ဇွန်လအတွင်း Myanmar Labour News ဝက်ဆိုဒ်မှာ သတင်း ၁၂၃ ပုဒ် ဖော်ပြထားပါတယ်။
ဒီသတင်းတွေထဲကနေ လုပ်ခလစာ တိုးမြှင့်ပေးဖို့ အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့သတင်းတွေအပါအဝင် အလုပ်သမား ဥပဒေနဲ့ အခွင့်အရေးချိုးဖောက်တဲ့ သတင်း စုစုပေါင်း အပုဒ် ၇၀ ပါဝင်ပါတယ်။
စက်ရုံလုပ်ငန်း ၅၁ ခုမှာဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေကို သတင်းဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီသတင်းတွေမှာ ပါဝင်တဲ့ အလုပ်သမားဥပဒေနဲ့အခွင့်အရေးချိုးဖောက်တဲ့ အကြောင်းအရာတွေကို Myanmar Labour Society က လစဉ်လေ့လာပြီး တွေ့ရှိချက်တွေကို ထုတ်ပြန်ပါတယ်။ ဒီလို ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က အလုပ်သမားတွေ နစ်နာရတဲ့ အခြေခံ အကြောင်းအရာတွေကို ရှာဖွေပြီး ပြုပြင် ပြောင်းလဲ နိုင်မဲ့ နည်းလမ်းတွေ တွေ့ရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။
ဒီတွေ့ရှိချက်တွေက အလုပ်သမား အကျိုးစီးပွားအတွက် ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်၊ ပြုပြင်ပြောင်းရေးလိုလားတဲ့ အဖွဲ့အစည်း အသီးသီးအတွက် အထောက်အပံ့ ဖြစ်ဖို့လည်း မျှော်လင့်ထားပါတယ်။
Myanmar Labour Society က အလုပ်သမား ဥပဒေ၊ လူ့အခွင့်အရေး၊ လုပ်ငန်းခွင်အတွင်း ခွဲခြားမှုဆက်ဆံမှု စတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ကဏ္ဍ ၂၇ မျိုး ခွဲပြီး လေ့လာထားတာပါ။
ဇွန်လအတွင်း ဖော်ပြထားတဲ့ Myanmar Labour News သတင်းတွေထဲမှာ ကော်စေ့စက်ရုံ တစ်ရုံ၊ ဖိနပ်စက်ရုံ တစ်ရုံ၊ တံဆိပ်(လေဗယ်) စက်ရုံ တစ်ရုံ၊ အိပ်ချုပ်စက်ရုံ နှစ်ရုံ၊ အီလက်ထရောနစ် စက်ရုံ နှစ် ရုံ၊ ဦးထုတ်ချုပ် စက်ရုံ နှစ်ရုံနဲ့ အထည်ချုပ်စက်ရုံ ၄၂ ရုံ ပါဝင်တယ်။ ချုပ်လုပ်ရေး စက်ရုံတွေက လုပ်သားအင်အား အများအပြားနဲ့ ကုန်ပစ္စည်းထုတ်နေတာဖြစ်ပြီး ကုန်သွယ်မှု တန်ဖိုး ၁၀ ရာခိုင်နှုန်း ရှိတဲ့ CMP လုပ်ငန်းအမျိုးအစားတွေ ဖြစ်ပါတယ်။
အဲဒီ စက်ရုံ ၅၁ ရုံထဲမှာ လုပ်ခလစာတိုးမြှင့်ရေးတောင်းဆိုတဲ့ စက်ရုံ ၁၃ ရုံအထိ ပါဝင်ပါတယ်။ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေက CMP လုပ်ငန်းတွေမှာ တိုက်သင့်တဲ့ လုပ်ခလစာ ၊ ခေတ်ကာလနဲ့ ကိုက်ညီတဲ့ လုပ်ခလစာ မရကြဘူးဆိုတာ ထင်ရှားတဲ့ သက်သေတခု ဖြစ်ပါတယ်။
Asia Caps၊ Chisheng၊ Earth Industrial (Myanmar) Company Limited၊ ETEC၊ (GTIG Easter၊ GTIG Hua Sheng ၊ GTIG HUBO)၊ Joy Time Garment၊ Myanmar Ju Chuan၊ Myanmar Postarion၊ Rongda၊ Rum Yang (Myanmar)၊ SPRING RIVER KNITTING (MYANMAR)၊ Tai Hong Garment၊ ဂုံမင်းမြောင်ဟွာရှိန်(HUASHENG INTERNATIONAL) စတဲ့ စက်ရုံ ၁၃ ရုံမှာ တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့တာပါ။
လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုတွေ အားလုံး အောင်မြင်ခဲ့တာမဟုတ်သလို အလွယ်တကူ ရရှိခဲ့တာ မဟုတ်ဘူး ဆိုတာ အချက်တချို့က ဖော်ပြနေပါတယ်။
*(GTIG Easter၊ GTIG Hua Sheng ၊ GTIG HUBO)စက်ရုံတွေကတော့ တောင်းဆိုမှု ဖြစ်ပွားမှု မရှိခဲ့ပေမဲ့ လိပ်စာတူ စက်ရုံ ၂ နှစ်ရုံ က တောင်းဆိုမှုအတိုင်း လုပ်ခ တိုးမြင့်ပေးခဲ့တာပါ)
တောင်းဆိုမှု အားလုံးက ရက်တွက်ဒေးကြေး တိုးမြှင့်ပေးဖို့ ဖြစ်ပါတယ်။
ဇွန်လအတွင်း အလုပ်သမားဥပဒေနဲ့ အခွင့်အရေးချိုးဖောက်မှု ရှိတယ်ဆိုတဲ့ စက်ရုံအလုပ်ရုံပေါင်း ၅၁ ရုံ အထိ ရှိခဲ့တာက စံချိန်တစ်ခု ဖြစ်ပါတယ်။ ပုံမှန် Myanmar Labour News မှာ စက်ရုံအလုပ်ရုံသတင်း ၃၀ ဝန်းကျင် ဖော်ပြနေတာကနေ ပြီးခဲ့တဲ့ မေလ နဲ့ ဇွန်လတွေမှာ သတင်းဖော်ပြခံရတဲ့ စက်ရုံ အရေအတွက် သိသိသာသာ များပြားလာတာကိုတွေ့ရပါတယ်။
တောင်းဆိုမှု ဖြစ်ပွားခဲ့တဲ့ စက်ရုံတွေကို ဖယ်ထုတ်ရေတွက်မယ်ဆိုရင် ၄၀ ဝန်းကျင် ရှိနေတာပါ။
Myanmar Labour Society က မှတ်တမ်းတင်ထားတဲ့ ချိုးဖောက်မှုတွေကို အကြောင်းအရာ ၂၇ ခုထဲက ဇွန်လအတွင်း အကြောင်းအရာ ၂၄ မျိုး ဖြစ်ပွားတာ တွေ့ရပါတယ်။
Graph 1
လုပ်ခလစာ ဖြတ်တောက်မှု
ဇွန်လအတွင်း ချိုးဖောက်မှု အများဆုံး လုပ်ခလစာ ဖြတ်တောက်ခံရမှုတွေ ဖြစ်ပြီး စုစုပေါင်း စက်ရုံ ၂၅ ရုံ ပါဝင်နေပါတယ်။ ဒီအရေအတွက်က ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စက်ရုံတွေရဲ့ ၅၀ ရာခိုင်းနှုန်းနီးပါး ရှိပါတယ်။
