NEWS

အိုမန်မှ ပေးစာ_၂

CoverLogo
108 Views
မိထ္ထီလာမြို့နယ်၊ ခင်လူးကျေးရွာတွင် နေထိုင်သော မှတ်ပုံတင်အမှတ် ၁၃/တကန နိုင် -------- ကိုင်ဆောင်ထားသော ကျမ ဒေါ်ရီနွယ်ထွန်းသည် နန်းကျော့ လှိုင်(ရွှေဘုံနန်း) အေးဂျင်းစီနာမည်ဖြင့် မိထ္ထီလာ မြို့နယ်တွင် ဆက်စပ်မိပြီး အိုမန်သွားဖြစ်လာခြင်း၊ ၎င်းအေးဂျင်ဖြင့် မြန်မာပြည်မှာဘာစာချုပ်မှမချုပ်ခဲ့ဘဲ အိုမန်ကိုအကြွေးစနစ် ၃ လဖြတ်ဖြင့်ပို့ပေးခဲ့ပါသည်။
 
အိုမန်သွားရန်အတွက် စာအုပ်ကအမြန်လုပ်ရတာဆိုတော့ ဘားအံထိသွားလုပ်ခဲ့ရခြင်း၊ ကျွန်မက အရင်ကစာအုပ်ရှိသော်လည်း သက်တမ်းကုန်နေတာ ၁၀ နှစ်ရှိပြီးဆိုတော့ ရတယ်မလိုဘူးပြောပြီး ဘားအံကို လွှတ်ပြီးစာအုပ်လုပ်ခဲ့ခြင်း၊ ဘားအံမှာကျွန်မတို့ အိမ်ထောင်စုနဲ့မဟုတ်ပဲ တခြားမြဝတီဘက်က အိမ်ထောင် စုထဲထည့်ပြီးစာအုပ်ကို ပွဲစားကလုပ်ပေးခဲ့ပါသည်။
 
ပြန်လာပြီး၅ရက်လောက်နေတော့ စာအုပ်က black list ထိတယ်ဆိုပြီး အေးဂျင်းကပတ်စပို့ရုံးက ရဲချုပ်ကိုငွေ၅သိန်းပေးရမယ်ပြောပါသည်။အေးဂျင်းကသူ့ဘက်က စာအုပ်တခုတည်းလုပ်တာကိုပဲ ၃လဖြတ်ထားခြင်း၊ အဲ့ပိုက်ဆံထပ်စိုက်ရရင် ၂၀တိုးနဲ့ဖြတ်မယ်လို့ပြောလို့ ကျွန်မရန်ကုန်ဆင်းပြီးတော့ အေးဂျင့်ကိုငွေ၅သိန်းကျပ်ပေးရပါသည်။
 
၂၀.၇.၂၀၂၄ ရက်နေ့မှာ အိုမန်ရောက်ပါသည်၊ ၂၁.၇.၂၀၂၄ ရက်နေ့ညမှာ အလုပ်လုပ် မည့်အိမ်ရှင်လာခေါ်ပါသည်၊ အလုပ်လုပ်မည့်အိမ်မှာ လူ ၁၀ ယောက်ပဲ ရှိတယ်လို့ပြောထားခြင်း၊ မသွားခင် အိုမန်အေးဂျင့်က အိမ်ပြောင်းရင် ၄ လဖြတ်ခံရမယ်လို့ပြောခဲ့ပါသည်။
 
ကျွန်မအိမ်ရှင်အိမ်ရောက်တော့ ၎င်းအိမ်မှာ အိမ်ရှင်မ အကြီး က သားသမီး ၁၀ ယောက် အိမ်ရှင်မငယ်ကသားသမီး ၉ ယောက်ရှိခြင်း၊ အိမ်ရှင်မ အကြီး ကလေးတွေက အိမ်ထောင်ကျနေတော့ ပိတ်ရက်ဆို အိမ်မှာလာနေတယ်လို့ပြောပါသည်၊
 
