NEWS

Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း

CoverLogo
22 Views
 
ဇူလိုင် ၂၇၊ ၂၀၂၆
Safety Clothing Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ လစာ ရှင်းတမ်း(စလစ်)တွေ မပေးဘဲ ငွေသားသီးသန့် ရှင်းပေးနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
“လစာစလစ် မပေးတော့ အချိန်ပိုနာရီ မှန်မမှန် မသိရဘူး။ လစာရတာ မှန်ရဲ့လားဆိုတာလည်း မသိနိုင်ဘူး။ တစ်ကဒ်ကြေးက ဘယ်လောက် လစာဘယ်လောက်ရမှန်း မသိရတော့ အလုပ်သမားကပဲ နစ်နာနေတာ။” လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
အထည်ကြေးး (တစ်ကဒ်ကြေး) စက်ရုံဖြစ်ပေမဲ့ အထည်ချုပ်ခ သတ်မှတ်ဈေနူန်းတွေ မသိရတဲ့ အပြင် အထည်စံချိန်ပါတောင်းနေတယ်လို့ ပြောပါတယ်။
“အလုပ်သမား ၃၀ ကျော်ရှိတဲ့ စက်လိုင်းကို တစ်နာရီ နစ်သားအထည် ၃၅၀ အထိတောင်းတယ်၊ ဘောင်းဘီ ဆို ၁၀၀ ၊ အထည်မရတော့ အဆဲခံရတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
တောင်းတဲ့ အထည်မရပါက အောစူပါ၊စူပါတွေက ဆဲဆိုအော်ဟစ်တဲ့အပြင် အထည်အရေအတွက် ပြည့်ဖို့ အချိန်ပိုကို လုပ်ခမရဘဲ ဆင်းပေးနေရတာလို့ ပြောဆိုပါတယ်။
 
“လတိုင်း လစာဖြတ်တာတွေ ရှိတယ်၊ ဖြတ်ထားတဲ့ ပိုက်ဆံကို လုပ်ခမရဘဲ အချိန်ပိုဆင်းထားတဲ့ အလုပ်သမား တွေကို ပေးမယ်ပြောတာပဲ ၊ အဲလိုပြောပေမဲ့ အလုပ်သမားတွေကို အကြောင်းပြပြီး အောစူပါတွေက စက်ရုံငွေကို လိမ်ပြီး ထုတ်နေတာမို့ ဘယ်လို ယုံရမလဲ။ ” လို့ ပြောပါတယ်။
 
QCအောစူပါက အလုပ်သမားတွေ လစာထဲကို တစ်ကဒ်ကြေးပိုတွက် ထည့်ထားပေးပြီး စက်ရုံက အဲဒီငွေရှင်းပေးတဲ့အခါ အလုပ်သမားတွေဆီက ပြန်တောင်းပြီး စက်ရုံငွေကို လိမ်လည်ထုတ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေက ကိုယ့်ငွေမဟုတ်တော့ မယူဘူးပေါ။ QCအောစူပါကက တယောက် ၃/၄ သောင်းကို ၁၀ ယောက်လောက် ပိုတွက်ထားတယ်။ ပြီးမှာ ထည့်ပေးထားတဲ့ အလုပ်သမားတွေဆီက ပြန်တောင်း ယူတာ။ ဒါကို HR ကို တိုင်တာပဲ ဖြေရှင်းမပေးပါဘူး။” လို့ ပြောထားပါတယ်။
 
လုပ်ငန်းခွင်အတွင်း ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ QC အောစူပါက အလုပ်သမားတွေရဲ့ မိဘ၊ မောင်နှမပါ မကျန် ရိုင်းစိုင်းစွာ ပြောဆိုတယ်လို့လည်း ပြောပါတယ်။ အလုပ်သမားတွေကို အသုံးချပြီး ခေါင်းဆောင်တွေနဲ့ အုပ်ချုပ်သူတွေက မမှန်မကန် ပြုမူနေသလို စက်ရုံဘက်ကလည်း လုပ်အားခနဲ့ လုပ်အားခေါင်းပုံဖြတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 
“ တနင်္ဂနွေနဲ့ အလုပ်ပိတ်ရက်တွေဆို ဒေးကြေး ၇၈၀၀ နဲ့ပဲ ရှင်းပေးတာ။ အလုပ်ထွက်တဲ့ အလုပ်သမားကို ဒေးကြေး ၇၈၀၀ နှုန်းနဲ့ပဲ ရှင်းပေးပြီး ခေါင်းပုံဖြတ်တာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံရဲ့ GM အမျိုးသမီးက အကြောင်းအရင်းမရှိ လျှော်ကြေးမပေးဘဲ အလုပ်ထုတ်သလို WCC အဖွဲ့ကို စက်ရုံ HR ကိုယ်တိုင်က ဖွဲ့စည်းထာလို့ အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို တိုင်ကြားဖို့ ခက်ခဲနေတယ်လို့ အလုပ်သမားတွေက ပြောထားတာပါ။
 
\Safety Clothing Myanmar Co.,Ltd စက်ရုံသည် လှိုင်သာယာမြို့နယ်၊ မြစိမ်းရာင်စက်မှုဇုန်၊ မြစပါယ်လမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိထားပါတယ်။ အလုပ်သမား ၁၅၀၀ ကျော် လုပ်ကိုင်နေပြီး ROLY WRK တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး
Aug 10, 2026