NEWS

ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
18 Views
 
 
ပြည်တွင်းကုန်ဈေးနှုန်အခြေအနေမှာ ယခုတစ်ပတ်သိသာစွာပြောင်းလဲကာ ဈေးမြင့်တက်လာတာတွေကတော့ ဒေါ်လာနဲ့နိုင်ငံခြားသုံးငွေကြေးတွေအရင်ထက် ဈေးမြင့်လာသလိုရွှေဈေးကလည်း တစ်ပတ်အတွင်းဈေး၁သိန်းကျော်လောက်ကိုအတက်‌ဈေးဖြစ်ပေါ်လာကာ စက်သုံးဆီဈေးတွေလည်းယခင်ဈေးတက်နေကြဈေးရဲ့ အထက်ကိုရောက်လာပါတယ်။
ဒါကြောင့် myanmar labour news ရဲ့ တစ်ပတ်တာကုန်ဈေးနှုန်းအကြောင်းတင်ပြမှုမှ မတ်လ၈ရက်က‌နေမတ်လ ၁၄ ရက်အတွင်းဖြစ်ပေါ် ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းအခြေအနေအမျိုးမျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။
 
စက်သုံးဆီဈေးနှုန်း
မတ်၁၄ရက် ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၈၃၀ကျပ် ၊ ၉၅ တစ်လီတာ ၂၉၃၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၃၂၀၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၅၆၀ကျပ်ဖြစ်ပါတယ်။
အဲဒီမတိုင်မီ မတ်၁၂ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာလည်း ၉၂တစ်လီတာ ၂၅၂၅ကျပ်၊ ၉၅ တစ်လီတာ ၂၅၉၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၉၀၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်းမှာ ဓာတ်ဆီဈေး‌ရောဒီဇယ်ဈေးပါ တစ်လီတာကို ၃၀၀ကျပ် မှ ၆၀၀ကျပ်နှုန်းတွေ ဈေးထပ်တက်လာခဲ့ပါတယ်။
 
ဒါဟာ ယခင်က ငွေကျပ်တစ်ဆယ်နဲ့တစ်ရာ‌ေကျာ်လောက်သာ တက်ခဲ့တဲ့စက်သုံးဆီဈေးနှုန်းဟာ ဆတိုးမြင့်တက်လာတာဖြစ်ပြီး ပြင်ပဆီမှောင်ခိုဈေးကွက်မှာလည်းတစ်လီတာကို ၅၅၀၀ကျပ်မှ ၆၀၀၀ကျပ်နှုန်းဈေးတွေထပ်တက်လာတာပါ။
 
"စက်သုံးဆီဂယက်က ကမ္ဘာပေါ်ကနိုင်ငံတွေအတော်များများကိုသက်ရောက်တယ်၊မြန်မာလို မူလထဲက တစ်ခုခုအသံကြားတာနဲ့ကုန်ဈေးနှုန်းထတက်တာ၊လုပ်ခလစာနဲ့ကုန်ဈေးနှုန်းမမျှတာရှိနေတဲ့နိုင်ငံဆိုတော့ မူဝါဒတွေအမျိုးမျိုးနဲ့ အခက်အခဲတွေအမျိုးမျိုးဖြစ်လာတော့တာပဲ ဒီတစ်ပတ်ဆိုသိသာတယ် ရွှေ၊ဒေါ်လာ ၊စက်သုံးဆီ အကုန်လုံးအတက်ဘက်ကြီးပဲ၊အရင်ကမှစက်သုံးဆီနဲ့ဒေါ်လာကငြိမ်ခဲ့သေးတာ အခုတော့ အကုန်လှုပ်နေတာပဲ"လို့ စီးပွားရေးပိုင်း လေ့လာသူတယောက်ကပြောပြပါတယ်။
 
ရွှေဈေးနှုန်း
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ မတ်လ၁၄ရက်ဒီက‌ေန့မှာ ၇,၁၀၀,၀၀၀ကျပ် ဈေး သတ်မှတ်ထားရာ အဲ့ဒီ့ဈေးဟာမတ်လ၁၁ရက်ကစလို့ပြောင်းလဲသတ်မှတ်လာတာဖြစ်ပြီး ယခင်တစ်ပတ်ကသတ်မှတ်ဈေး၆၉သိန်းထက်တော့ ငွေကျပ်၂သိန်းဈေးပိုသတ်မှတ်လာတာဖြစ်ပါတယ်။
ရွှေ ပြင်ပပေါက်ဈေးအ‌နေနဲ့ကတော့၁၅ပဲရည်‌ေစျးအနိမ့်ဆုံးသတ်မှတ်ချက်အ‌‌နေနဲ့ရွှေတစ်ကျပ်သားကို မတ်လ ၁၄ရက်မှာ ၉‌၉သိန်းကျော် ပေါက်ဈေးရှိပြီး ၁၆ပဲရည်အခေါက်ရွှေဈေးကတော့ ပြင်ပဈေး ၁ကျပ်သားကို၁၀‌၆သိန်းကျော်ဈေးဖြစ်ပေါ်နေပါတယ်။
 
ငွေဈေးနှုန်း
နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ယခုတစ်ပတ်မှာ အပြောင်းအလဲရှိလာရာကန်ဒေါ်လာ က ၁ဒေါ်လာငွေကျပ် ၄ထောင်ကျော်ဈေးအထိ ထိုးတက်သွားပြီး ကျန်နိုင်ငံခြားသုံးငွေ ဘတ်၊ယန်း၊ယွမ်ဈေးတွေလည်း ဈေးတက်လာပါတယ်။
 