ကျွန်မအဲ့အိမ်မှာ ချက်ပြုတ်သန့် ရှင်းရေးလုပ်၊ အဝတ်လျော်၊ မီးပူတိုက်၊ ဆိတ်စာကျွေး၊ စွန်ပလွန်သီးခူးအကုန်လုပ်ရခြင်း၊ ထမင်းချက်တာကို တပတ်သင်ပေးပြီး နောက်ရက်တွင် ကျွန်မတယောက်တည်း အကုန်လုပ်ရပါသည်၊ အိမ်ဝိုင်းကဧက၅၀ လောက်ကျယ်သော နေရာဖြစ်ပါသည်၊ တပတ်မှာ ၅ ရက်လောက်က ၎င်းအိမ်မှာလူ ၆၀ ကျော်လာနေနေခြင်း တခါတလေသူတို့ အိမ်အကူတွေပါလာသလို မပါလာတာလဲရှိပါသည်။
 
လစာအိုမန်ငွေ ၁၂၀ ရပါသည်၊ အိမ်အလုပ်တွေဖိလုပ်ရပြီး အရမ်းပင်ပန်းလို့ ကျွန်မဆီးကျောက်တည်ခြင်း၊ နှလုံးသွေးကြောကျဉ်းတာနဲ့ အဆစ်မြစ်ကိုက်တွေဖြစ်ခြင်း၊ အိမ်ပြောင်းလျင် ၄လဖြတ်မယ်ပြောထား လို့ကျွန်မဆေးသောက်ပြီး သည်းခံလုပ်ခဲ့ပါသည်။
 
အိမ်ရှင်ကတခါတလေ သူတို့သားသမီးအိမ်တွေကို လွှတ်ပြီး အလုပ်ခိုင်းပါသေးသည်၊ ကျွန်မအိမ်ထပ်မပြောင်းချင်လို့ သည်းခံလုပ်ခဲ့ပါသော်လည်း အိမ်ရှင်အိမ်မှာ၆လ နဲ့၁၅ရက်ပြည့်တဲ့နေ့မှာ အိမ်ရှင်မအငယ်အကြီးဆုံးသားရဲ့ မိန်းမကောလိပ်တက်မှာမို့လို့ သူ့ကလေးကို တပတ်မှာစနေ နေ့ကနေကြာသာပတေးညနေထိ လိုက်ထိန်းပေးရခြင်း၊ ကြာသာပတေးနေ့ ညကနေ စနေနေ့လည်ကျ အိမ်ကို ပြန်လာလုပ်ရမယ်လို့ ပြောပြီး သူ့မြေးကိုတခြားမြို့မှာ လိုက်ထိန်းခိုင်းပါသည်။
ကျွန်မနေတာက Jalan မှာပါ ကောလိပ်က Nizwa မြို့မှာပါ ကား ၃ နာရီစီးရခြင်း၊ ကျွန်မကကားစီးရင် မူးပြီးအန်တတ်ခြင်း၊ ကျွန်မကို သူ့အမေကျောင်းသွားချိန်ပဲ ကြည့်ရမှာ ကျောင်းကပြန်လာရင် သူ့ဘာသာ ထိန်းလိမ့်မယ်လို့ပြောပြီး ထည့်လိုက်ပါသည်။
 
အဆောင်ငှားနေတဲ့ အခန်းကျဉ်းလေးထဲမှာ ကလေးအမေ ကျောင်းသွားတော့ သုံးလအရွယ်ကလေးနဲ့ ကျွန်မအတူနေခဲ့ရပါသည်၊ မနက်စာကို နွားနို့တခွက်သောက်မုန့် တခုစားပြီးကလေးထိန်းခဲ့ရခြင်း၊ နေ့လည်စာကိုည၇ခွဲမှစားရခြင်း၊ ကျွန်မနေ့လည်လည်းမအိပ်ရသလိုည လည်းကလေးငိုတိုင်း ထပြီးထိန်းပေးရပါသည်၊ ညစာလည်းမစားရခြင်း၊ ကလေးအမေက စိတ်တိုင်းမကျလို့ ဆိုပြီးဆူပူတာလည်းခံရပါသေးသည်။
 