လုပ်ခလစာ ဖြတ်တောက်မှု အကြောင်းအရာတွေက ခွင့်ယူတာ၊ ခွင့်မပေးလို့ ရက်ပျက်သတ်မှတ်တာ၊ အချိန်ပို မဆင်းတာ၊ လုပ်ငန်း တဖက်သတ်စည်းကမ်းထုတ် ဒဏ်ရိုက် လစာဖြတ်တာ၊ အလုပ်သမားတွေရဲ့ သဘောထားမမေးဘဲ လုပ်ခလစာ သတ်မှတ်တာ၊ နှစ်ကြေး အပြည့်အဝ မပေးတာ၊ ဂရိတ်ကြေးလျှော့တာ၊ လူမှုဖူလုံရေးအတွက် ခန့်မှန်းပြောဆိုတာ၊ လက်ဗွေ မှတ်တမ်း မပါလို့ဆိုပြီး ဒဏ်ကြေး ဖြတ်တာ၊ လုပ်ခလစာ ခွဲခြားပေးတာ၊ ရက်မှန်ကြေး ဖြတ်တာ၊ အလုပ်ဝင်ချိန် နောက်ကျလို့ ဒဏ်ကြေးအများအပြား ဖြတ်ယူတာ၊ သတ်မှတ် ဂရိတ်ကြေးမပေးတာ၊ သတ်မှတ်ရက်မှာ လုပ်ခမပေးတာ၊ သတ်မှတ်လုပ်ခ မပေးတာ၊ ပိတ်ရက်အတွက် လုပ်ခ လျှော့ပေးတာ၊ အထည်ကြေးမပေးတာ၊ အချိန်ပို မဆင်းလို့ ဂရိတ်ကြေးဖြတ်တာ၊ ရက်တွက် ဒေးကြေး တန်းတူမပေးတာ တွေ ဖြစ်ပါတယ်။
Garph 2
စက်ရုံအများစုက ဥပဒေပါ ခွင့်တွေ မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ရက်တွက် ဒေးကြေး ၊ ဂရိတ်ကြေး၊ ရက်မှန်ကြေး၊ ထောက်ပံ့ကြေးတွေ ဖြတ်တောက်ခံကြရတာ ဖြစ်ပါတယ်။ အလုပ်သမားတွေ ခွင့်တစ်ရက် ခံစားခွင့်မရတာနဲ့ အနည်းဆုံး ကျပ် ၃၀၀၀၀ နစ်နာဆုံးရှုံးကြတာလို့ ပြောထားပါတယ်။
Casico Garment Limited၊ Chi Mai ၊ Dong Chen Handbag၊ Dong Yu Garment III Co.,Ltd၊ Fala Fala Clothing (Myanmar)၊ Fang Hua ၊ Hope one ၊ Lesnart Myanmar Apparel၊ Mai Yi Bei (Yangon)Garment Manufacturing Co,Ltd ၊ Myanmar Ayeyarwaddy MFG ၊ Myanmar Fortress Wealth Garment Co.,Ltd၊ Myanmar Huasheng Kefu Fashion၊ Myanmar Ju Chuan၊ Myanmar QT၊ New Plus၊ Opal international Co.,Ltd ၊ Preclo Myanmar ၊ Prettex Myanmar ၊ S.H UNITED COMPANY LIMITED၊ Sakura Garment ၊ SDI Manufacturing Co.,Ltd၊ Shunrong Garment Myanmar ၊ Shwe Myinn Washing Factory ၊ Xin Shun Fashion Myanmar CO,Ltd ၊ Yuan Hong Garment Co.,Ltd စတဲ့ စက်ရုံတွေမှာ အလုပ်သမားတွေ ရပိုင်ခွင့် လုပ်ခ ငွေကြေးဖြတ်တောက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြခဲ့တာပါ။ စက်ရုံတွေထဲမှာ ဝန်ဆောင်မှု လုပ်ငန်း တခု ပါဝင်ပြီး ကျန်စက်ရုံတွေက အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ ငွေကြေးတွေကို ဖြတ်တောက် ရယူမှုထဲမှာ သီးခြားမှတ်တမ်းတခုကတော့ ကြီးကြပ်သူတွေ၊ လုပ်ငန်းခွင်အတွင်းက ခေါင်းဆောင်တွေရဲ့ လာဘ်ယူမှုနဲ့ ငွေကြေး ဖြတ်ယူမှုတွေ ဖြစ်ပါတယ်။ ဒီလို စက်ရုံ လေးရုံ ရှိပြီး အားလုံးက အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။ Hundred Garment Myanmar ၊ Mai Yi Bei (Yangon)Garment Manufacturing Co,Ltd ၊ S.H UNITED COMPANY LIMITED ၊ Yuan Hong Garment Co.,Ltd စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း
ဇွန်လအတွင်း ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတယ်ဆိုတဲ့ စက်ရုံပေါင်း ၂၅ ရုံ ပါဝင်ပြီး ဒါက တလအတွင်း သတင်း ဖော်ပြ ခံရတဲ့ စက်ရုံ အရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်း နီးပါး ဖြစ်ပါတယ်။
ဖိအားပေး ခြိမ်းခြောက်တယ်ဆိုတဲ့ အမျိုးအစားတွေကတော့ အတင်းအကျပ် အချိန်ပိုဆင်းခိုင်းတာ၊ အချိန်ပိုမဆင်းပါက လုပ်ငန်းပြောင်းလဲ ခိုင်းစေတာ၊ ဆုကြေးနဲ့ ဂရိတ်ကြေးဖြတ်တာ၊ အချိန်ပို အတင်းအကျပ် ဆင်းခိုင်းတာ၊ မဆင်းသူများအား ရပိုင်ခွင့် ဖြတ်တောက်တာ၊ အငြိုးအတေးထား ခိုင်းစေတာ၊ တောင်းဆိုမှုအတွင်း ခြိမ်းခြောက်ခံရတာ၊ ဖမ်ဆီးခိုင်းမယ်ဆိုပြိး ခြိမ်းခြောက်တာ၊ အလုပ်ထွက်ဖို့ ဖိအားပေးတာ၊ လစာ ဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ ပွိုင့်ပြောင်းချုပ်ခိုင်းတာ၊ အချိန်ပို မဆင်းပါက ဆဲဆိုတာ၊ တိုင်းကြားမှုအတွက် ခြိမ်းခြောက်တာ၊ အထည်စံချိန်အတွက် ဖိအားပေးတာ၊ အငြိုးနဲ့ သတိပေးလက်မှတ်ထိုးခိုင်းတာ တွေ ဖြစ်ပါတယ်။
သတင်းမှာ ဖော်ပြထားတဲ့ ဖိအားပေး ခြိမ်းခြောက်တယ်ဆိုတဲ့ စက်ရုံတွေကတော့ Asia Caps ၊ Chi Mai ၊ Chisheng ၊ Dishang Fashion (Myanmar) ၊Dong Yu Garment III Co.,Ltd ၊ ETEC ၊ Hosheng Myanmar Garment ၊Hundred Garment Myanmar ၊ J&F Myanmar LNY Caps ၊ Lesnart Myanmar Apparel ၊ Myanmar Fortress Wealth Garment Co.,Ltd ၊ Myanmar Huasheng Kefu Fashion ၊ Myanmar sky run ၊ New Plus ၊ Preclo Myanmar ၊ Prettex Myanmar ၊ Rum Yang (Myanmar) ၊ SDI Manufacturing Co.,Ltd ၊ Shi An Myanmar ၊ Shunrong Garment Myanmar ၊ Shwe Myinn Washing Factory ၊ SPRING RIVER KNITTING (MYANMAR) ၊ STYLE & SMART Myanmar Co.,Ltd ၊ Tianjin Fashion Milestone ၊ Tianjin Fashion Milestone စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။
