NEWS

သတင်းဖော်ပြခံရလို့ နေ့စားအလုပ်သမားတွေကို ဥပ‌ဒေမဲ့အလုပ်ကထုတ်ပယ်

CoverLogo
996 Views

H&M၊ POKMON စတဲ့အမှတ်တံဆိပ် အထည်တွေကိုချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင်  Hige Fashion Accessories Myanmar) Co.,ltd စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကို လူမှုကွန်ယက်တွင် သတင်းဖော်ပြပြီးနောက်ပိုင်း နေ့စားအလုပ်သမား ၅၀ ကျော်ကို မည်သည့်အကြောင်းပြချက်မှ မပေးဘဲ အလုပ်က ထုတ်ပယ်လိုက်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၄၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပေမဲ့ ၂၀၀ ကျော်က နေ့စားအလုပ်သမားတွေအဖြစ်လုပ်ကိုင်နေရပြီး နေ့စားအလုပ်သမားတွေဟာ ကျွမ်းကျင်လုပ်သားတွေဖြစ်ပြီး လုပ်သက် ၃ လကနေ ၈ လကြာ လုပ်ကိုင်နေရသူများဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နေ့စားအလုပ်သမားတွေကို အတည်ပြုအလုပ်သမားအဖြစ်ခန့်အပ်ပေးဖို့ နဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန်တွေ ပိုတောင်းတာ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေမလုပ်ဖို့ တောင်းဆိုခဲ့ကြတာပါ။

"နေ့စားအလုပ်သမားတွေကို အတည်ပြုမခန့်တဲ့အတွက် လက်ရှိမှာ လူမှုဖူလုံရေးထည့်ဝင်ခွင့်မရဘူး အဲ့ဒါနဲ့ပတ်သက်တဲ့ ခံစားခွင့်တွေမရဘူး သင်္ကြန်ပိတ်ရက်ရှည်တွေဆိုလည်း ခွင့်ခံစားခွင့်မရဘူး အဆိုးဆုံးက အလုပ်ပါးတယ်ဆိုရင် အလုပ်က ဒီတိုင်းထုတ်ပစ်လိုက်တာပဲ အော်ဒါရတယ်ဆိုရင် ပြန်ခေါ်ပြီးခိုင်းပြန်တာပဲ လုပ်သက် ၃ လကျော်သွားရင်လည်း အမြဲတမ်းဝန်ထမ်း‌ခန့်ပေးတာမရှိဘူး"လို့ အဲ့ဒီစက်ရုံက အလုပ်သမားကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေအရ နေ့စား ပုပ်ပြတ် အလုပ်သမားတွေဟာ အတည်ပြုအလုပ်သမားတွေကဲ့သို့ အလုပ်သမားခံစားခွင့်များ ခံစားခွင့်ရှိပေမဲ့ လက်တွေ့မှာတော့ နေ့စားအလုပ်သမားတွေကို အလွယ်တကူအလုပ်ကထုတ်ပယ်တာ ခွင့်ခံစားခွင့် ပိတ်ရက်ခံစားခွင့် လူမှုဖူလုံရေးခံစား‌ခွင့်တွေမပေးဘဲဥပဒေမဲ့ ခိုင်းစေနေကြတာလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုများကို Myanmar Labour News  တွင်သတင်းဖော်ပြပြီးနောက်ပိုင်း နေ့စား အလုပ်သမား ၅၀ ကျော်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး အဆိုပါ အလုပ်သမားတွေဟာ လုပ်သက် ၃ လကနေ ၈ လအထိ ရှိပြီဖြစ်တာကြောင့် အကြောင်းပြချက်မပေးဘဲ အလုပ်ကနေထုတ်ပယ်တာကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

"နေ့စားအလုပ်သမားတွေကို အလုပ်ထုတ်လိုက်တာက အလုပ်ရှင်ဘက်က ဘာအကြောင်းပြချက်မှမပေးဘဲ ဒီတိုင်းထုတ်လိုက်တာပါ ဒါဥပဒေမဲ့ လုပ်တာဖြစ်လို့ ဖြေရှင်းပေးစေလိုပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့ နေ့စားအလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့  နေ့စားအလုပ်သမားတွေကို ဥပဒေမဲ့အလုပ်ကထုတ်ပယ်တာမလုပ်ဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026