ကျွန်မကို အခန်းကျဉ်းလေးထဲက ဘယ်မှမထွက်ခိုင်းတော့ ခြေထောက်တွေနာပြီး ချည့်သလိုဖြစ် လာခြင်း၊ ကျွန်မ၃ပတ်‌ပြည့်လို့၄ပတ်မြှောက်မှာ ကျွန်မမခံနိုင်လို့ အိမ်ရှင်ကိုပြောလိုက်ခြင်း၊ ခလေးကိုလိုက် မကြည့်နိုင်တော့ဘူးဆိုတာကို သူတို့ကဘာလို့လဲမေးပါသည်၊ ကလေးထိန်းရတာ မနက်နွားနိုးသောက်မုန့်တ ခုစားပြီး နေ့လည်စာမစားရပဲ ကလေးထိန်းရတယ်၊ နားချိန်မရှိဘူး၊ ညရောက်မှ နေ့လည်စာစားရခြင်း၊ အိမ်ချိန်လည်းမရှိ အခန်းသေးထဲက ဘယ်မှမထွက်ရလို့ ငါ့ခြေထောက်တွေနာပြီး လမ်းလည်းသိပ်မလျှောက် နိုင်တော့ဘူးလို့ ကလေးအမေက ဆူငေါက်နဲ့မို့လို့ ငါမလိုက်တော့ဘူးပြောတာကို အိမ်ရှင်လက်မခံပဲနောက် တစ်ပတ်ထဲပြန်လွှတ်ပြန်ပါသည်။
 
အိမ်ရှင်ကျွန်မတိုင်တဲ့အကြောင်းကို သူ့ချွေးမကိုပြောပြတော့ ကျွန်မကိုကားပေါ်မှာရော အဆောင်မှာ ပါဆူပူကြိမ်းမောင်းနေခြင်း၊ ကျွန်မသည်းခံပြီး ဘာမှမပြောပဲ သူ့ကလေးနဲ့သူတို့ အလုပ်ကိုလုပ်ပေးခဲ့ခြင်း၊ WED နေ့မှာကျွန်မကလေးထိန်းတဲ့ ကုတင်ရှေ့မှာ ဖုန်းအားသွင်းသလိုလုပ်ပြီး vc ဖမ်းထားခဲ့ခြင်း၊ ကျွန်မက သူအားသွင်းထားတယ်ပဲထင်တာ ကလေးအိပ်ချိန် ကျွန်မရေချိုးရင် သူတို့အဝတ်တွေလျော်နေတော့ ကလေး ကငိုတော့အမြန်လာပြီး ကျွန်မခုတင်ရှေ့မှာပဲ အဝတ်မြန်မြန်ချွတ်ချပြီး ဝတ်ရပါသည်။
 
ကျွန်မအဝတ်ချွတ်လဲတဲ့ vc တွေလည်းသူတို့မှာရှိနေခြင်း၊ ကလေးကိုရေချိုးပေးတော့ ကလေးကအဲ့နေ့က တအားငိုတယ်ချော့မရ အောင်ငိုနေခြင်းကြောင့် ကျွန်မလည်းကလေးကို အမျိုးမျိုးချော့ပေးပါသည်၊ တအားငိုတော့ကျွန်မလည်း ဗိုက်ကဆာအိပ်ရေးကမဝတော့ လူကခေါင်းတွေကိုက်ပြီး နေလို့မကောင်းချင် သလိုဖြစ်နေသည့်အတွက် ကလေးတအားငိုတော့ သူ့ဖင်ကိုလက်ဝါးနဲ့ ဖွဖွလေးရိုက်မိပါတယ် နာစေလိုတဲ့ စိတ်နဲ့လုပ်တာမဟုတ်ခြင်း၊ သူ့အနှီးထုပ်ကနေမပြီး သူ့ပါးစပ်ကို ကျွန်မတို့မြန်မာတွေလုပ်နေသလို ဝါးဝါးမြည်အောင် ကျွန်မလက်ဝါးလုပ် ပေးခြင်း၊ အဲဒီလိုသူ့ကလေးကို လုပ်လို့ဆိုပြီး ကျွန်မကို အိမ်ရှင်ကိုတိုင်ပါသည်။
 