စက်ရုံတွေထဲမှာ အီလက်ထရောနှစ် စက်ရုံ တရုံပါဝင်ပြီး ကျန် စက်ရုံ အားလုံးက CMP အမျိုးအစား ချုပ် လုပ်ရေး စက်ရုံတွေဖြစ်ပါတယ်။
အချိန်ပို အတင်းအကျပ် ခိုင်းစေမှု
ဇွန်လအတွင်း အချိန်ပို အတင်းအကျပ် ခိုင်းစေတဲ့ စက်ရုံ ၂၂ ရုံ သတင်းတွေကို Myanmar Labour News မှာ ဖော်ပြထား ပါတယ်။
အချိန်ပို အတင်းအကျပ် ခိုင်းစေမှုတွေကတော့ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ လုပ်ကိုင်ခိုင်းတာ၊ အချိန်ပို အလုပ်ချိန် များပြားတာ၊ ခြိမ်းခြောက်တာ၊ ဖိအားပေး လုပ်ကိုင်ခိုင်းတာတွေ ဖြစ်ပါတယ်။ အတင်းအကျပ် ဖိအားပေးမှုတွေက အလုပ်အကိုင်ကို ခြိမ်းခြောက်တာ၊ ရက်တွက် ဒေးကြေး၊ ရက်မှန်ကြေး၊ ဂရိတ်ကြေး စတဲ့တာတွေ လျှော့ချ ဖြတ်တောက်မယ်ဆိုပြီး ဖိအားပေး တာတွေ ပါဝင်ပါတယ်။
သတင်းဖော်ပြထားတဲ့ စက်ရုံတွေကတော့ Casico Garment Limited ၊ Create Beauty (Myanmar) Kinitted ၊ Dong Yu Garment III Co.,Ltd ၊ Fala Fala Clothing (Myanmar) ၊ Fang Hua ၊ Hosheng Myanmar Garment ၊ Hundred Garment Myanmar ၊ J&F Myanmar LNY Caps ၊ Lesnart Myanmar Apparel ၊ Myanmar Huasheng Kefu Fashion ၊ Myanmar sky run ၊ Preclo Myanmar ၊ S.H UNITED COMPANY LIMITED ၊ SDI Manufacturing Co.,Ltd ၊ Shi An Myanmar ၊ Shunrong Garment Myanmar ၊ Shwe Myinn Washing Factory ၊ STYLE & SMART Myanmar Co.,Ltd ၊ Tianjin Fashion Milestone ၊ Xin Shun Fashion Myanmar Co.,Ltd ၊ Yangon Young clothing ၊ Yuan Hong Garment Co.,Ltd စက်ရုံတွေ ဖြစ်ပါတယ်။
အချိန်ပို အတင်းအကျပ် ခိုင်းစေတယ်ဆိုတဲ့ စက်ရုံတွေ အားလုံးက CMP ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်ပါတယ်။
ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိခြင်း
လုပ်ငန်းခွင်အခြေအနေတွေ ပြည်စုံမှုမရှိတဲ့ စက်ရုံ ၁၆ ရုံ ရဲ့ သတင်းတွေကို ဖော်ပြထားပြီး အဲဒီ စက်ရုံတွေထဲမှာ လျှော်ဖွတ် လုပ်ငန်း စက်ရုံတစ်ရုံနဲ့ အထည်ချုပ်စက်ရုံတွေ ပါဝင်ပါတယ်။
လုပ်ငန်းတွေ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့ လုပ်ငန်းခွင် အခြေအနေတွေ ပြည်စုံဖို့ လိုအပ်ပါတယ်။ ဒီအတွက် ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေကိုလည်း ပြဌာန်းထားပါတယ်။ ဒါ့အပြင် EC စာချုပ်မှာလည်း လုပ်ငန်းကောင်းမွန်စေဖို့ ဖြည့်ဆည်းပေး ဖို့ အချက်တချို့ကို ထည့်သွင်းထားပါတယ်။
သတင်းမှာ ဖော်ပြထားတဲ့ စက်ရုံတွေရဲ့ အခြေအနေတွေက သောက်ရေ ၊ သုံးရေ မကောင်းတာ၊ သန့်စင်ခန်းတွေ သန့်ရှင်းမှုမရှိတာ၊ လုံခြုံမှုမရှိတာ၊ ကြိုပို့ယာဉ် မလုံလောက်တာ၊ ဘေးအန္တရာယ်နဲ့ စီးနင်းနေရတာ၊ ဂိတ်ပတ်စ် မပေးတာ၊ လုပ်ငန်းခွင် အပူဒဏ်ခံစားရတာ၊ အမိုးမလုံတာ၊ အမိုးမရှိတာ၊ လျှပ်စစ်အန္တရာယ်ရှိနေတာ၊ သူနာပြု ဆေးပစ္စည်း မရှိတာ၊ မပြည့်စုံတာ၊ လုပ်ငန်းခွင် အကာအကွယ်ပစ္စည်း မပေးတာ မပြည့်စုံတာနဲ့ ကျွေးမွေးမှု မပြည့်စုံတာတွေ ဖြစ်ပါတယ်။
ဇွန်လအတွင်း သတင်းမှာ ပါဝင်တဲ့ စက်ရုံတွေကတော့ Casico Garment Limited ၊ Dong Yu Garment III Co.,Ltd ၊ Fala Fala Clothing (Myanmar) ၊ Lesnart Myanmar Apparel ၊ Myanmar Huasheng Kefu Fashion ၊ Myanmar QT၊ Myanmar sky run ၊ New Plus ၊ Preclo Myanmar ၊ SDI Manufacturing Co.,Ltd ၊ Shunrong Garment Myanmar ၊ SPRING RIVER KNITTING (MYANMAR) ၊ True Green City ၊ Yangon Young clothing ၊ Yuan Hong Garment Co.,Ltd ၊ ဂုံမင်းမြောင်ဟွာရှိန် စက်ရုံတို့ ဖြစ်ပါတယ်။
ဥပဒေပါ ခွင့်ခံစားခွင့် များမပေးခြင်း
မြန်မာအလုပ်သမားဥပဒေတွေထဲမှာ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေကို သီးခြားပြဌာန်းပေးထားပေမဲ့ စက်ရုံအများစုက လိုက်နာမှု မရှိတာကို တွေ့ရပါတယ်။ အလုပ်သမားတွေ ခွင့်ရက် ခံစားခွင့်မရတာတွေကြောင့် အလုပ်ထုတ်ခံရတာ၊ သတိပေးလက်မှတ် ထိုးရတာ၊ ရက်တွက်ဒေးကြေး ဖြတ်တောက်ခံရတာ၊ ဆူပူခံရတာနဲ့ ခွဲခြားဆက်ဆံခံရတာ တွေ ခံစားကြရတာကို တွေ့ရပါတယ်။
ဇွန်လအတွင်း ဥပဒေပါခွင့်တွေ ခံစားခွင့်မပေးတဲ့ စက်ရုံ ၁၁ ရုံရဲ့ သတင်းတွေကို Myanmar Labour News မှာ ဖော်ပြထားပါတယ်။ ဖော်ပြထားစက်ရုံတွေ အာလုံးနီးပါးက ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်ကြပြီး ဝန်ဆောင်မှုလုပ်ငန်း စက်ရုံတစ်ရုံလည်း ပါဝင်ပါတယ်။
