Myanmar Labour News ရဲ့ မတ်၁၁ရက်မှမတ်၁၅ရက်အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
မတ် ၁၁
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်ရှိHanda 2 စက်ရုံမှာ အလုပ်သမားတွေ မတ်လ ၆ ရက်က စတင်ကာ အလုပ်အတွက်စုပေါင်းတောင်းဆိုမှုတွေလုပ်ခဲ့ကြရာအချက် ၁၀ ချက်ကို တောင်းဆိုထားတယ်လို့ သွေးစည်းညီညွတ်မှုဖြင့် မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM က ထုတ်ပြန်ထားပါတယ်။
အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားများ ကို နေအိမ် အခန်း များ ငှားရမ်း နေထိုင် ခွင့်ပြု တဲ့ အိမ်ပိုင်ရှင်တွေ ကို အရေးယူတာ တွေ ရှိလာတာကြောင့် မလေးရှား နိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သား များ အိမ်ငှားနေထိုင် ရန် အခက်ခဲဖြစ်လာတယ်လို့ မြန်မာအလုပ်သမားအရေးကူညီသူတွေ နဲ့လုပ်သားတွေထံမှ သိရပါတယ်။
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်မှာဖွင့်ထားတဲ့Justdo Myanmar အထည်ချုပ်က အမျိုးသားအောစူပါဟာ အလုပ်သမားတွေကို လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို ပြီးအလုပ်သမားအခွင့်အရေးချိုးဖောက်နေတယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံရောက်အထောက်အထားမဲ့ မြန်မာ လုပ်သားတွေ ကို ပြုလုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံ
လက်မှတ် CI ကို ကြားခံဆောင်ရွက် ပေးသူ(ပွဲစား)မှတစ်ဆင့် ပြုလုပ်တာမျိုး ရှောင်ရှား ဖို့ မြန်မာအလုပ်သမားသံအရာရှိရုံး က အသိပေးကြေညာထားပါတယ်။
မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Handa 2 Yangon Garment Co.,Ltd တွင် မတ်လ (၆) ရက်နေ့မှစတင်ကာ အလုပ်သမား စုပေါင်းတောင်းဆိုမှု ပြလုပ်ရာမှာ ၇ရက်ပြည့်တဲ့အထိ တောင်းဆိုတာတွေကိုစက်ရုံဘက်ကလိုက်ရောမှုမရှိခဲ့ဘူးလို့သိရပါတယ်။
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန်၂ က Lat war Co.,Ltd (3)အထည်ချုပ် ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆိုနေကြောင်းအလုပ်သမားတွေထံကသိရပါတယ်။
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန်၂က Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ကာအတင်းအကျပ် ဆင်းခိုင်းတဲ့အထိ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့သိရပါတယ်။
၂၀၂၆ ခုဖေဖော်ဝါရီလအတွင်း Myanmar Labour News မှာ ဖော်ပြထားတဲ့ အလုပ်သမားဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်တဲ့ သတင်း စုစုပေါင်း ၄၃ ပုဒ် ရှိနေကြောင်းဖော်ပြထားပါတယ်။
မတ်၁၃
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန်၄က TMA အထည်ချုပ် မှာအောစူပါက အထည်ကြေး ဖြတ်ယူနေ ပြီး အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံမှုတွေရှိနေကြောင်း Myanmar Labour News ကိုအလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
စက်သုံးဆီ အရောင်းဆိုင်တွေမှာ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် များ အကြိမ်ကြိမ် တန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် တယ်လီဖုန်း Application အသုံးပြုတဲ့ စိစစ်ရောင်းချမှုစနစ်ကို ပြုလုပ်ကာ တစ်ရက်ကို တစ်ကြိမ်သာ ဝယ်ခွင့် ပြုမယ်လို့ စစ်ကော်မရှင်က မတ်လ ၁၁ရက်မှာ အသိပေးကြေညာ ပါတယ်။
ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်၊ မယ်ခေါင် (Mai Khao) မှာ အသင့်တပ်ဆင်ထားတဲ့ ရွေ့လျားအိမ်(Prefab House)သယ်လာတဲ့ ၁၈ ဘီး ကုန်ကား ဟာ လူကူးခုံးကျော် တံတား ဖြင့် တိုက်မိပြီး ကားပေါ် လိုက်ပါလာတဲ့ မြန်မာ လုပ်သား ၂ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံ အတွင်း အကြောင်း အမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၄ဦး ကို မတ်လ၉ရက်နေ့ က မြန်မာပြည် ကော့သောင်းဘက်သို့ ပြန်လည်လွှဲပို့ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံ ရေကြောင်းလုံခြုံရေးကွပ်ကဲမှုဒေသရုံးရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်း၊မှော်ဘီမြို့၊မြောင်းတကာစက်မှုဇုန်၊ကြေးအိုးကြီးအင်ဂျင်ဝိုင်စက်ရုံမှာ စက်ရုံမှူးကအ လုပ်သမားကို ကိုယ်ထိ