အဲ့ခါမှသူတို့ ဖုန်းနဲ့ vc ခိုးရိုက်တယ်ဆိုတာသိခဲ့ခြင်း၊ ကျွန်မလည်း မြန်မာအေးဂျင့်ကို အဲ့အကြောင်းကို ပြောပြခြင်း၊ သူတို့ကလေးကို အဲ့လိုလုပ်မိတာ ရဲတိုင်တယ်ဆိုတာ ဟုတ်လားလို့မေးခဲ့တော့ အေးဂျင့်က တောင်းပန်လိုက်လို့ပြောပါသည်။
 
ကျွန်မလည်းသွားတောင်းပန်ခဲ့ပြီး စနေနေ့နေ့လည် ၂ခွဲမှာအိမ်ရှင်က နင့်ကို ရုံးပြန်ပို့မည် အဝတ်တွေသိမ်းလို့ပြောလို့ ကျွန်မအဝတ်နဲ့ မြန်မာပြည်ကပါလာတဲ့ အ‌သုံးဆောင်ကလွဲရင် သူတို့ဟာတွေဘာမှမယူခဲ့ခြင်း၊ မယားငယ်အမျိုးသမီးက ကျွန်မဖုန်းကိုတောင်းပြီး lock ဖွင့်ခိုင်းပြီးတော့ ကျွန်မဖုန်းထဲက ကျွန်မidနဲ့ဝယ်ထားတဲ့ အိုမန်ဆင်းကဒ်၊ မြန်မာအော်ရီဒူး အကုန်ယူထားပြီး ဖုန်းထဲမှာရှိသမျှ ဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်နဲ့ အကောင့်တွေ ဓာတ်ပုံတွေဖိုင်တွေ အကုန်ဖျက်ပစ်လိုက်ပါသည်။
 
ကျွန်မဖုန်းကိုအိုမန်ဆင်းကဒ်ထည့်မှလော့ဖွင့်လို့ရအောင်လုပ်ခဲ့ပါတယ်ပြီးမှ ကျွန်မအခန်းထဲကို အိမ်ရှင်မအငယ်ရဲ့မိသားစုတွေ အကုန်ဝင်လာပီးမှလက်နဲ့ရိုက်ပြီး တော့ဝိုင်းပြောကျပါတယ်ကျွန်မကိုရဲလက်အပ်မယ်ဆိုပီးတော့ ကျွန်မလည်းသူတို့ရိုက်လည်းဘာမှပြန်မလုပ်ပဲတောင်းပန်စကား‌ပဲပြောခဲ့ပါတယ်။
 
အိမ်ရှင်မအကြီးသားတစ်ယောက်ကidရုံးကဝန်ထမ်းလို့ပြောပါတယ်သူကကျွန်မကိုရဲမတိုင်ဘူးရုံးပြန်ပို့ပေးမယ်ဆိုပီးသူ့အိမ် muscatမြို့ကိုခေါ်လာပါတယ်သူ့အိမ်မှာ ၃ ရက်အလုပ်လုပ်ခိုင်းပါတယ်ရုံးမဖွင့်သေးဘူးလို့ပြောပါတယ်ရုံးကသောကြာနဲ့စနေနေ့လည်ပဲပိတ်တာပါစနေညနေဆိုပြန်ဖွင့်ပါတယ်ရက်ပြည့်ပီးညပိုင်းမှာရုံးကိုခေါ်လာပါတယ်ရုံးရောက်တော့မြန်မာစကားပြန်တွေရှိပေမယ့်လည်းကျွန်မတို့ဘက်မှာရပ်တည်ပေးမယ့်သူမရှိပါဘူးကျွန်မရုံးမှာအ‌ေကာင့်သစ်ဖွင့်ခိုင်းပြီး မိဘအိမ်နဲ့‌ေအးဂျင့်လှမ်းဆက်သွယ်ရပါတယ်။
 