အဲဒီစက်ရုံ ၁၁ ရုံကတော့ Casico Garment Limited ၊ Dong Chen Handbag ၊ Dong Yu Garment III Co.,Ltd ၊ Myanmar Ayeyarwaddy MFG ၊ Myanmar Fortress Wealth Garment Co.,Ltd ၊ Myanmar Huasheng Kefu Fashion ၊ Preclo Myanmar ၊ Prettex Myanmar ၊ SDI Manufacturing Co.,Ltd ၊ Shunrong Garment Myanmar ၊ SPRING RIVER KNITTING (MYANMAR) တို့ ဖြစ်ပါတယ်။
အလုပ်ထုတ်ခြင်း
ဇွန်လအတွင်း အလုပ်ထုတ်တယ်၊ အလုပ်ထုတ်ခဲ့တယ်၊ အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ် ဆိုတဲ့ စက်ရုံ ၁၀ ရုံရဲ့ သတင်းတွေကို Myanmar Labour News မှာ ဖော်ပြထားပါတယ်။
အလုပ်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ အချိန်ပို မဆင်းလို့ အလုပ်ထွက်ဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ အကြောင်းအရင်းမဲ့ အလုပ်ထုတ််၊ မဟုတ်မမှန် စွပ်စွဲ အလုပ်ထုတ်တာ၊ EC စာချုပ် ချိုးဖာက်ပြိး အလုပ်ထုတ်တာ၊ လုပ်ငန်းခွင် အငြှိုးနဲ့ အလုပ်ထုတ်တာတွေ တွေ့ရပါတယ်။
မြန်မာအလုပ်သမား ဥပဒေအရ အလုပ်ထုတ်ဖို့ လုပ်ငန်းစဉ် အဆင့်တွေ ရှိပြီး အခုတွေ့ရတဲ့ အလုပ်ထုတ်မှုတွေကတော့ ဥပဒေနဲ့ ညီညွှတ်မှု မရှိတာကို တွေ့ရပါတယ်။
အလုပ်ထုတ်တယ်ဆိုတဲ့ စက်ရုံတွေ အားလုံးက CMP လုပ်ငန်းအမျိုးအစား ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်တာကို တွေ့ရပါတယ်။
ဆဲဆို ခိုင်းစေခြင်း
လုပ်ငန်းခွင်အတွင်း ဆဲဆိုခိုင်းစေခြင်းအမျိုးအစားကတော့ အတင်းအဓမ္မခိုင်းစေခြင်း ဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက သတ်မှတ်ကြပါတယ်။ ဆဲဆိုခိုင်စေမှုတွေ ကြုံရတဲ့ အလုပ်သမားတွေဟာ စိတ်ပိုင်းဆိုင်၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရတယ်လို့လည်း ပြောထားကြပါတယ်။
ဇွန်လအတွင်း ဆဲဆိုခိုင်းစေတာတွေ အများစုက အထည်ချုပ်လုပ်ငန်းတွင်မှာ ဖြစ်ပွားပြီး အလုပ်သမားတွေမှာ ကြမ်းတမ်းတဲ့ အပြုအမူနဲ့ ကိုယ်ထိလက်ရောက် ပြုလုပ်တာတွေပါ ကြုံတွေ့ခဲ့ကြပါတယ်။
လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေ ရှိတယ်ဆိုတဲ့ စက်ရုံတွေကတော့ Casico Garment Limited ၊ Chi Mai ၊ Dong Chen Handbag ၊ Dong Yu Garment III Co.,Ltd ၊ Myanmar Fortress Wealth Garment Co.,Ltd ၊ Myanmar Huasheng Kefu Fashion ၊ Prettex Myanmar ၊ SDI Manufacturing Co.,Ltd ၊ Shunrong Garment Myanmar ၊ Yuan Hong Garment Co.,Ltd တို့ ဖြစ်ပါတယ်။
ခွဲခြားဆက်ဆံခြင်း
လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုက အလုပ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ အပြင် ကုန်ထုတ်မှုကျဆင်းတာ၊ လုပ်သား မတည်မြဲတာ၊ ကုန်ပစ္စည်းအရည်အသွေကျဆင်းတာတွေ ကြုံရလို့ လုပ်ငန်းရှင်တွေပါ ထိခိုက်ရတဲ့ ချိုးဖောက်မှု အကြောင်းအရာ ဖြစ်ပါတယ်။
ဇွန်လအတွင်းတွေ့ရှိရတဲ့ ခွဲခြားဆက်ဆံခံရတဲ့ အကြောင်းအရာတွေကတော့ အထည်စံချိန်အတွက် အငြိုးထား ဆက်ဆံတာ၊ အချိန်ပိုမဆင်းလို့ ခွဲခြားဆက်ဆံခံရတာ၊ ရင့်သီးစွာ ပြောဆိုတာ၊ လုပ်ခလစာ ခွဲခြားပေးတာ၊ ကိုယ်ဝန်ဆောင်လုပ်သားတွေ ခွဲခြားခံရတာ၊ ခွင့်ကို ခွဲခြားပေးတာ၊ အငြိုးထားခံရတာ စတာတွေ ဖြစ်ပါတယ်။
ဇွန်လအတွင်း သတင်းမှာ ဖော်ပြထားတဲ့ ခွဲခြားဆက်ဆံမှု အားလုံးက CMP လုပ်ငန်းတွေဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းခွင် အတွင်း ဖြစ်ပွားခဲ့တာပါ။
အဲဒီ အထည်ချုပ်စက်ရုံတွေကတော့ Casico Garment Limited ၊ Chi Mai ၊ Dong Yu Garment III Co.,Ltd ၊ Hope one ၊ Hundred Garment Myanmar ၊ Myanmar Huasheng Kefu Fashion ၊ S.H UNITED COMPANY LIMITED ၊ Sakura Garment ၊ SDI Manufacturing Co.,Ltd ၊ Yuan Hong Garment Co.,Ltd ဖြစ်ပါတယ်။
အလုပ်ချိန် ၅ နာရီကျော် နားချိန်မရဘဲလုပ်ကိုင်ရခြင်း
မြန်မာအလုပ်သမားဥပဒေတွေထဲမှာ တနေ့ အလုပ်ချိန် ၈ နာရီသတ်မှတ်ထားပြီး၊ ၅ နာရီ တဆက်တည်းလုပ်ကိုင်ပြီးတိုင်း မိနစ် ၃၀ (နာရီဝက်) အနားပေးရမယ်ဆိုပြီး ပြဌာန်းထားပါတယ်။
ဇွန်လအတွင်း ဖော်ပြထားတဲ့ သတင်းတွေထဲမှာ အလုပ်ချိန် ၅ နာရီကျော်လုပ်ကိုင်ရပြီး အနားမပေးတဲ့ စက်ရုံပေါင်း ၁၀ ရုံပါဝင်နေတာတွေ့ရပါတယ်။
တဆက်တည်း အလုပ်ချိန် ၅ နာရီကျော် လုပ်ကိုင်ရတဲ့ အချိန်တွေကတော့ နေ့လယ်စာ စားပြီးကတည်းက အချိန်ပိုပြီးစီးတဲ့ ညနေ ၆ ကနေ ည ၈ အထိ လုပ်ကိုင် ကြရတာကိုတွေ့ရပါတယ်။ အလုပ်သမားတွေမှာ ရုပ်ပိုင်းဆိုင် ထိခိုက်ခံစားရပြီး အဲဒီ အချိန်အတွင်း အစာစားမိပါက သတိပေးလက်မှတ် ထိုးရတာကနေ အလုပ်ထုတ်ခံရတဲ့ အထိ အရေးယူခံရတာကိုတွေ့ပါတယ်။
