NEWS

သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ

CoverLogo
24 Views
ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း
 
အခုတပတ်ရဲ့ကုန်ဈေးနှုန်းကဏ္ဍမှာတော့ စက်သုံးဆီနဲ့ပတ်သက်တဲ့သတင်းတွေထဲ စစ်ကောင်စီအစိုးရရဲ့ ဒေါ်လာငွေသုံးစွဲမှုလျော့ချတဲ့ရည်ရွယ်ချက်မှာ သွင်းကုန်တွေကြောင့် ဒေါ်လာကိုပိုသုံးနေရတယ်ဆိုပြီး စက်သုံးဆီသွင်းကုန်ကို လျော့ချလာတဲ့အတွက် စက်သုံးဆီဈေးဟာပြည်တွင်းမှာအတက်ဖက်ကို စတင်ကာဈေးပြောင်းလဲလာပြီပဲ ဖြစ်ပါတယ်။
 
စက်သုံး‌ဆီဈေးကွက်ထဲကထွက်ပေါ်လာတဲ့သတင်းတွေအရ ဆီဆိုင်တွေရဲ့ခွဲတမ်းတွေကို အစိုးရဘက်ကစတင်လျော့ချလာနေရာ ယခင်က ဆီဂါလံပေါင်းသောင်းချီရနေတဲ့ စက်သုံး‌ဆီအရောင်းဆိုင်တွေမှာ ဆီဂါလံထောင်ဂဏန်းလောက်သာခွဲတမ်းရနေတော့ကြောင်းနဲ့ နောက်ပိုင်းမှာ စက်သုံးဆီတန်းစီစနစ်တွေပြန်ဖြစ်လာဖွယ်ရှိနေကြောင်းသိရပါတယ်။
 
စက်သုံးဆီမဟုတ်တဲ့ ပြည်ပသွင်းကုန်တွေလည်း ဘယ်ပစ္စည်းအမျိုးအစားတွေ ထပ်မံကန့်သတ်ခံရမလဲခွဲတမ်းလျော့ချခံရမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ရာ ပြည်ပသွင်းကုန်တွေဈေးကြီးလာမှုနဲ့အများပြည်သူတွေရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။
 
ဒါကြောင့် Myanmar Labour News ရဲ့ မေ၂၄ ရက်ကနေ ၂၉ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ကုန်ဈေးနှုန်း အခြေအနေတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
 
စက်သုံးဆီ
​မေ ၂၉ ရက် စက်သုံးဆီ ရန်ကုန်အထိုင်လက်ကားဈေးမှာတော့ ဓာတ်ဆီ ၉၂ တလီတာ ၄၅၅၀ကျပ်၊ဓာတ်ဆီ ၉၅ တလီတာ၄၆၂၀ကျပ်၊ဒီဇယ် တလီတာ၄၅၉၅ကျပ်၊ပရီမီယံ ဒီဇယ် တလီတာ ၅၅၅၀ ကျပ်ဖြစ်ပါတယ်။
မေ၂၈ရက်နဲ့တစ်ပတ်အတွင်း စက်သုံးဆီလက်ကားဈေးကတော့ဓာတ်ဆီ ၉၂ တလီတာ
၄,၅၈၅ ကျပ် ၊ဓာတ်ဆီ ၉၅ တလီတာ ၄,၆၅၀ ကျပ် ၊ဒီဇယ် တလီတာ ၄,၄၆၀ ကျပ် ၊ပရီမီယံ ဒီဇယ် တလီတာ ၅,၄၈၅ကျပ် ဖြစ်လို့ တစ်ပတ်အတွင်းဓာတ်ဆီဈေး၃၀ကျပ်ကနေ၃၅ကျပ်ဈေးကျပေမယ့် ဒီဇယ်က၆၅ကျပ်ကနေ၁၃၅ကျပ်လောက်ဈေးပြန်တက်သွားပါတယ်။
 
ဒါဟာ ရှေ့တစ်ပတ်တွေကဆက်တိုက်ကျဆင်းနေခဲ့တဲ့ စက်သုံးဆီဈေးဟာ အခုပြန်လည်တက်ရိပ်ပြလာတာလည်းဖြစ်ပါတယ်။
 
ပြင်ပ ဈေးကွက်ထဲမှာတော့ ဓာတ်ဆီရောဒီဇယ်ပါ တစ်လီတာငွေကျပ်၈၀၀၀မှ ၁၂၀၀၀ကျပ်အထိဈေးအရောင်းအဝယ် ဖြစ်နေပါတယ်။
 
