NEWS

ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ

CoverLogo
45 Views

ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း

Myanmar Labour News ရဲ့ မေလတတိယတစ်ပတ်တာ ကုန်ဈေးနှုန်းအခြေအနေ ကတော့ ဈေးကွက်ထဲ ကုန်စည်ဈေးတွေ ယခင်တစ်ပတ်ကြာထက်အနည်းငယ် မသိမသာလေးဈေးကျပေမယ့် တက်ဈေးအတိုင်းကုန်ဈေးနှုန်းကအထူးတလည်သိသာစွာ ဈေးမကျသေးဘူးလို့ပြောနိုင်ပါတယ်။

အရှေ့အလယ်ပိုင်းပဋိပက္ခ ဖြစ်စဉ်ကြောင့် ရုတ်တရက် ဈေးအလွန်ကြီးမြင့်သွားခဲ့ရတဲ့စက်သုံးဆီဈေးတွေကလည်းယခုမေလပိုင်းမှာဈေးဆက်တိုက်ကျဆင်းလာပေမယ့် ယခင်ကလို စက်သုံးဆီကိုလွတ်လပ်စွာဝယ်ယူခွင့်တော့မရရှိသေးပါဘူး။

ဒါကြောင့် မေ ၁၇ ရက်ကနေ ၂၃ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ကုန်ဈေးနှုန်း အခြေအနေတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

စက်သုံးဆီ

ယနေ့စက်သုံးဆီ ရန်ကုန်အထိုင်လက်ကားဈေးမှာတော့ ဓာတ်ဆီ ၉၂ တလီတာ ၄,၅၈၅ ကျပ် ၊ဓာတ်ဆီ ၉၅ တလီတာ ၄,၆၅၀ ကျပ် ၊ဒီဇယ် တလီတာ ၄,၄၆၀ ကျပ် ၊ပရီမီယံ ဒီဇယ် တလီတာ ၅,၈၁၅ ကျပ် ဖြစ်ပါတယ်။

အဲ့ဒီမတိုင်ခင် မေလ၂၁ရက်နဲ့ ရှေ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးကတော့ ဓာတ်ဆီ ၉၂ တစ်လီတာ ၄၅၆၅ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ၄၆၄၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ၄၈၂၀ကျပ်နဲ့ပရီမီယံဒီဇယ် တစ်လီတာ၅၈၁၅ကျပ်ဖြစ်ပါတယ်။

ယခင်တပတ်ထက် ဓာတ်တီ၉၂ တလီတာ ၂၀ ကျပ်၊  ၉၅ တလီတာ ၅ ကျပ် ဈေးတက်လာပြီး ဒီဇယ် တလီတာ ၃၆၀ ကျပ်နဲ့ ပရီမီယံ ဒီဇယ် တလီတာ  ၃၃၀ ကျပ် ဈေးကျလာတာတွေ့ရှိရကာ ဒါဟာမေလအတွင်းစက်သုံးဆီဈေးတွေဆက်တိုက်ကျဆင်းလာတာပါ။

ပြင်ပ ဈေးကွက်ထဲမှာတော့ ဓာတ်ဆီရော ဒီဇယ်ပါ တစ်လီတာငွေကျပ် ၈၀၀၀မှ ၁၂၀၀၀ ကျပ်အထိဈေးအရောင်းအဝယ် ဖြစ်နေပါတယ်။

ရွှေဈေး

ရွေဈေးကတော့ ရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ပေးတဲ့ဈေးဟာ ယခင်တစ်ပတ်ကြာကအတိုင်း ရွှေတစ်ကျပ်သားဈေးဈ ၇,၁၀၀,၀၀၀ ကျပ်ယခင်တစ်ပတ်ကြာအတိုင်းဈေးအပြောင်းအလဲမရှိသတ်မှတ်လိုက်ရာ ပြင်ပဈေးကွက်ကလည်း အပြောင်းအလဲသိပ်မရှိဘဲ  ရွှေတစ်ကျပ်သားကို အနည်းဆုံး ၉၇ သိန်းကျော်ဈေးမှ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၃ သိန်းဈေးအတိုင်း ယခင်တစ်ပတ်ကဈေးတန်းနဲ့သာအရောင်းအဝယ်ဖြစ်နေတာပါ။

နိုင်ငံခြားသုံးငွေလဲဈေး

ဒေါ်လာဈေးနဲ့ နိုင်ငံခြားသုံးငွေ ဈေးတွေ အနေနဲ့က အမေရီကန်ဒေါ်လာ ဈေး ၄၀၀၀ ကျော်ဝန်းကျင်ဈေးမှာပဲအရောင်းအဝယ်ဖြစ်နေပြီး ကျန်နိုင်ငံခြားငွေဈေးကွက်ကလည်း အတက်အကျအပြောင်းအလဲသိပ်မရှိကြောင်းတွေ့ရပါတယ်။

အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက  ယနေ့ မှာ ရောင်းဈေး ၄၂၈၀ကျပ်၊ ဝယ်ဈေး ၄၂၃၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၄ကျပ်ကျော်၊ ဝယ်ဈေး ၁၂၉ကျပ် ကျော်  ၊ ယွမ်းငွေကရောင်းဈေး၆၃၂ကျပ်၊ ဝယ်ဈေး ၆၁၆ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၇.၄နဲ့ဝယ်ဈေး၂၆.၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။ 

စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၃၄၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့ ၃၃၀၀ ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာဟာယခင်တပတ်ကြာကထက်ဈေးနည်းနည်းအကျရှိပါတယ်။

အခြေခံစားသောက်ကုန်များ
စားသုံးဆီ

စားအုန်းဆီ အသင်းရဲ့ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၄၂၃ ကျပ် နဲ့ ယခင်တပတ်ထက် ၇၆ ကျပ်ဈေးကျ‌လာပြီးလက်လီသတ်မှတ် ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေသလိုပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၃,၀၀၀ ကျပ်ကျော် ရှိနေတယ်လို့သိရပါတယ်။

ဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်ပါတယ်။

ဆန်ဈေး

မြန်မာနိုင်ငံ ဆန်စပါးအသင်း ရဲ့ဆန်လက်ကားဈေးမှာ အကြမ်းအနိမ့်ဆုံး ဆန်ကြမ်း (ဆန်ကွဲပါဝင်မှု ၂၅ ရာခိုင်နှုန်းပါ) ၁ အိတ် (အနိမ့်ဆုံး)- ၅၆၀,၀၀ ကျပ်မှ ၅၉၀,၀၀ ကျပ်၊ အချောအမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် (အမြင့်ဆုံး)- ၁၉၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၂၅,၀၀၀ ကျပ်မှ ၁၅၈,၀၀၀ ကျပ် သတ်မှတ်ထားရာပြင်ပလက်ကားဈေးကွက်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။

ဆန်အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်ပြီးဈေးနှုန်း သတ်မှတ်ကြရာ ဆန်ချောဈေးအနည်းဆုံး ၁သိန်း၆သောင်းကျော်မှ  ၂သိန်းခွဲဈေးတွေအထိ ဈေးကွက် ဖြစ်ပေါ်နေကြောင်းသိရပါတယ်။

ကုန်ခြောက်ဈေးတွေအနေနဲ့ ခေါက်ဆွဲခြောက်၊ ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ ၇၀၀ ကျပ်ပဲရှိရာကနေယခုအခါတစ်ထုပ်ကိုငွေ ၁၅၀၀ ကျပ်အထိရှိလာပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ ၁၃၀၀ ကျပ်ကနေယခုအခါ ၁၈၀၀ ကျပ်ဈေးအထိရှိလာနေပါတယ်။

အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊ sunday၊ စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ် ၇၀၀ ကနေ ၁၀၀၀ ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀ကနေ၂၀၀‌၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။ 

ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ် ၈၀၀ မှ ၁၃၀၀ ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ် ၁၅၀၀၀ မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။

စားဖိုဆောင်သီးနှံအမျိုးအစားဖြစ်တဲ့ ကြက်သွန် ဈေးမှာ ကြက်သွန်အနီ တစ်ပိဿာကို ၂၅၀၀ကျပ်မှ ၅၀၀၀ကျပ်ကြား၊ ကြက်သွန်အဖြူတစ်ပိဿာကို ၁၅၀၀၀ကျပ်မှ၂၀၀၀၀ကျပ်ကြား၊  အာလူးတစ်ပိဿာကို ၇၀၀၀ မှ ၁၀၀၀၀ကြား၊ ဂျင်းတစ်ပိဿာ၁၀‌၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊ လက်ဖက်အစိုတစ်ပိဿာ ၁၆၀၀၀ကျပ်မှ၂၀၀၀၀ကြား၊ လက်ဖက်ခြောက်တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊ နှစ်ပြန်ကြော်တစ်ပိဿာ၂၄၀၀၀ ကျပ်မှ ၂၇၀၀၀ ကျပ်ကြားစတဲ့ဈေးတွေအတိုင်းအရောင်းအဝယ်ဖြစ်နေပါတယ်။

မနက်ခင်း အဆာပြေ အနေနဲ့စားသုံးနေကြတဲ့ ပဲပြုတ်ဈေးက‌ တော့အနည်းဆုံး ၁၀၀၀ ကျပ်နဲ့ဝယ်လို့ရနေကာ  မုန့်ဟင်းခါး၊ အသုပ်များက တစ်ပွဲကိုအနည်းဆုံး ၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်၊ နံပြား၊အီကြာ‌ကွေး ၁ ခုဈေး ၁၀၀၀ကျပ် နဲ့ စမူဆာ၁ခုဈေး ၅၀၀ ကျပ်အထိဈေးရှိနေပါတယ်။