အလုပ်ချိန် ၅ နာရီကျော် တဆက်တည်း လုပ်ကိုင်ရတယ်ဆိုတဲ့ စက်ရုံတွေကတော့ Chi Mai ၊ Hope one ၊ J&F Myanmar LNY Caps၊ Lesnart Myanmar Apparel ၊ Myanmar Huasheng Kefu Fashion ၊ Myanmar sky run ၊ Prettex Myanmar ၊ S.H UNITED COMPANY LIMITED ၊ Yangon Young clothing ၊ Yuan Hong Garment Co.,Ltd ဖြစ်ကြပါတယ်။
ဇွန်လအတွင်း ချိုးဖောက်မှု အကြောင်းအရာ ၂၄ မျိုးထဲက စက်ရုံအများစု ချိုးဖောက်တဲ့ အကြောင်းအရာတွေ ဖော်ပြထားတာဖြစ်ပါတယ်။
Excel
၂၀၂၅ ခုနှစ် ဇွန်လအတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ | |||||
No | စက်ရုံလုပ်ငန်း | လုပ်ငန်းအမျိုးအစား | ကုန်အမှတ်တံဆိပ် | လုပ်ငန်းတည်နေရာ | သတင်းဖော်ပြမှု |
1 | SDI Manufacturing Co.,Ltd | အထည်ချုပ် | Fourth dimension | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန် | https://www.myanmarlabournews.com/posts/sdi-manufacturing-အထည်ချုပ်စက်ရုံ-ခွင့်တိုင်ကြားပေမဲ့-လစာမဲ့-ခွင့်ပေး |
2 | Casico Garment Limited | အထည်ချုပ် | musinsa standard | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာလမ်း | https://www.myanmarlabournews.com/posts/casico-garment-limited-စက်ရုံ-အချိန်ပိုအလွန်အကျွံခေါ်ခိုင်း-အလုပ်သမားများအား-ဆဲဆို-ခွဲခြားဆက်ဆံ |
3 | Dong Yu Garment III Co.,Ltd | အထည်ချုပ် | Workman COLOURS | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြစံပယ်လမ်း | https://www.myanmarlabournews.com/posts/dong-yu-အထည်ချုပ်-wcc-ကိုယ်စားလှယ်အား-အလုပ်ရှင်-ရွေးချယ်၊-စစ်ဆေးရေးအဖွဲ့အား-လိမ်လည်-ဖြေကြားခိုင်း |
4 | Myanmar Huasheng Kefu Fashion | အထည်ချုပ် | Sinsay၊ TERRNNANOVA | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြခတ္တာလမ်း | https://www.myanmarlabournews.com/posts/myanmar-huasheng-kefu-fashion-အထည်ချုပ်-ရက်တွက်-ဒေးကြေးလျှော့ပေး |
5 | Hundred Garment Myanmar | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုန် (သဘာဝမှတ်တိုင်အနီး) | https://www.myanmarlabournews.com/posts/hundred-garment-တွင်-ကလေးလုပ်သားများထံမှ-လာဘ်ယူပြီး-စက်လိုင်းမန်နေဂျာ-အလုပ်သွင်းပေး | |
6 | Shunrong Garment Myanmar | အထည်ချုပ် | PIP | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅၊ ရွှေလီလမ်း | https://www.myanmarlabournews.com/posts/shunrong-garment-myanmar-လူမှုဖူလုံရေး-လစဉ်-ပေးသွင်းရပေမဲ့-ဆေးခွင့်မပေး |
7 | Yuan Hong Garment Co.,Ltd | အထည်ချုပ် | pikmie၊ FB sister၊ JP၊ SinSay၊ nano universe၊ ambianmee | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသွင်းတိုက်ဝန် ဦးထွန်းညို လမ် | https://www.myanmarlabournews.com/posts/yuan-hong-garment-စက်ရုံ-အလုပ်ချိန်-၆-နာရီကျော်-ဆက်တိုက်ခိုင်းစေပြီး-တစ်ပတ်-နာရီ-၄၀-အချိန်ပို-လုပ်ကိုင်ခိုင်း |
8 | Lesmart Myanmar Apparel | အထည်ချုပ် | ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ စက်မှုပတ်လမ်း | https://www.myanmarlabournews.com/posts/lesnart-myanmar-apparel-နေ့စဉ်နီးပါး-ညနက်-အချိန်ပို-လုပ်ကိုင်ခိုင်း | |
9 | S.H UNITED COMPANY LIMITED | အထည်ချုပ် | CARS JEANS၊ LCW MODEST | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း | https://www.myanmarlabournews.com/posts/sh-united-company-limited-လုပ်ငန်းခွင်ဆိုင်ရာ-ချိုးဖောက်မှု-ကျူးလွန်နေ |
10 | Chi Mai | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာ စက်မှုဇုန် ၃ ၊ ၁၄ လမ်းဆုံ မှတ်တိုင်အနီး | https://www.myanmarlabournews.com/posts/chi-mai-အထည်ချုပ်စက်ရုံမှူး-ဆဲဆို-ခြိမ်းခြောက်-ခိုင်းစေ | |
11 | New Plus | အထည်ချုပ် | https://www.myanmarlabournews.com/posts/new-plus-အထည်ချုပ်-စက်ရုံကို-တိုင်ကြားချင်ပါတယ်-ရှင့် | ||
12 | Preclo Myanmar | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၁၊ စက်မှုလမ်းသွယ် ၁ လမ်း | https://www.myanmarlabournews.com/posts/preclo-myanmar-စက်ရုံ-အချိန်ပို-မဆင်းသည့်-အလုပ်သမားများအား-အကျပ်ကိုင်-ဖိနှိပ် | |
13 | Prettex Myanmar | အထည်ချုပ် | Have a wonderful day , Chinese National Geography | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် | https://www.myanmarlabournews.com/posts/prettex-myanmar-စက်ရုံ-အထည်ကြေး-ရက်-၂၀-ကျော်-ကြာသည်အထိ-ရှင်းမပေး |