ရွှေဈေး
ယနေ့ရဲ့ရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ပေးတဲ့ဈေးက‌ တော့ရွှေတစ်ကျပ်သားဈေး၇,၀၅၀,၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ကြာက၇၁သိန်းဈေးထက်တော့ ငွေ၅သောင်းလောက်အသင်းဈေးပြန်ကျလာပါတယ်။
ပြင်ပဈေးကွက်မှာလည်း ရွှေတစ်ကျပ်သားကို အနည်းဆုံး ၉၇ သိန်းကျော်ဈေးမှ အခေါက်ရွှေတစ်ကျပ်သားကို သိန်း၁၀၂သိန်းဈေးနဲ့ယခင်တစ်ပတ်ကြာဈေးထက်ငွေ၁သိန်းလောက်ဈေးခွာကာ ဈေးကျလာပါတယ်။
 
နိုင်ငံခြားသုံးငွေလဲဈေး
အမေရိကန်ဒေါ်လာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အရတဒေါ်လာ ၃၆၆၃ ကျပ် သတ်မှတ်ထားရာ ပြင်ပဈေးကတော့ဈေး၄၀၀၀ ကျော်ဝန်းကျင်ဈေးမှာပဲအရောင်းအဝယ်ဖြစ်နေပြီး ကျန်နိုင်ငဲခြားငွေဈေးကွက်ကလည်းအတက်အကျအပြောင်းအလဲသိပ်မရှိကြောင်းတွေ့ရပါတယ်။
 
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ယနေ့ မှာ ရောင်းဈေး ၄၃၁၀ကျပ်၊ ဝယ်ဈေး ၄၂၀၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၂ကျပ်ကျော်၊ ဝယ်ဈေး ၁၂၉ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၆၃၇ကျပ်၊ ဝယ်ဈေး ၆၂၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၇.၀နဲ့ဝယ်ဈေး၂၆.၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၃၃၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၂၃၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာဟာယခင်တပတ်ကြာကထက်ဈေးနည်းနည်းအကျရှိပါတယ်။
 
အခြေခံစားသောက်ကုန်များ
စားသုံးဆီ
 
စားအုန်းဆီ အသင်းရဲ့ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၃၈၇ကျပ် နဲ့ ယခင်တပတ်ထက် ၃၆ ကျပ်ဈေးကျ‌လာပြီးလက်လီသတ်မှတ် ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေသလိုပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၃,၀၀၀ ကျပ်ကျော်တွင် ရှိနေတယ်လို့သိရပါတယ်။ဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်ပါတယ်။
 
ဆန်ဈေး
မြန်မာနိုင်ငံ ဆန်စပါးအသင်း ရဲ့ဆန်လက်ကားဈေးမှာ အကြမ်းအနိမ့်ဆုံး ဆန်ကြမ်း (ဆန်ကွဲပါဝင်မှု ၂၅ ရာခိုင်နှုန်းပါ) ၁ အိတ် (အနိမ့်ဆုံး)- ၅၆၀,၀၀ ကျပ်မှ ၅၉၀,၀၀ ကျပ်၊ အချောအမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် (အမြင့်ဆုံး)- ၁၉၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၂၅,၀၀၀ ကျပ်မှ ၁၅၈,၀၀၀ ကျပ် သတ်မှတ်ထားရာပြင်ပလက်ကားဈေးကွက်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်ပြီးဈေးနှုန်း သတ်မှတ်ကြရာ ဆန်ချောဈေးအနည်းဆုံး၁သိန်း၆သောင်းကျော်မှ ၂သိန်းခွဲဈေးတွေအထိ ဈေးကွက် ဖြစ်ပေါ်နေကြောင်းသိရပါတယ်။
 
ကုန်ခြောက်ဈေးတွေအနေနဲ့ ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါတစ်ထုပ်ကိုငွေ၁၅၀၀ကျပ်အထိရှိလာပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၃၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
 
အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀ကနေ၂၀၀‌၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။
 
ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။
 
စားဖိုဆောင်သီးနှံအမျိုးအစားဖြစ်တဲ့ ကြက်သွန် ဈေးမှာ ကြက်သွန်အနီ တစ်ပိဿာကို ၂၅၀၀ကျပ်မှ ၅၀၀၀ကျပ်ကြား၊ကြက်သွန်အဖြူတစ်ပိဿာကို ၁၅၀၀၀ကျပ်မှ၂၀၀၀၀ကျပ်ကြား၊့ အာလူးတစ်ပိဿာကို ၇၀၀၀မှ၁၀၀၀၀ကြား၊ဂျင်းတစ်ပိဿာ၁၀‌၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊လက်ဖက်အစိုတစ်ပိဿာ၁၆၀၀၀ကျပ်မှ၂၀၀၀၀ကြား၊လက်ဖက်ခြောက်တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊နှစ်ပြန်ကြော်တစ်ပိဿာ၂၄၀၀၀ကျပ်မှ ၂၇၀၀၀ကျပ်ကြားစတဲ့ဈေးတွေအတိုင်းအရောင်းအဝယ်ဖြစ်နေပါတယ်။
 