အိမ်ရှင်ကကျွန်မကို မြန်မာပြည်ကနေလာဖို့အတွက် အေးဂျင့်ကိုအိုမန်ငွေ ၁၂၀၀ ပေးရသည့်ဟုပြော ပါသည်၊ ကျွန်မကအဲ့အိမ်မှာ သူတို့၆လစာချုပ်ချုပ်ပြီး ၇လနဲ့၁၅ရက်မှပြန်လာခဲ့တာဖြစ်ခြင်း၊ ကျွန်မကအိမ် ရှင်ဆီက၁၅ရက်စာလုပ်အားခ ကျန်သေးတယ်ဆိုပြီး တောင်းခိုင်းတာလည်း မတောင်းပေးခြင်း၊ ကျွန်မအေး ဂျင့်ကိုမေးတော့ မြန်မာငွေသိန်း၁၂၀လျော်ရင် အိမ်ပြန်လို့ရမယ်လို့ပြောပါသည်။
 
ကျွန်မမှာ အဲ့လောက်အများ ကြီးလျော်စရာမရှိလို့ ကျွန်မမှာအိုမန်ရုံးမှာ ၂ပတ်နေပြီး အိမ်သစ်ထပ်ရှာခဲ့ပြီး ၂၃.၃.၂၀၂၅မှာ အိမ်သစ်ကိုသွား ရပါသည်၊ လူ၆ယောက်အိမ်ကသုံးထပ်လို့ ကလေးလည်းမရှိဘူးဆိုပြီး ပြောပြီးညာခေါ်သွားပြီး အလုပ်လုပ် ရမည့်အိမ်ရောက်တော့ လူက ၁၄ ယောက် ကလေးလူကြီးအပါနေကြပါသည်။
 
ကျွန်မ ၅ နာရီထပြီး နေ့လည်နားချိန်မရှိ ည၁နာရီထိ အလုပ်လုပ်ရပါသည်၊ ထမင်းသုံးရက်မကျွေး ခြင်း၊ နားချိန်လည်းမပေးခြင်း၊ ရေချိုးအိမ်သာဝင်ချိန်သိပ်မရခြင်း၊ နောက်နေ့တွင်လည်း နေ့လည်စာကို၃ခွဲမှ ထမင်းနဲနဲကျွေးပြီး အလုပ်ပင်ပန်းလို့ ဆီးမသွားနိုင်တော့ပဲ ဆီးမှာသွေးပါပြီး တစ်ကိုယ်လုံးယောင်လို့ အိမ်ကို အေးဂျင့်နဲ့သွားတွေ့ခိုင်းပြီး အိမ်ပြန်ဖို့သွားပြောခိုင်းလိုက်ခြင်း၊ အိမ်သစ်မှာ၁၇ရက်လုပ်ပြီး ရုံးပြန်ခဲ့ပါသည်။
 
အခုထိ အဲ့လုပ်အားခလည်းမပေးခြင်း၊ ၎င်းလုပ်အားခကို အေးဂျင့်သိမ်းထားခြင်း၊ ကျွန်မကျန်းမာရေးမ ကောင်းသည့်အတွက် အိမ်ကအမေက မြန်မာအေးဂျင့်နဲ့သွားညှိတော့ မြန်မာပြည်ပြန်ချင်ရင် မြန်မာငွေသိန်း ၁၂၀ပေးမှမြန်မာပြည်ပြန်လာလို့ ရမည်ဟုပြောပါသည်။
 