14 | Shwe Myinn Washing Factory | အထည်ချုပ် | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီးလမ်း | https://www.myanmarlabournews.com/posts/shwe-myinn-လျှော်ဖွတ်လုပ်သားများ-ထိခိုက်မှု-အလုပ်ရှင်ဘက်မှ-တာဝန်ယူမှု-မရှိ-ဟုဆို | |
15 | Dong Chen Handbag | အိပ်ချုပ် | Zera | ရန်ကုန်မြို့၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ စက်မှုဇုန် ၂ ၊ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်း | https://www.myanmarlabournews.com/posts/dong-chen-handbag-စက်ရုံမှူး-ကိုယ်ထိလက်ရောက်-ကျူးလွန်ပြီး-ကြီးကြပ်ရေးမှူးများမှ-ဆဲဆို-ခိုင်းစေ |
16 | J&F Myanmar LNY Caps | ဦးထုပ်ချုပ် | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ ဗိုလ်ချုပ်မှတ်တိုင်း | https://www.myanmarlabournews.com/posts/jf-myanmar-lny-caps-စက်ရုံ-အချိန်ပို-တစ်လ-နာရီ-၉၀-ကျော်-လုပ်ခိုင်း | |
17 | Myanmar Fortress Wealth Garment Co.,Ltd | ဦးထုပ်ချုပ် | https://www.myanmarlabournews.com/posts/jf-myanmar-lny-caps-စက်ရုံ-အချိန်ပို-တစ်လ-နာရီ-၉၀-ကျော်-လုပ်ခိုင်း | ||
18 | Myanmar sky run | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် ၃၊ ဖန်ချက်ဝန် ဦးရွှေအိုးလမ်း | https://www.myanmarlabournews.com/posts/myanmar-sky-run-အထည်ချုပ်စက်ရုံ-အချိန်ပို-တပတ်-နာရီ-၃၀-ကျော်-လုပ်ကိုင်ခိုင်း | |
19 | Asia Caps | ဦးထုပ်ချုပ် | ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်၊ ၉ လမ်း | https://www.myanmarlabournews.com/posts/asia-caps-စက်ရုံ-လုပ်ခတောင်းဆိုမှုလုပ်ပါက-ရဲခေါ်မယ်ဆိုပြီး-ခြိမ်းခြောက် | |
20 | Fala Fala Clothing (Myanmar) | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်း | https://www.myanmarlabournews.com/posts/fala-fala-clothing-အထည်ချုပ်-အချိန်ပို-အော်လင်းအောနိုက်-တပတ်-၄-ကြိမ်အထိ-လုပ်ကိုင်ခိုင်း | |
21 | Hope one | အထည်ချုပ် | ရန်ကုန်မြို့၊ လှိုင်သာယာ၊ရွှေလင်ပန်းစက်မှုဇုန် | https://www.myanmarlabournews.com/posts/hope-one-စက်ရုံ-အခွင့်အရေးများ-လျှော့ချ | |
22 | Tianjin Fashion Milestone | အထည်ချုပ် | ရန်ကုန်မြို၊ လှိင်သာယာ မြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဆိပ်ကမ်းသာလမ်း | https://www.myanmarlabournews.com/posts/tianjin-fashion-milestone-စက်ရုံ-ကြိုပို့ယာဉ်-နောက်ကျမှု-အလုပ်သမားများ-အခက်တွေ့ | |
23 | Xin Shun Fashion Myanmar CO,Ltd | အထည်ချုပ် | လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းက်မှုဇုန် မီးသတ် အဝိုင်းအနီး ၊ ဆရာရှမ်းလမ်း | https://www.myanmarlabournews.com/posts/အလုပ်အချိန်-အလွန်အကျွံဖိအားပေးခိုင်းစေပြီး-အခွင့်အရေးချိုးဖောက် | |
24 | Create Beauty (Myanmar) Kinitted | အထည်ချုပ် | ရန်ကုန်မြို့၊ မှော်ဘီမြို့၊ မြောင်းတကာ စက်မှုဇုန် | https://www.myanmarlabournews.com/posts/create-beauty-myanmar-kinitted-စက်ရုံ-တစ်လ-၂-ရက်ပဲ-အနားပေး-အချိန်ပို-မဆင်းသည့်-လုပ်သားများအား-အလုပ်ထုတ် | |
25 | Hosheng Myanmar Garment | အထည်ချုပ် | Flil Brand | ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်၊ သာဓုကန်စက်မှုဇုန် | https://www.myanmarlabournews.com/posts/hosheng-myanmar-အထည်ချုပ်-ကိုယ်ဝန်ဆောင်ပါ-ညနက်-အချိန်ပိုဆင်းခိုင်း |
26 | Mai Yi Bei (Yangon)Garment Manufacturing Co,Ltd | အထည်ချုပ် | mister lady , clevercare. Info , ALCOTT , ORIGINAL MARINES | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်း | https://www.myanmarlabournews.com/posts/mai-yi-bei-yangon-အော်စူပါ-လာဘ်ယူ-အလုပ်ခန့်-အလုပ်သမားလစာပါ-ဖြတ်ယူ |
27 | Myanmar Ju Chuan | ဖိနပ်ချုပ် | လှိုင်သာယာ မြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်း | https://www.myanmarlabournews.com/posts/myanmar-ju-chuan-စက်ရုံ-အလုပ်သမားဆန္ဒမပါဘဲ-ရက်တွက်-လစာ-သတ်မှတ် | |
28 | Myanmar QT | လေဗယ်စက်ရုံ | ရန်ကုန်မြို့၊ ရွှေပြည်သာဇုန်မှုဇုန် ၁၊ စက်မှု ၉ လမ်း၊ စစ်တပ်မှတ်တိုင် | https://www.myanmarlabournews.com/posts/myanmar-qt-စက်ရုံ-အိမ်သာသန့်ရှင်းရေးလုပ်ခိုင်းပြီး-ပိုက်ဆံဖြတ် | |
