း ထိုင်းနိုင်ငံသို့ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားဦးရေ ၆၈၇,၀၀၀ ဦး အထိ ရှိလာကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026