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက မတ်လ၁၄ရက်ည‌နေပိုင်းအထိ မှာ ရောင်းဈေး ၃၉၅၀ကျပ်၊ ဝယ်ဈေး ၄၀၀၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၆ကျပ်ကျော်၊ ဝယ်ဈေး ၁၂၉ကျပ် ကျော် ၊ ယွမ်းငွေရောင်းဈေး၅၈၄ကျပ်၊ ဝယ်ဈေး ၅၉၉ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၅၀နဲ့ဝယ်ဈေး၂၅၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃‌၁၄၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၂၂၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာဟာယခင်တပတ်ကြာကထက်ဈေးနည်းနည်းတက်လာပါတယ်။
 
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ စားအုန်းဆီ၁ပိဿာကို ၆၅၇၅ကျပ်ဈေးသတ်မှတ်ထားတာကြောင့် ယခင်တစ်ပတ်ကြာက ဈေးထက်ငွေကျပ်၁၄၅ကျပ်ထက်ဈေးတက်သွားပါတယ်။
 
ပြင်ပဈေးကွက်မှာတော့ ဆီအသင်းသတ်မှတ်ဈေးတစ်ပိဿာကို ၆၅၇၅ကျပ်နှုန်းနဲ့ပဲ အခြေခံကာတစ်ပိဿာ ကျပ် ၁၀ဝ၀၀မှ ၁၅၀၀၀ ကြားပေါက်ဈေး‌ေတွနဲ့ရောင်းချနေကြပါတယ်။
 
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
 
ဆန်ဈေး
ဆန်ဈေးနှုန်းတွေကတော့ ယခင်တစ်ပတ်ကြာအတိုင်းဆန်ချောဈေး အနည်းငယ်တက်ကာ ဆန်ကြမ်းဈေးအနည်းငယ်ကျဆင်းမှုတွေရှိရာပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၉၀၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၀၀၀၊ မနောသုခတစ်ပြည် ၄၀၀၀ စတဲ့ ပေါက်ဈေးအတိုင်း ဈေးအတက်အကျဖြစ်ပေါ်လာပါတယ်။
 
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီဈေးတွေလည်းထက်ကာတက်လာနေပြီး၁ပိဿာကို၃၀၀၀ကျပ် မှ ၄၅၀၀ကျပ်အထိ‌ဈေး တွေနဲ့သတ်မှတ်‌ ရောင်းချနေကြောင်းသိရပါတယ်။
 
ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၈၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၅၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
 
ကြက်သားအရသာဟင်းခတ်မှုန့်‌ ငွေကျပ် ၄၀၀၀မှ ၃၀၀၀ကြား ၊ အချိုမှုန့် ငွေကျပ် ၄၀၀၀မှ ၃၀၀၀ကြားနဲ့ ခရုဆီ၊ပဲငံပြာရည်တို့က ငွေကျပ် ၃၀၀၀မှ၂၀၀၀ကြား ၊ ငရုတ်ကောင်းက ငွေကျပ် ၁၀၀၀မှ ၅၀‌၀ကြား စတဲ့ ဈေးတွေအတိုင်းကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။
 
ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါဆထုပ်ကိုငွေ၁၀၀၀ကျပ်ရှိပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၃၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။
 
အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၄၀၀၀ကနေ၁၇၀‌၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။ ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။
 
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ယခင်ထက်၅၀ကျပ်လောက်ခုန်တက်လာရာအရင် ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ်ဈေးမှကြက်ဥတစ်လုံး၅၀၀ကျပ်ကနေ၆၀၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၅၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
 
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးက‌ တော့အနည်းဆုံး၁၀၀၀ကျပ်နဲ့ဝယ်လို့ရနေကာ မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
 
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ ဆူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ပြောင်းဖူး ၄၀၀ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပါတယ်။
 
ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ် ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ‌၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်‌ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။
 
ဆေးနဲ့ဆေးပစ္စည်း ဈေးကွက်မှာလည်း အရင်ကထက် ဆေးဝါးတွေကဝယ်ယူရခက်ခဲလာသလို အစားထိုးဆေးဝါးဖြစ်တဲ့ တံဆိပ်မတူ ၊အာနိသင်တူဆေးဈေးတွေက ဈေးအနည်းငယ်တက်လာရာ သုံးစွဲသူတွေ အခက်ခဲဖြစ်ရတယ်လို့ဆိုလာပါတယ်။
 
ဆေးနဲ့ဆေးပစ္စည်းဈေးကွက်ထဲမှာလည်းဆေးဈေးတွေ အဆမတန်ဈေးတက်လာကာ အရင်က ငွေကျပ်၂၀၀၀၀ကျော်နဲ့ပေးဝယ်ရတဲ့ဆေးတန်ဖိုးကအခု၅၀၀၀၀ကျော်ဈေးပေးဝယ်ယူရတဲ့အထိဈေးနှုန်းနှစ်ဆ၊သုံးဆခန့်မြင့်တက်နေပါတယ်။
ပြည်တွင်းထုတ်ဆေးဝါးတွေအနေနဲ့လည်း ယခင်းက ငွေကျပ် ထောင်ဂဏန်းသာရှိခဲ့တဲ့ဆေးဗူးအချို့ကအခုအခါ တစ်သောင်းကျော်ဈေးနှုန်းတွေအထိမြင့်တက်သွားခဲ့ကြောင်းသုံးစွဲသူတွေထံကသိရပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026