29 | Rum Yang (Myanmar) | အထည်ချုပ် | TEERANOVA ၊ AMISU | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်း | https://www.myanmarlabournews.com/posts/ram-yang-အထည်ချုပ်-လုပ်သားတွေ-ဒေးကြေးတိုးပေးရန်-ဆက်လက်တောင်းဆို |
30 | Shi An Myanmar | အထည်ချုပ် | ရန်ကုန်မြို့၊ လှိုင်သာယာစက်မူဇုန် ၂၊ ကနောင်မင်းသားကြီး လမ်း | https://www.myanmarlabournews.com/posts/shi-an-myanmar-အထည်ချုပ်-နားရက်-တနင်္ဂနွေနေ့ပါ-အချိန်ပို-လုပ်ကိုင်ခိုင်း | |
31 | Yangon Young clothing | အထည်ချုပ် | သာဓုကန်စက်မှုဇုန် | ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း | https://www.myanmarlabournews.com/posts/yangon-young-clothing-အထည်ချုပ်စက်ရုံ-တပတ်နာရီ-၂၀-ကျော်-အချိန်ပို-လုပ်ကိုင်ခိုင်း |
32 | Best Garment | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ကရင်ချောင်းကွင်းလမ်း | https://www.myanmarlabournews.com/posts/best-garment-အထည်ချုပ်စက်ရုံက-အလုပ်သမား-တစ်ဦးအား-အလုပ်ထုတ် | |
33 | Chisheng | အထည်ချုပ် | ရွှေပြည်သာမြို့နယ် | https://www.myanmarlabournews.com/posts/chisheng-စက်ရုံလုပ်သားများအား-နို့တစ်ပေးအလုပ်ထုတ်မည်ဟု-စက်ရုံမန်နေဂျာ-ပြောဆို | |
34 | Dishang Fashion (Myanmar) | အထည်ချုပ် | ONLY, BESTSELLER | ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းကြီးမဟာ မင်းခေါင်လမ်း | https://www.myanmarlabournews.com/posts/foa-ချိုးဖောက်တဲ့အပေါ်-ဖြေရှင်းပေးဖို့-dishang-fashion-myanmar-အလုပ်သမားတွေဆန္ဒဖော်ထုတ် |
35 | DongXin | အထည်ချုပ် | HEAT ASSIST | ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၃၊ နဝဒေးမင်းကြီးလမ်း | https://www.myanmarlabournews.com/posts/dongxin-စက်ရုံအမျိုးသမီးလုပ်သားများ-လိင်ပိုင်းဆိုင်ရာ-နှောင့်ယှက်ခံရပြီး-တာဝန်ရှိသူများ-အကာအကွယ်မပေး-ဟုဆို |
36 | ETEC | အီလက်ထရောနစ် | ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် ၁ | https://www.myanmarlabournews.com/posts/etec-စက်ရုံ-အလုပ်သမားတောင်းဆိုမှု-မပြီးပြတ် | |
37 | Fang Hua | ဖိနပ်ချုပ် | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင် စက်မှုဇုန်၊ မင်းဧရာလမ်း | https://www.myanmarlabournews.com/posts/fang-hua-အထည်ချုပ်-နားရက်-အိုတီမဆင်းသူများအား-ရက်မှန်ကြေး-ဖြတ် | |
38 | Myanmar Ayeyarwaddy MFG | အထည်ချုပ် | Newyorker | ရွေပြည်သာမြိုနယ် ၊ ရွေပြည်သာကွေ့မှတ်တိုင်အနီး ၊ အမှတ် ( ၄ ) လမ်းမကြီး | https://www.myanmarlabournews.com/posts/myanmar-ayeyarwaddy-mfg-စက်ရုံ-ရက်ပျက်ဆိုပြီး-၂-ရက်အတွက်-ဒေးကြေးဖြတ် |
39 | Sakura Garment | အထည်ချုပ် | AITOZ | လှိုင်သာယာမြို့နယ် ၊လှိုင်သာယာစက်မှုဇုန် (၃) ၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်း | https://www.myanmarlabournews.com/posts/sakura-garment-လုပ်ခလစာ-တိုးပေးပေမဲ့-တန်းတူမရရှိဟု-အလုပ်သမားများပြော |
40 | SPRING RIVER KNITTING (MYANMAR) | အထည်ချုပ် | BETTY&CO ၊ BETTY BARCLAY | လှိုင်သာယာမြို့၊ ရွှေလင်ပန်းစက်မှုဇုန်၊ သံချက်ဝန်ဦးညွှန့်လမ်း | https://www.myanmarlabournews.com/posts/spring-river-knitting-myanmar-အထည်ချုပ်-အလုပ်သမားခေါင်းဆောင်များအား-ဖမ်းခိုင်းမည်ဟု-ခြိမ်းခြောက် |
41 | STYLE & SMART Myanmar Co.,Ltd | အထည်ချုပ် | Sinsay, Velilla | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် | https://www.myanmarlabournews.com/posts/style-smart-အထည်ချုပ်စက်ရုံ-အတင်းအကျပ်-အချိန်ပိုဆင်းခိုင်းမှု-တလနီးပါး-ရှိလာ |
42 | Earth Industrial (Myanmar) Company Limited | အီလက်ထရောနစ် | ရန်ကုန်မြို့၊ တောင်ဒဂုန် စက်မှုဇုန် ၁ ၊ ယောက်ကော်လမ်း | https://www.myanmarlabournews.com/posts/earth-စက်ရုံ-အလုပ်သမားများ-ဒေးကြေးတိုးမြှင့်ပေးရေး-တောင်းဆိုနေ | |
43 | GTIG Easter၊ GTIG Hua Sheng ၊ GTIG HUBO | အထည်ချုပ် | ရန်ကုန်မြို့ ဝါးတရာစက်မှုဇုန် | https://www.myanmarlabournews.com/posts/gtig-အထည်ချုပ်စက်ရုံ-၅-ရုံမှာ-လုပ်ခလစာ-တိုးပေးဖို့တောင်းဆိုမှုကြောင့်-လစာတပြေးညီသတ်မှတ် | |
