NEWS

အလုပ်သမားဝင်ငွေကနေ အခွန်ဖြတ်

CoverLogo
694 Views
 
လှိုင်သာယာစက်မှုဇုန် ၂ က Opal international Co.,Ltd ကပါ ။ အထည်ချုပ်စက်ရုံပါ ။ ကျမတို့ စက်ရုံမှာ ဝင်ငွေခွန်ဆိုပြီး တစ်နှစ်စာကို သုံးလတည်းနဲ့ ဖြတ်မယ်လို့လည်း ပြောပါတယ်။ တစ်နှစ်ကိုဝင်ငွေ ၄၈ သိန်း ရရင် အခွန်ဆောင်ရမယ်ဆိုပြီး ပြောပါတယ်။
 
အခု စက်ရုံက တနင်္ဂနွေအချိန်ပို ၄ ပတ် ဆင်းရရင် တစ်ပတ်စာပေးရမယ်။ လစာများရင် များသလိုပေးရမယ်ဆိုပြီးပြောပါတယ်။
 
အိမ်ထောင်ရှိ သားသမီးရှိတဲ့ သူတွေကတော့ အခွန်ဆောင်ရသက်သာမယ်လို့လည်း ပြောပါတယ် ။ အဲ့အခွန်ကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်စု စာရင်းမိတ္တူ‌တွေလည်း တောင်းပါတယ်။
 
ညီမတို့ အဓိက ဝင်ငွေ ဒေးကြေးက တရားဝင် ၄၈၀၀ ပဲ ရတာပါ။ ကျန်တဲ့ ဝင်ငွေဆိုတာ ထောက်ပံကြေး သဘောမျိုး ရတာပါ။ ထောက်ပံကြေးဆိုတာ မခိုင်မာတဲ့ဝင်ငွေပါ။
 
တခြားမကြည့်ပါတယ်။ ရက်မှန်ကြေး၊ အထည်ကြေးတွေ နဲ့ တခြားထောက်ပံကြေးတွေ အဖြတ်ခံရလို့ တိုင်တယ်ဆိုရင် အလုပ်သမားရုံးက လူကြီးမင်းတွေက ရက်မှန်ကြေး၊ အထည်ကြေးတွေက ဥပဒေမှ မပါလို့ ရှင်းပေးမရဘူးလို့ ပြောကြပါတယ်။
 
ဒါဆို ဝင်ငွေခွန်ဆိုတာ ရက်မှန်ကြေး၊ အထည်ကြေးတွေ နဲ့ တခြားထောက်ပံကြေးတွေနဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။
စက်ရုံတခုခု ဖြစ်လို့ ဖြစ်ဖြစ်၊ အလုပ်သမားက တခုခုပဲ ဖြစ်ဖြစ် လျှော်ကြေးစဉ်းစားမယ်ဆိုရင် အခု ဝင်ငွေ တနှစ် ၄၈ သိန်းပေါ်က စဉ်းစားမယ်ဆိုရင် ဝင်ငွေခွန်ဆောင်ရတာ ဘာမှ မဖြစ်ပါဘူး။
 
လျှော်ကြေးဆို ၄၈၀၀ နဲ့ ပဲ စဉ်းစားတယ်ဆိုရင် ညီမတို့ အလုပ်သမားတွေ နစ်နာပါတယ်။ လစာတွေကို စက်ရုံက အမြဲတိုးပေးနေတာ မဟုတ်ပါဘူး။ ကုန်ကျစာရိတ်တွေကသာ တမျိုးပြီး တမျိုး ဖြစ်နေတာပါ။ စစ်မှုထမ်းစာရိတ် တလ ၂၀၀၀၀ လောက်ပေးနေရတာ ကုန်ကျစာရိတ်စာရင်းထဲ ထည့်ရမလား၊ လူကြီးမင်းတို့ စဉ်းစားကြည့်ပါ။
 
စက်ရုံဘက်ကလည်း လုပ်လစာ ငွေပေးတာတွေ တဖြည်းဖြည်း နောက်ကျလာတယ်။ အထည်ကြေးဆုကြေးကို ပထမက လစာထုတ်တဲ့နေ့မှာ ပေးပါတယ် ။ နောက်တော့ လစာထုတ်ပြီး ၁၀ ရက်နေ့မှ ပေးတယ်။ အခု ၂၀ ရက်မှာ ပေးမယ်ပြောလာပါတယ်။
 
ထည်ကြေးဆုကြေး ပေးမယ်ဆိုတာလည်း သူတို့ဘာသာသူတို့ ပြောတာပါ။ ညီမတို့ တောင်းဆိုတာ မဟုတ်ပါဘူး။ အထည်ဆုကြေးဆိုတာ စေတနာနဲ့ ပေးတယ် မထင်ပါဘူး။ ဘာလို့ဆို စက်ရုံမှာ အခု ဒေးကြေး ၈၅၀၀ ၊ အိုတီက ၂၁၅၀ ၊ ရက်မှန်ကြေး ၄၀၀၀၀ ပဲ ပေးပါတယ်။
 
တခြား ဘာကြေးမှ မပေးပါဘူး ။
ကျွမ်းကျင်ကြေးကိုတော့ တစ်လ ၅၀၀၀၀ ကို နှစ်ယောက်ခွဲယူပါတယ်။ ဒီကျွမ်းကျင်ကြေးဆိုလည်း သုံးလပဲရတာပါ။
သူတို့ကတော့ ဝင်ငွေခွန်ကို အစိုးရက ကောက်ခိုင်းတာလို့ ပြောပါတယ်။
 
ဒါဆို အစိုးရက အလုပ်သမားရဲ့ ဝင်ငွေ ခိုင်မာအောင် ဘာလို့ လုပ်မပေးတာလဲ ၊ အလုပ်သမားတွေရဲ့ ဝင်ငွေက နည်းနည်းလေးပါ ။
 
ဒါကို အခွန်လိုချင်နေတာလားလို့ မေးချင်ပါတယ်ရှင့်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026