NEWS

HIGE FASHION ACCESSORIES(Myanmar) စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
966 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် တွင်းသင်းတိုက်ဝန်ဦးညိုလမ်းမှာဖွင့်လှစ်ထားတဲ့ HIGE FASHION ACCESSORIES(Myanmar) Co.,ltd မှာ အလုပ်သမား ၄၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတယ်လို့ သိရပါတယ်။ 

အဲ့ဒီအလုပ်သမားတွေအနေနဲ့ EC contract (အလုပ်ခန့်ထားမှုဆိုင်ရာ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်)ချုပ်ဆိုထားခြင်းမရှိတာ၊ စံချိန်ကို အလွန်အကျွံသတ်မှတ်တောင်းခံတာ နိုင်ငံခြားသားမှ အလုပ်သမားတွေကို တိုက်ရိုက်အုပ်ချုပ်နေတာနဲ့ လုပ်သက်ကြာ မြင့်သည့် နေ့စားအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းမရှိတာ စတဲ့ မြန်မာနိုင်ငံအလုပ်သမား ဥပဒေပြဌာန်းချက်ပါ လိုက်နာရမဲ့ အချက်တွေကို ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာ H&M၊ POKEMON စတဲ့အမှတ်တံဆိပ် ဦးထုပ်တွေချုပ်လုပ်တာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

"စက်ရုံမှာအလုပ်သမား ၄၀၀ ကျော်မှာ ၂၀၀ ကျော်ကနေ့စားတွေပါ တချို့ဆိုနေ့စားနဲ့တင် လုပ်သက် တနှစ်ကျော် နေပြီ အလုပ်ရှင်ဘက်က အတည်ပြုဝန်ထမ်းမခန့်တာတွေရှိတယ် အဲ့လူတွေကျတော့ လူမှုဖူလုံရေးလည်းထည့်ဝင်ခွင့်မရဘူး ခံစားခွင့်တွေလည်း ဆုံးရှုံးတာပေါ့ ပြီးရင် သင်္ကြန် ပိတ်ရက်ရှည်တွေဆိုလည်းခံစားခွင့်မပေးဘူး အလုပ်ပါးရင်နေ့စားသမားတွေကို ထုတ်ပစ်ပါတယ်၊ အလုပ်အရေးကြီးရင် ပြန်ခေါ်ပြီးခိုင်းတယ် အဲ့လိုချိုးဖောက်ခံပြီးလုပ်နေရတာဖြေရှင်းပေးစေချင်တယ်"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ လည်ပတ်နေတဲ့ လုပ်သားဦးရေရဲ့ ထက်ဝက်ကျော်ဟာ နေ့စားအလုပ်သမားတွေဖြစ်ပြီး အချို့မှာလုပ်သက် တနှစ်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း အတည်ပြုဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းမရှိဘဲ အခြားအလုပ်သမားများနည်းတူ ခံစားခွင့်တွေဆုံးရှုံးနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိတာကြောင့် ချုပ်ဆိုပေးဖို့ တောင်းဆိုလိုတယ်လို့လည်း အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင် ဆိုင်ရာချိုးဖောက်မှုတွေအနေနဲ့ နိုင်ငံခြားသားများမှ တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုလုပ်ဖို့ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့စံချိန်ကို သာ တောင်းခံဖို့နဲ့ လုပ်သက်ကြာမြင့်သည့် နေ့စားအလုပ်သမားတွေကို အတည်ပြုဝန်ထမ်းအဖြစ်ခန့်ထားပေးဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"လုပ်ငန်းခွင်ထဲမှာ သမဂ္ဂတော့မရှိဘူး WCC လို့ခေါ်တဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီတော့ဖွဲ့ထားတာရှိတယ် ဒါကလည်း အလုပ်ရှင်ဘက်က လူတွေချည်းပဲ ဖွဲ့ထားတာမို့လို့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေအတွက် ကူညီဖြေရှင်းပေးတာမရှိဘူး စံချိန်ဆိုလည်း ၁နာရီကို ၂၀၀ လောက်ထိတောင်းတာ သူတို့သတ်မှတ်တဲ့စံချိန်မပြည့်ပြည့်အောင် ထမင်းမစား ရေမသောက် အပေါ့အပါးမသွားဘဲ ချုပ်နေရတာ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်တက်ချိန်မှာ နံနက် ၈ နာရီကနေ ည ၇ နာရီအထိ လုပ်ကိုင်ရပြီး ထမင်းစားချိန် မိနစ် ၄၀ နှင့် အချိန်ပို အိုတီမဆင်းခင် နားချိန် မိနစ် ၂၀ ရပြီး အဲ့ဒီအချိန်တွေမှာပါ မနားရဘဲ အလုပ်ရှင်ဘက်က တောင်းထားတဲ့စံချိန်တွေပြည့်မီအောင် ချုပ်လုပ်နေရတာကြောင့် နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့စံချိန်ကို လျှော့ချသတ်မှတ်ပေးစေလိုတယ်လို့လည်းအလုပ်သမားကပြောပါတယ်။

 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026