လက်ရောက် ကျူးလွန်မှုတွေပြုလုပ်ခံရလျက်ရှိကြောင်း Myanmar Labour News ကိုအလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် နှစ်ခု ကို ထိုင်းအာဏာပိုင်များ က ဝင်ရောက် စစ်ဆေးရာ အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီဗဟိုအကျဉ်းထောင်အတွင်း မှ အကျဉ်းသားများရဲ့ စားသောက်ရေး၊နေထိုင်ရေးနဲ့ကျန်းမာရေး အခက်ခဲ များကို နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ထံ တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားကို ထောင်အာဏာပိုင်တွေက ရိုက်နှက် ပြီး တိုက်ပိတ် ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM)ရဲ့ ထုတ်ပြန် ချက် အရ သိရပါတယ်။
မတ်၁၄
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ ရွာသာကြီးအကြီးစားစက်မှုဇုန်က Dagon Talent Garment အထည်ချုပ် စက်ရုံမှာအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲအလုပ် ဆင်းခိုင်လို့အလုပ်သမားအခွင့်အရေးထိခိုက်ရကြောင်း အလုပ်သမားတွေက Myanmar Labour News ကိုပေးစာပေးပို့ထားပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ရွှေသံလွင်စက်မှုဇုန်က Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံမှာသင်္ကြန်ကာလ ဧပြီ ၁၀ ရက်ကနေ ၂၀ ရက်အထိ ပိတ်ထားမှာ ဖြစ်လို့ အဲ့ဒီထဲက ပိတ်ရက် ၂ ရက်အတွက် အတင်းအကျပ် ရက်စားဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောေနပါတယ်။
စက်သုံးဆီမပြတ်လပ်စေဖို့ဆိုကာ စစ်ကော်မရှင်က မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ် များကို စုံ မစနစ် ဖြင့် တလှည့်စီ မောင်းနှင်ရန်၊တစ်ရက်ကို တစ်ကြိမ်သာ ဆီဝယ်ယူခွင့်ပေးရန် စတဲ့ကန့်သတ်မှု တွေပြုလုပ်ပြီးနောက် မတ်လ ၁၃ရက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က ထုတ်ပြန်တဲ့ ဈေးနူန်းများအရ စက်သုံးဆီ တစ်လီတာ လျှင် ကျပ်၃၀၀ကျော်မှ ၆၀၀ကျော် ဈေးမြင့်တတ်သွားတယ်လို့သိရပါတယ်။
မတ်၁၅
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန် က Earnest Myanmar သိုးမွှေးစက်ရုံမှာ တနင်္ဂနွေကိုအလုပ်ဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေးစေခိုင်းတာတွေရှိနေကြောင်း အလုပ်သမားတွေက Myanmar Labour News ကို ပေးစာပို့ထားပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန် က တရုတ်နိုင်ငံသားပိုင်Jiangsu Soho Myanmar အထည်ချုပ်လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ အလုပ်သမားတွေကိုစောင့်ကြည့်အလုပ်ဖြုတ်တာတွေရှိနေတယ်လို့ သိရပါတယ်။
လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ်
(အတွေးအမြင်)
Myanmar Labour News ရဲ့ ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း ကဏ္ဍမှာဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် တဲ့ အကြောင်းဖော်ပြခဲ့ပါတယ်။
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ Chai Moon Sports (Myanmar) အထည်ချုပ်စက်ရုံမှာ အလုပ်ပိတ်ရက် အချိန်ပို OT မဆင်းပါက ဝမ်တိန်ထိုးရပြီး အလုပ်သမားအချို့အလုပ်ကနေ ထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။
မတ်၁၆
ခရီးဝေးသွားလာမည့် ကိုယ်ပိုင်ယာဉ် တွေအနေနဲ့ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့် နိုင်တယ်လို့ မတ်လ၁၄ရက်မှာ စစ်ကော်မရှင် က ထုတ်ပြန်ကြေညာပါတယ်။
ရွှေအရောင်းဆိုင်တွေမှာ လက်ဝတ်ရတနာ ရွှေထည်ပစ္စည်း တွေ ပြုလုပ်ရာမှာ အလျော့တွက် လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့်အထိ ကောက်ယူမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်ပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။