အမေကအိမ်ဝိုင်းပေါင်ပြီး ရှာတာသိန်း ၄၀တော့ယူပါလို့ သွား‌ပြောတော့မရဘူး ၃ကြိမ်သွားပြောသော်လည်း အဆင်မပြေခြင်း၊ အေးဂျင့်မှတကယ်လို့ မြန်မာငွေ သိန်း၁၂၀မှ မပေးနိုင်ရင် အိုမန်ရဲခေါ်ပြီးဖမ်းခိုင်းမည်ဟုပြောပါသည်။
 
ကျွန်မလည်းကျန်းမာရေးမကောင်းလို့ မြန်မာပြည်ပြန်ဖို့ပြော ပြောတာကိုညာနေတယ်လို့ပြောနေ ခြင်း၊ ဆေးတောင်မရှိတော့လို့ မြန်မာဆေးမြီးတိုဖြင့် လက်ဘက်ခြောက်နဲ့ သကြားရေစိမ်သောက်နေရ တယ်လို့ပြောတာကို လက်မခံကျခြင်း၊ ပထမအိမ်ရှင်ရိုက်ထားတဲ့ ဒဏ်ရာတွေလည်း ပျောက်အောင်ဆေးလူး နေရခြင်း၊ ယခုတွင် ဆီးမှာသွေးပါပြီး တစ်ကိုယ်လုံးယောင်နေခြင်း၊ နှလုံးသွေးပေါက်ကျဥ်နေခြင်းတာဖြစ်နေ ခြင်းကြောင့် အလုပ်မလုပ်နိုင်ပဲ အိုမန်ရုံးက အဆောင်မှာနေနရခြင်း၊ မိဘတွေလည်း သိန်း၁၂၀ကျပ်ကို အခုချိန်မှာမည်သည့်နေရာမှ ရှာလို့မရသည့်အတွက် ကျွန်မအတွက်အခက်ခဲ့ဖြစ်နေခြင်းကြောင့် အကူအညီတောင်းခံအပ်ပါသည်။
မရီနွယ်ထွန်း

Related posts

Cover
OWIC ကတ် လျှောက်ထားသူ ၁၀၀ ကျော် စာရွက်စာတမ်း မပြည့်စုံသဖြင့် ပြန်လည်လျှောက်ထားခိုင်း
May 05, 2025
Cover
အကြောင်းမဲ့ အလုပ်ဖြုတ်သည့် လုပ်ငန်းရှင်ကို တိုင်ကြားခဲ့သည့် မြန်မာလုပ်သားများ နစ်နာကြေးဘတ် ၅ သိန်း ကျော်နှင့်စာရွက်စာတမ်းများပြန်ရ
May 04, 2025
Cover
အချက်အလက်မစုံလျင် OWIC ကတ် ပြုလုပ်ခွင့် စာရင်းမသွင်းပေးဟုဆိုလာ
May 03, 2025
Cover
ထိုင်းကို အထောက်အထားမဲ့ ဝင်ရောက်သည့်   မြန်မာအလုပ်သမား ၃၀ ကျော် အဖမ်းခံရ
May 03, 2025
Cover
စာချုပ်ချုပ်ထားပြီးတဲ့ လုပ်သား ၁၀၀၀၀ ခန့်ပြည်ပထွက်ခွင့် ရရေးမျှော်လင့်
May 03, 2025
Cover
ပြည်ပလုပ်သားစေလွှတ်ရေး ကန့်သက်ချက် အခက်အခဲများအား အေဂျင်စီများ ဝန်ကြီးဌာနသို့ တင်ပြမည်
May 02, 2025
Cover
Myanmar LNY CAPS ဦးထုတ်စက်ရုံ အလုပ်ရွှေ့ပြောင်းမည်စိုးရိမ်ဟုဆိုပြီး သင်္ကြန်မုန့်ဖိုး လျှော့ပေး
Apr 30, 2025
Cover
SDI Manufacturing Co.,Ltd အထည်ချုပ် ခြိမ်းခြောက် ရက်အစား လုပ်ကိုင်ခိုင်း
Apr 29, 2025