44 | Joy Time Garment | အထည်ချုပ် | XSide ၊ SOUTHBLUE၊ LC WAIKIKI ၊ mavi | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဗိုလ်တိုက်ချွန်းလမ်း | https://www.myanmarlabournews.com/posts/joy-time-garment-စက်ရုံလုပ်သားများ-တောင်းဆိုမှု-ပြေလည်မှုရ |
45 | Myanmar Postarion | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် ၁ | https://www.myanmarlabournews.com/posts/myanmar-postarion-စက်ရုံမှာ-လုပ်ခတိုးမြှင့်ရေးတောင်းဆို | |
46 | Opal international Co.,Ltd | အထည်ချုပ် | ရန်ကုန်မြို့၊ လှိုင်ယာမြို့နယ်၊ စက်မှုဇုန် ၂၊ | https://www.myanmarlabournews.com/posts/အလုပ်သမားဝင်ငွေကနေ-အခွန်ဖြတ် | |
47 | Rongda | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇု |
https://www.myanmarlabournews.com/posts/rong-da-အထည်ချုပ်-စက်ရုံ-တောင်းဆိုမှု-ညှိနှိုင်းနေဆဲ | |
48 | Tai Hong Garment | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် | https://www.myanmarlabournews.com/posts/tai-hong-garment-အလုပ်ရှင်-အလုပ်သမား-နှစ်ဖက်-သဘောတူညီချက်-ရရှိပြီး-လုပ်ငန်းခွင်-စတင် | |
49 | True Green City | ကော်စေ့ | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်း | https://www.myanmarlabournews.com/posts/true-green-city-စက်ရုံ-အလုပ်သမား-ရုံးတိုင်လို့ဆိုပြီး-အလုပ်ထုတ်ခံရ | |
50 | Wanxinda | အိပ်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုန်ဇုန်၊ ဗိုလ်တိုက်ချွန်းလမ်း | https://www.myanmarlabournews.com/posts/wanxinda-စက်ရုံ-အလုပ်သမားများအား-စူပါအပေါင်းအပါဆိုကာ-အလုပ်ထုတ်-ဖျန်ဖြေရေးရောက်မှ-အရက်သောက်ဟုထွက်ဆို | |
51 | ဂုံမင်းမြောင်ဟွာရှိန် | အထည်ချုပ် | ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် | https://www.myanmarlabournews.com/posts/ဂုံမင်းမြောင်ဟွာရှိန်-အထည်ချုပ်လုပ်သားများ-တောင်းဆိုမှု-ပြေလည်မှုရ | |
WCC ဥပဒေမလိုက်နာခြင်း
WCC ဥပဒေမလိုက်နာဘဲ ဖေါက်ဖျက်တဲ့ စက်ရုံ ၉ ရုံ၊ နားချိန်အပြည့် မရတဲ့ စက်ရုံ ၈ ရုံ၊ ကလေးလုပ်သား ခိုင်းစေတဲ့ စက်ရုံ ၇ ရုံ၊ အထည်စံချိန် အတင်းအကျပ် တောင်းတဲ့ စက်ရုံ ၅ ရုံ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်တဲ့ စက်ရုံ ၅ရုံ၊ ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်တဲ့ စက်ရုံ ၄ ရုံ၊ စစ်ဆေးမှုအား လိမ်လည်ဖြေကြားခိုင်းတဲ့ စက်ရုံ ၄ရုံ၊ ကိုယ်ဝန်ဆောင်လုပ်သားများအပေါ် ချိုးဖောက်တဲ့ စက်ရုံ ၄ ရုံ၊ EC စာချုပ် ဥပဒေအားချိုးဖောက်တဲ့ စက်ရုံက ၃ ရုံ၊ နေစားလုပ်သားများ ချိုးဖောက်ခံရတဲ့ စက်ရုံက ၂ ရုံ၊ တခြားအလုပ်ကို ခိုင်းစေတဲ့ စက်ရုံက ၂ ရုံ၊ သမဂ္ဂအဖွဲ့အား ဖြိုခွဲတာ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရတာနဲ့ လုမှုဖူလုံရေး ဥပဒေကို ချိုးဖောက်တဲ့ စက်ရုံတွေက ၁ ရုံ စီ ရှိတာကိုလည်း တွေ့ရပါတယ်။
ဇွန်လအတွင်း အုပ်ချုပ်သူ ကြီးကြပ်သူတွေက လာဘ်ယူမှုတွေ ပေါ်ထွက်လာပြီး ကိုယ်ဝန်ဆောင် လုပ်သားတွေ အပေါ် ချိုးဖောက်မှုတွေ ဆက်ရှိနေတာလည်း တွေ့ရပါတယ်။
သုံးသပ်ချက်
ဇွန်လသတင်း လေ့လာချက် အရ ချိုးဖောက်မှု အတော်များများက ချုပ်လုပ်ရေးလုပ်ငန်းတွေမှာ ဖြစ်ပေါ်နေပြီး ဥပဒေမှာ ပြဌာန်းထားတဲ့ အလုပ်သမားအခွင့်အရေးတွေ မရကြတာကိုတွေ့ရပါတယ်။ Myanmar Labour News မှာ သတင်းအဖြစ်ဖော်ပြနိုင်ခဲ့တာတွေကလည်း အလုပ်သမားတွေ ထုတ်ဖော်ပြောဆိုမှုတွေကို သာမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပြီး လက်လှမ်းမမီတဲ့ ချိုးဖောက်မှုတွေအများအပြားရှိနေပါသေးတယ်။
Myanmar Labour Society က ဒီလိုလေ့လာမှုတွေ ပြုလုပ်နေတာ ၃ နှစ်ကျော်လာပြီ ဖြစ်ပေမဲ့ စက်ရုံတွေရဲ့ ပြုပြင်ပြောင်းမှုက မရှိသလောက်နည်းပါတယ်။
ဥပဒေမှာပါတဲ့ ထားမြစ်ထားတဲ့ အကြောင်းအရာတွေကိုလည်း အလုပ်သမားတွေရဲ့ သဘောဆန္ဒအရ လုပ်ကိုင်ရပါတယ်ဆိုပြီး စက်ရုံတွေဘက်က အကျိုးအမြတ်ရယူနေတာ အများအပြားတွေရပါတယ်။
ချိုးဖောက်မှု သတင်းတွေ ဖော်ပြထားတဲ့ စက်ရုံ တချို့ကို သက်ဆိုင်ရာအလုပ်သမားရုံးက စစ်ဆေးမှုတွေ ပြုလုပ်ပေမဲ့ ခွင့်ရက် ပေးမပေး၊ ဒေးကြေးဖြတ်၊ မဖြတ် ဆိုတဲ့ အကြောင်းအရာတမျိုးတည်းကိုတောင် ဖော်ထုတ်နိုင်မှု မရှိတာကို တွေ့ရှိရပါကြောင်း တင်ပြလိုက်ပါတယ်။
Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။
Myanmar Labour Society
Research Team