မနက်ခင်း အဆာပြေ အနေနဲ့စားသုံးနေကြတဲ့ ပဲပြုတ်ဈေးက‌ တော့အနည်းဆုံး၁၀၀၀ကျပ်နဲ့ဝယ်လို့ရနေကာ မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်၊နံပြား၊အီကြာ‌ေကွး ၁ခုဈေး၁၀၀၀ကျပ် နဲ့ စမူဆာ၁ခုဈေး၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
 
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်တစ်ပတ်ထက်အနည်းငယ်ကျဆင်းလာရာ ယခင်က ကြက်ဥ ၁လုံး၆၅၀ကျပ်ဈေးကနေယခုတစ်ပတ်မှာ ကြက်ဥ၁လုံးအများဆုံး၅၀၀ကျပ်ဈေး၊ဘဲဥ၁လုံးအများဆုံး၆၀၀ကျပ်၊ငုံဥဈေးကတော့ထပ်တက်နေရာယခင်၁ထောင်ဖိုး၉လုံးခန့်ကနေ၊ယခု၁ထောင်ဖိုး၇လုံးသာရရှိတော့ရာ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်မှ၁၀၀၀ကျပ်ဈေးတွေနဲ့ရောင်းချနေပါတယ်။
 
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
 
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ ဆူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ပြောင်းဖူး ၆၀၀ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပါတယ်။
ငါးဈေးတွေကလည်း တစ်ဆယ်သားကို ၄၀၀၀ကျပ်မှ၆၀၀၀ကျပ်အတွင်းဈေးတွေရှိနေကာ အသားဈေးအနေနဲ့ကြက်သား၁၀သား၂၅၀၀ကျပ်နဲ့ အမဲသားတစ်ဆယ်သားကို ၄၀၀၀ကျပ် ၊ဆိတ်သား၁၀သားကို ၈၀၀၀ကျပ်ဈေးတွေနဲ့အရောင်းအဝယ်ရှိနေကြပါတယ်။
 
လူသုံးကုန်ပစ္စည်တွေဖြစ်တဲ့ ဆပ်ပြာ၊ဆပ်ပြာမှုန့် ၊သွားတိုက်ဆေးဈေးတွေကတော့ ငွေကျပ်၃၀၀၀ကနေ ၁၀၀၀၀ကျပ်အတွင်းဈေးတွေမှာရှိနေရာ ပြည်ပသွင်းကုန်တွေက ဈေးပိုမြင့်တက်နေကြောင်းသိရပါတယ်။
 
"လူသုံးကုန်နဲ့ စားသောက်ကုန် သွင်းကုန်အချို့ကတော့ အခုနောက်ပိုင်း ပြည်ပသွင်းကုန်နဲ့ ပြည်တွင်းဖြစ်ဈေးပိုကွာသွားနိုင်မလားမသိပေမယ့် ၊ခက်တာက ပြည်တွင်းဖြစ်ကမြန်မာ မှာနဂိုထဲကရှားတယ်။အခြေခံပြည်သူလူထုသုံးစွဲနေတဲ့ ပစ္စည်းအတော်များများကိုက ပြည်ပကသွင်းလာနေတာများတော့ သွင်းကုန်ကို ဒေါ်လာငွေအမြောက်အများသုံးစွဲရလို့ကန့်သတ်လိုက်ရင် နောက်ဆိုဘာပစ္စည်းဝယ်ဝယ် ရှားပါးပြီးဈေးကြီးလာနိုင်တယ်လို့ "ရန်ကုန်မြို့နေပြည်သူတယောက်ကပြောပြပါတယ်။
 
ဆေးနဲ့ဆက်စပ်ပစ္စည်းတွေအနေနဲ့က ပြည်ပဆေးဝါးတွေရှားပါးလာပြီး ဈေးကွက်ထဲ မြန်မာကထုတ်တဲ့တိုင်းရင်းဆေး အမျိုးအစားတွေ ပြန်လည်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဖျားနာသူတွေအနေနဲ့ ဆေးခန်း၁ခါပြပါက ငွေကျပ် ၃၀၀၀၀အနည်းဆုံးမှ သိန်းဂဏန်းအထိ ကုန်ကျတတ်လို့ ကုန်ဈေးနှုန်းကြီးမြင့်မှုအတွက် အခြေခံပြည်သူတွေကြား ကျန်းမာရေးကုသစရိတ်ကို လျော့ချကာ တိုင်းရင်းဆေး အခိုပွင့်ဆေး၊ သွေးဆေး၊ လေဆေးတွေကိုကုန်ကျစရိတ်သက်သာလို့ ပြန်လည်အသုံးပြုနေကြတာလည်းဖြစ်ပါတယ်။
 
စစ်ကောင်စီရဲ့ကျန်းမာရေးဌာနFDAဘက်ကလည်း ယခုမေလထဲမှာ မြန်မာတိုင်ရင်းဆေးအမျိုးအစားပေါင်း၂၀ကျော်ကို စံမမှီတဲ့ အနောက်တိုင်းဆေးအရောအနှောတွေပါဝင်နေကြောင်း အသိပေးထားပါသေးတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026