ကြက်ဥ၊ ဘဲဥ ဈေးတွေကတော့ ယခင်တစ်ပတ်ထက်အနည်းငယ်ကျဆင်းလာရာ ယခင်က ကြက်ဥ ၁လုံး၆၅၀ကျပ်ဈေးကနေယခုတစ်ပတ်မှာ ကြက်ဥ၁လုံးအများဆုံး၅၀၀ကျပ်ဈေး၊ ဘဲဥ၁လုံးအများဆုံး၆၀၀ကျပ်၊ ငုံးဥဈေးကတော့ထပ်တက်နေရာယခင်၁ထောင်ဖိုး၉လုံးခန့်ကနေ၊ ယခု၁ထောင်ဖိုး ၇ လုံးသာရရှိတော့ရာ၊ ဆေးဘဲဥတစ်လုံး ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဈေးတွေနဲ့ရောင်းချနေပါတယ်။

ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို ၆၀၀၀ ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို ၄၀၀၀ ကျပ် မှ ၂၅၀၀ကျပ်၊ သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့   ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊  ဗူးရွက်တစ်စီး ၅၀၀၊ ဆူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့  ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ပြောင်းဖူး ၆၀၀ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပါတယ်။

ငါးဈေးတွေကလည်း တစ်ဆယ်သားကို ၄၀၀၀ ကျပ်မှ ၆၀၀၀ကျပ်အတွင်းဈေးတွေရှိနေကာ အသားဈေးအနေနဲ့ကြက်သား ၁၀သား၂၅၀၀ကျပ်နဲ့ အမဲသားတစ်ဆယ်သားကို ၄၀၀၀ကျပ် ၊ဆိတ်သား ၁၀သားကို ၈၀၀၀ ကျပ်ဈေးတွေနဲ့အရောင်းအဝယ်ရှိနေကြပါတယ်။

လူသုံးကုန်ပစ္စည်တွေဖြစ်တဲ့ ဆပ်ပြာ၊ ဆပ်ပြာမှုန့် ၊သွားတိုက်ဆေးဈေးတွေကတော့ ငွေကျပ် ၃၀၀၀ ကနေ ၁၀၀၀၀ ကျပ်အတွင်းဈေးတွေမှာရှိနေရာ ပြည်ပသွင်းကုန်တွေက ဈေးပိုမြင့်တက်နေကြောင်းသိရပါတယ်။

ဆေးနဲ့ဆက်စပ်ပစ္စည်းတွေအနေနဲ့က ပြည်ပဆေးဝါးတွေရှားပါးလာပြီး ဈေးကွက်ထဲ မြန်မာကထုတ်တဲ့တိုင်းရင်းဆေး အမျိုးအစားတွေ ပြန်လည်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဖျားနာသူတွေအနေနဲ့ ဆေးခန်း၁ခါပြပါက ငွေကျပ် ၃၀၀၀၀ အနည်းဆုံးမှ သိန်းဂဏန်းအထိ ကုန်ကျတတ်လို့ ကုန်ဈေးနှုန်းကြီးမြင့်မှုအတွက် အခြေခံပြည်သူတွေကြား ကျန်းမာရေးကုသစရိတ်ကို လျော့ချကာ တိုင်းရင်းဆေး အခိုပွင့်ဆေး၊ သွေးဆေး၊ လေဆေးတွေကိုကုန်ကျစရိတ်သက်သာလို့ ပြန်လည်အသုံးပြုနေကြတာလည်းဖြစ်ပါတယ်။

"အိမ်သုံးဆေးပါရာစီတမော တကတ်တောင်အရင်ကဈေးကရာဂဏန်းပဲအခု ငွေနှစ်ထောင်ကျော်နေပြီ အရင်ကလည်းအင်္ဂလိပ်ဆေးတွေမပေါ်ခင်က ဒီမြန်မာဆေး အောင်တမန်တို့၊ ဆရာမောင်ဆေးနီမှုန်တို့တွေပဲ နေထိုင်မကောင်းရင်သောက်လာကြတာပဲ ငွေကြေးကရှားပါးလာပြီး လုပ်ခလစာမတိုးပဲကုန်ဈေးနှုန်းတက်နေတဲ့ အခုချိန်က အရင်တုန်းကအချိန်တွေကို ခေတ်နောက်ပြန်ဆွဲသလိုတွေဖြစ်လာမှာမြင်နေရပါတယ်"လို့ ဆေးအရောင်းဆိုင်ပိုင်ရှင်တယောက်ကပြောပါတယ်။

စစ်ကောင်စီရဲ့ကျန်းမာရေးဌာန FDA ဘက်ကလည်း ယခုမေလထဲမှာ မြန်မာတိုင်ရင်းဆေးအမျိုးအစားပေါင်း၂၀ကျော်ကို စံမမီတဲ့ အနောက်တိုင်းဆေးအရောအနှောတွေပါဝင်နေကြောင်း အသိပေးထားပါသေးတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။


Related posts

Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026